သောကြာနေ့ကဆွေးနွေးချက်လေးဖြစ်ပါတယ်။
ခုဆိုရင် အစိမ်းရောင်လမ်းက ဗားရှင်းအသစ်နဲ့အတူ လုပ်ဆောင်ချက်အသစ်တွေထဲမှာမှ ကိုယ်ရေးအချက်အလက်သို့သွားတဲ့နေရာကလည်း တစ်ခုအပါအဝင်ပါပဲနော်။
ဗားရှင်း (၃.၅.၀) မှာဆိုရင် ကိုယ်ရေးအချက်အလက်ပြင်ဆင်လိုတဲ့အခါ ကိုယ့်ရဲ့ပရိုဖိုင်အောက်က “ကိုယ်ရေးအချက်အလက်သို့” ဆိုတဲ့နေရာရာယ် ပြင်ဆင်ချက်များဆိုပြီး စက်သွားပုံစံကိုနှိပ်ပြီး “ကိုယ်ရေးအချက်အလက်ပြင်ရန်” ဆိုပြီး နှစ်နေရာရှိနေပါပြီ။
“ကိုယ်ရေးအချက်အလက်သို့” ဆိုတဲ့ပရိုဖိုင်အောက်ကနေရာလေးကတော့ ဗားရှင်းအသစ်မှာပါလာတဲ့ အသစ်လေးပေါ့
လွယ်ကူလျင်မြန်စွာ ပြင်ဆင်နိုင်တဲ့ တစ်နေရာအဖြစ်နဲ့ပါ။
ကဲ...အဖြေမှန်သူတွေထဲမှာမှ ကံထူးသူတွေကတော့
Myo Win Kyaw
Thuzin Kyaw Lin
myatthu
ဦးအောင်မျိုး
Zayminn
ဖြိုးဝေဦး
နိုင်လင်းသူ
ကိုမျိုးမင်း
ကိုအေးချမ်းအောင်
Aung Lay တို့ပဲဖြစ်ပါတယ်။
ည ၇ နာရီမှာဆွေးနွေးချက်အသစ်လေးနဲ့အတူပြန်လာခဲ့ပါမယ်။
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်