ကောက်ရိုးမြေဆွေး ပြုလုပ်ပုံအဆင့်ဆင့်

25/06/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောက်ရိုးမြေဆွေးသည် ကောက်ပဲသီးနှံများကို သဘာဝမြေသြဇာအဖြစ် စိုက်ပျိုးမြေတွင် ထည့်သွင်းပေးရန် ရည်ရွယ်၍ ဓာတ်မြေသြဇာများကို ထိရောက်စွာ အစားထိုးနိုင်ရန် ရည်ရွယ်ပါသည်။ ယင်းသည် အပင်များကို ကျန်းမာသန်စွမ်းစေပြီး ရောဂါပိုးမွှားများကို ကျရောက်ခြင်းမှ ရှောင်လွဲစေပါသည်။ မြေဆီသြဇာ၏ ရုပ်ဂုဏ်သတ္တိဖွဲ့စည်းပုံနှင့် မြေဆီမြေသြဇာ တိုးတက်ကောင်းမွန်စေရန်လည်း အထောက်အကူပြုစေပါသည်။ ကောက်ရိုးမြေဆွေး ပြုလုပ်နေစဉ်အတွင်း မြင့်မားသော အပူချိန်ကြောင့် မည်သည့် ပေါင်းပင်၊ မြက်ပင်များ၏ အစေ့အဆံနှင့် ရောဂါပိုးမွှားများ ပါဝင်လာနိုင်ခြင်းမရှိပါ။ ကောက်ရိုးမြေဆွေးကို အသုံးပြုပြီး စိုက်ပျိုးရေးအလေ့အထများ ပြောင်းလဲခြင်းမရှိပါက  လယ်သမားများအနေဖြင့် စပါးအထွက်နှုန်း ၁၅ ရာခိုင်းနှုန်းအထိ တိုးတက်ထွက်ရှိပြီး စိုက်ပျိူးရေးပညာများ ပြောင်းလဲအသုံးပြုပါက အထွက်နှုန်း ၃၀ အထိ ပိုမိုထွက်ရှိစေပါသည်။ 

ကောက်ရိုးမြေဆွေးဆိုသည်မှာ

ကောက်ရိုးမြေဆွေးဆိုသည်မှာ ကောက်ရိုး (အကယ်၍ လယ်သမားများအနေဖြင့် အခြားမတူသော အမျိုးအစားများကို အသုံးပြုလိုပါက ဗေဒါရွက်၊ ငှက်ပျောရွက် စသည်တို့ကို အသုံးပြုပါသည်။) ကို စနစ်တကျ စောင့်ကြည့်ထိန်းချူပ်၍ သဘာသဘာဝပြောင်းလဲစေခြင်း ဖြစ်ပါသည်။ သဘောသဘာဝပြောင်းလဲစေရာတွင် ပူပြင်းစိုထိုင်း၊ လေသလပ်ခံခြင်းဟူသော အဏုဇိဝရုပ်ဓာတ် ပြောင်းလဲခြင်းဖြစ်ပါသည်။ ကောင်းမွန်သော မြေဆွေးဆိုသည်မှာ တသတ်မတ်တည်း ပြောင်းလဲမှုနှင့် အနံ့အသက်မရှိဘဲ အရောင်အားဖြင့် အညိုရောင်ဖြစ်ပါသည်။ လယ်သမားများအနေဖြင့် ကောက်ရိုးမှ သဘာဝမြေသြဇာသို့ မြေဆွေးအဖြစ် ပြောင်းလဲခြင်းအခြေအနေများကို စနစ်တကျ စောင့်ကြည့်ခြင်းအားဖြင့် ကောင်းမွန်သော မြေဆွေးများကို ပြုလုပ်နိုင်ပါသည်။

ကောက်ရိုးမြေဆွေး၏ အာသာချက်များ

- မြစ်ဝကျွန်းပေါ်တွင် ကောက်ရိုးများအား သဘာဝအလျောက် အလွယ်တကူ အလုံးအရင်းနှင့် ရရှိခြင်း။

- အသုံးစရိတ် အချိန်တိုအတွင်း (သို့) ကာလအပိုင်းအခြားတစ်ခုအတွင်း မြေသြဇာများ တိုးတက်ကောင်းမွန်လာစေခြင်း။

- မိုးကြီးစဉ်ကာလတွင် သီးနှံများအတွက် မြေဆီလွှာ ရုပ်၊ ဂုဏ်သတ္တိများ ကာကွယ်ပေးခြင်း။

- အရည်အသွေးကောင်းမွန်သော သဘာဝမြေသြဇာအဖြစ် ထုတ်လုပ်ပေးခြင်း။

- ကုန်ကျစရိတ်သက်သာစွာဖြင့် ထုတ်လုပ်နိုင်ခြင်း။

- ဓာတုဓာတ်မြေသြဇာများ အသုံးပြုမှုကို လျော့ချထိန်းချုပ်နိုင်ခြင်း။

- စားသုံးသူများအတွက် ပိုမို အရည်အသွေးကောင်းမွန်သော လယ်ယာထွက်ကုန်များ ရရှိနိုင်စေခြင်း။

- ပြုလုပ်သုံးစွဲသူ လယ်သမားများ၏ ကျန်းမာရေးကို မထိခိုက်ခြင်း၊ မြေဆီသြဇာ ရုပ်၊ ဂုဏ်သတ္တိကို တိုးတက်စေခြင်း၊

- အပင်၏အမြစ်များကို မြေသားအတွင်း ဖွံ့ဖြိုးတိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူဖြစ်စေခြင်း၊

- ကောက်ပဲသီးနှံများ ရောဂါပိုမွှားဒဏ် ခံနိုင်ရည်ရှိစေခြင်း။

ကောက်ရိုးမြေဆွေး၏ အားနည်းချက်များ

- ကောက်ရိုးမြေဆွေးပုံများ ပြုလုပ်ရာတွင် အချိန်ပေးရခြင်း။

- ရာသီစိုက်ပျိုးချိန်အမီ အဆင်သင့်ဖြစ်စေရန်အတွက် မြေဆွေးပုံများအတွက် အဆောက်အအုံများ ကြိုတင် မျှော်မှန်းပြင်ဆင်ထားရခြင်း။

 - ကောင်းမွန်သော ကောက်ရိုးမြေဆွေး၊ ပြုလုပ်ပုံအဆင့်ဆင့်တို့ကို ကောင်းစွာနားလည်သဘောပေါက်ထားရန် လိုအပ်ခြင်း။

အသုံးပြုနည်း

စိုက်ပျိုးရန်အတွက် လယ်ယာမြေပြင်ဆင်နေစဉ်အတွင်း တစ်ဧကလျှင် ကီလို ၂၀၀၀ မှ ၅၀၀၀ = တစ်ဧကလျှင် အိတ် ၅၀ မှ ၁၂၅ ထိ

ကောက်ရိုးမြေဆွေး ပြုလုပ်ပုံအဆင့်ဆင့်

- ကောက်ရိုးများကို လယ်ကွင်းပြင်များမှ စုဆောင်းပါ။ စက်နှင့်ရိတ်သိမ်းပြီး တစ်ဧက = ၆ ပေ ၄ ပေ ၃ ပေ ရှိသည့် မြေသြဇာပုံအတွက်

- ကောက်ရိုးမြေဆွေး ပြုလုပ်မည့်နေရာအား သတ်မှတ်ပါ။ ( ရေလွမ်းမိုးမှု မရှိသော နေရာဖြစ်ရမည်။)

- ပထမအလွှာကို ကောက်ရိုးများဖြင့် ပြုလုပ်ပါ။

- ကောက်ရိုးများ အလွန်ခြောက်သွေ့နေပါက ရေလောင်းပြီး ဖိသိပ်ပါ။

- အီးအမ်ဖျော်ရည်ကို နှံ့စပ်စွာပက်ဖျန်းပါ။ သို့သော် အလွန်အမင်း မများစေရပါ။

- ထို့နောက် ဒုတိယအလွှာကို ကောက်ရိုး (သို့) ဖြစ်နိုင်လျှင် အခြားအပင်များဖြင့် ပြုလုပ်ပါ။ ဥပမာ  - ဗေဒါပင်

- ၎င်းနည်းအားဖြင့် စုစုပေါင်း ခြောက်လွှာပြုလုပ်ပါ။

- အီးအမ်ဖျော်ရည်နှင့် ရေကို နှံ့စပ်စွာ ထပ်မံပက်ဖျန်းပါ။

- နောက်ဆုံးအဆင့်အနေဖြင့် ကောက်ရိုးမြေဆွေးပုံကို ပလတ်စတစ်ဖြင့် ဖုံးအုပ်ပါ။

- သဘာဝမြေသြဇာပုံကို မကြာခဏ စစ်ပေးပါ။ အကယ်၍ ခြောက်သွေ့နေလျှင် ရေဖျန်းပေးပါ။

- တစ်လခွဲကြာလျှင် သဘာဝမြေသြဇာပုံကို ဘေးဘယ်ညာ အထက်အောက်ပြောင်းပေးပါ။

- ၃ လမှ ၅ လကြာလျှင် အသုံးပြုရန် အဆင်သင့်ဖြစ်နေပြပြီ။

ကောက်ရိုးမြေဆွေး  တစ်ဧက = သဘာဝမြေသြဇာ တစ်တန်ခွဲ

Source _ Delta Technical Sheet

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်