‌နွေစပါးသီးထပ်ရင် အထွက်ကောင်းမွန်မှု ရေရှည်တည်တံ့ရေး

11/12/2020 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    နွေရာသီတွင် အထွက်ကောင်းစပါးမျိုးအသီးသီးသည် ဒေသရေမြေအလိုက် ဖြစ်ထွန်းမှု ကွဲပြားခြားနားသည်။ စျေးကွက်ကောင်းမှု၊ အထွက်စွမ်းရည်အမြင့်ဆုံးပေးနိုင်မှုနှင့် ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိမှုတို့သည်လည်း စပါးမျိုးတစ်မျိုးနှင့်တစ်မျိုး တူညီခြင်းမရှိပါ။ တောင်သူလယ်သမားများ၏ ကြိုက်နှစ်သက်မှုတို့သည်လည်း အလားတူပင် ဖြစ်ပါသည်။

    နွေရာသီတွင် မြန်မာနိုင်ငံအနှံ့အပြား၌ စပါးမျိုးပေါင်း ၅၀ ကျော်ကို စိုက်ပျိုးလျက်ရှိ သည်။ အများစုမှာ သက်လျင်အထွက်ကောင်းစပါးမျိုးများဖြစ်သည်။ နွေစပါးစိုက်ပျိုးမှု စတင်ကတည်းက စဉ်ဆက်မပြတ်စိုက်ပျိုးလာတာကတော့ သီးထပ်ရင်နှင့် ရွှေသွယ်ရင် စပါးမျိုးတို့ ဖြစ်ပါသည်။ 

    သီးထပ်ရင်နှင့် ရွှေသွယ်ရင်စပါးမျိုးတို့သည် သက်လျင်အထွက်ကောင်းစပါးမျိုးများ ဖြစ်ပြီး စပါးနှစ်မျိုးစလုံးသည် တင်းရာကျော်စပါးအထွက်ကို ပေးစွမ်းနိုင်သည့် စပါးမျိုးများ ဖြစ်သည်။ နွေရာသီတွင် ယေဘုယျအားဖြင့် သီးထပ်ရင်စပါးမျိုးသည် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး၌ ဖြစ်ထွန်းသည်။ ရွှေသွယ်ရင် စပါးမျိုးမှာမူ မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ဖြစ်ထွန်းကြောင်း တွေ့မြင်ရပါသည်။

သီးထပ်ရင်စပါးမျိုး

    သီးထပ်ရင်စပါးမျိုးနှင့်ပတ်သက်၍ သုတပေးရေးသားလိုပါသည်။ ဤစပါးမျိုးကို မိုးစပါးရိတ်သိမ်းအပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် သီးထပ်စပါးအဖြစ်စိုက်ပျိုးသည်။ ယခုအခါ သက်လျင်အထွက်ကောင်း စပါးမျိုးသစ်များကို စိုက်ပျိုးလာပြီဖြစ်သော်လည်း သီးထပ်ရင်နွေစပါးသည် တင်းရာကျော် အထွက်ကောင်းနေဆဲဖြစ်သဖြင့် တောင်သူလယ်သမားများ လက်မလွတ်တမ်း နှစ်စဥ်ဆက်လက်စိုက်ပျိုးနေကြောင်း သိရပါသည်။

    သီးထပ်ရင်စပါးမျိုးကို သီးထပ်စပါးအဖြစ် စိုက်ပျိုးရန်သင့်တော်သည့် စပါးမျိုးတစ်မျိုး အနေဖြင့် သုတေသနပြုပြီး ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေဖြန့်ဖြူးခဲ့ခြင်းဖြစ်သည်။ ဤစပါးမျိုးသည် အသက်ရက်သား ၁၁၀ ဖြင့် ရိတ်သိမ်းနိုင်ပြီး အပင်အမြင့်မှာ သုံးပေခန့်ရှိသည်။ အနှံပါပင်ပွား ၁၃ ပင်ပွားနိုင်၍ တစ်နှံပါသီးလုံး ၁၁၀ ခန့်သီးသည့် စပါးမျိုးဖြစ်သည်။ ဤစပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ကာ ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ကို အထိုက်လျောက်ခံနိုင်ကြောင်း သိရပါသည်။

    ဧရာဝတီတိုင်းဒေသကြီး၌ သီးထပ်နွေစပါးအဖြစ် သီးထပ်ရင်ကိုစိုက်ပျိုးရာတွင် သွင်းရေရရှိမှု အခြေအနေအမျိုးမျိုး၌ စိုက်ပျိုးလျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး၌ မြစ်၊ ချောင်းအသွယ်သွယ် ဖြန့်ကျက်လျက်ရှိရာ သဘာဝဝင်ရေ၊ မြစ်ရေတင်၊ ချောင်းပိတ် မြောင်းပိတ် စသည့်နည်းလမ်းများကို အသုံးပြုသည်။ ထိုမျှမက ဆည်ရေ၊ ရေစုပ်စက်ဖြင့် စုပ်တင်ရေတို့ဖြင့်လည်း နွေစပါးကို အောင်မြင်စွာစိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။

မျိုးကောင်းမျိုးသန့်ကိုအသုံးပြု

    တစ်ဧကအထွက်နှုန်းကောင်းမွန်မှု ရေရှည်တည်တံ့ရေးအတွက် မျိုးကောင်းမျိုးသန့်ကို အသုံးပြုရေးသည် အရေးပါသော အချက်တစ်ချက်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ဟုဆိုရာတွင် မျိုးကောင်းခြင်းနှင့် မျိုးသန့်ခြင်းဟူသည့် အချင်းအရာနှစ်ရပ်လုံး၏ အင်္ဂါနှစ်ရပ်စလုံးနှင့် ပြည့်စုံဖို့လိုအပ်ပါသည်။

    မြန်မာနိုင်ငံ၌ နွေစပါးစိုက်ပျိုးရာတွင် ရေမြေဒေသအမျိုးမျိုး ကွဲပြားခြားနားသည်ဖြစ်ရာသီးထပ်ရင်သည် ဧရာဝတီတိုင်းဒေသကြီး၏ ရေမြေဒေသရာသီဥတုနှင့် အများစုအားဖြင့်ကိုက်ညီသဖြင့် မျိုးကောင်းဟု သတ်မှတ်နိုင်ပါသည်။

    သီးထပ်ရင်သည် ဒေသအတွင်း ရောင်းဝယ်ဖောက်ကားရန် စျေးကွက်ဝင်သော ဆန်အရည်အသွေးရှိခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ ပိုးမွှားရောဂါနှင့် ပေါင်းမြက်ဒဏ်ကို ခံနိုင်ခြင်း စသည့်အရည်အချင်းကောင်းများ ရှိကြောင်း သိရသည်။

    မိုးစပါးအပြီး နွေစပါးအဖြစ်စိုက်ပျိုးကာ မုတ်သုန်မိုးမလာမီ ရိတ်သိမ်းနိုင်ရန် သင့်တော်သော သက်တမ်းရက်ရှိခြင်း၊ အပင်ယိုင်လဲလွယ်ခြင်းမရှိသောကြောင့် လေလွင့် ဆုံးရှုံးမှုမရှိခြင်း စသည့် မျိုးကောင်းအင်္ဂါရပ်များနှင့် ကိုက်ညီ၍သောကြောင့် လယ်သမားများ လက်မလွတ်တမ်း စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။

    အထွက်ကောင်းသည့် သီးထပ်ရင်၏စွမ်းရည်ကို ထိန်းသိမ်းရန် မျိုးကောင်းကို စိုက်ပျိုးရုံံ ဖြင့် ပြည့်စုံခြင်းမရှိသေးချေ။ မျိုးသန့်မျိုးစေ့ကို အသုံးပြုစိုက်ပျိုးရန် လိုအပ်ပါသည်။

    မျိုးသန့်မျိုးစေ့ဆိုသည်မှာ တခြားစပါးမျိုးများမပါဝင်သော သီးထပ်ရင်မျိုးချည့်သာပါသော မျိုးဖြစ်ရမည်။ အစေ့အရွယ်အစားညီညာသော စပါးစေ့များဖြစ်ရမည်။ ပေါင်းမြက်စေ့များ ကင်းစင်ရမည်။ ဖုန်၊ သဲ၊ ခဲ၊ အမှိုက်သရိုက် စသည့် မလိုလားသော အခြားပစ္စည်းများ ရောနှောပါဝင်ခြင်း မရှိစေရပေ။ ထို့ပြင် စပါးစေ့များ၌ ပိုးမွှား၊ ရောဂါ ဖြစ်ကြောင်းများ ကပ်ငြိပါလာခြင်း မရှိစေရပါ။

    မျိုးကောင်းမျိုးသန့်မျိုးစေ့ရရှိရေးအတွက် စပါးမျိုးသန့်ထုတ်လုပ်သည့် ဌာနပိုင် မျိုးသန့် ခြံများ၊ ဌာန၏အကျိုးဆောင်တောင်သူများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ အဖွဲ့အစည်းများထံမှ သီးထပ်ရင်စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)ကို ရယူစိုက်ပျိုးရန်ဖြစ်ပါသည်။ 

    မျိုးကောင်းမျိုးသန့်မျိုးစေ့များကို အသုံးပြုခြင်းသည် စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အခြေခံကျသော အချက်တစ်ချက်ဖြစ်သည်။ တစ်ဧက စပါးအထွက်နှုန်းကောင်းမွန်မှု တည်ငြိမ်ရေး၊ စီးပွားရေးတွက်ချေကိုက်၍ လယ်သမား တစ်ဦးချင်း ဝင်ငွေတိုးတက်ရေးတို့အတွက် မျိုးကောင်းမျိုးသန့်၏ အရေးပါသောအခန်းကဏ္ဍကို မြှင့်တင်ကြရန်လိုပါသည်။

    မျိုးကောင်းမျိုးသန့်ကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် တစ်ဧကလျှင် စပါးအထွက် ၅ မှ ရာခိုင်နှုန်း ၂၀ အထိ ပိုမိုရရှိစေမည်ဖြစ်သည်။ သို့ဖြစ်၍ သီးထပ်ရင်မျိုးကောင်းမျိုးသန့် မျိုးစေ့များကို နှစ်စဥ်နွေရာသီတိုင်း ရရှိအသုံးပြုစိုက်ပျိုးခြင်းဖြင့် ဧရာ၀တီတိုင်းဒေသကြီးသာမက သီးထပ်ရင်စပါးမျိုးကိုစိုက်ပျိုးသော ဒေသအားလုံး စပါးအထွက်တိုးပြီး တစ်ဧကစပါးအထွက်ကောင်းမွန်မှု ရေရှည်တည်တံ့စေမည် ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်