ခံတွင်းမြိန်စေမဲ့ မန်ကျည်းချဉ်သိပ်နည်း

15/09/2021 16:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အချဉ်ဖောက်ထားတဲ့အစားအစာတွေက လူသားတို့ကိုအကျိုးပြုတဲ့ ပရိုဘိုင်အိုတစ်ဘက်တီးရီးယားများ ကြွယ်ဝစွာပါဝင်တဲ့အတွက် အူလမ်းကြောင်းနဲ့အစာခြေစနစ်ကိုကောင်းမွန်စေပြီး ခုခံအားကိုတိုးစေပါတယ်။ ဒါ့အပြင် အချိုစားချင်စိတ်ကိုတားဆီးပေးပြီး ဆန့်ကျင်အာဟာရဓာတ်ကိုပါလျှော့ချပေးတဲ့အတွက် လူကြီးလူငယ်မရွေး စားသုံးပေးသင့်ပါတယ်။ ဒီနေ့မှာတော့ကုန်ကျစရိတ်ချွေတာရာလည်းရောက်ပြီး အိမ်မှာဘဲအလွယ်တကူပြုလုပ်နိုင်တဲ့အပြင် ခံတွင်းမြိန်စေမဲ့ မန်ကျည်းချဉ်သိပ်နည်းလေးကိုရေးသားလိုက်ရပါတယ်။

လိုအပ်သောပစ္စည်းများ

မန်ကျည်းရွက်-၁၀သား

ဆား-၁ကျပ်သား

သန့်ရှင်းသောပုလင်းအလွတ်တစ်လုံး

ပထမဦးစွာ မန်ကျည်းရွက် ၁၀သားကို ရေစင်အောင်ဆေးပြီးဇလုံထဲသို့ထည့်ကာ ဆား ၁ကျပ်သားခန့်နဲ့အတူ ဖိနယ်ရပါမယ်။ ပြီးလျှင် ပုလင်းထဲသို့သိပ်ထည့်ပြီး နေပူချိန်တိုက်ရိုက်မထိဘဲ နေရှိန်ရတဲ့နေရာလေးမှာထားပေးရပါတယ်။ တစ်ပတ်ခန့်ကြာလျှင် မန်ကျည်းရွက်လေးများညှိုးကျသွားပြီး စားလို့ရတဲ့အနေအထားရရှိပါပြီ။ မန်ကျည်းချည်ကိုခပ်ယူစားသုံးမယ်ဆိုလျှင် ခြောက်သွေ့တဲ့ဇွန်းသန့်သန့်နဲ့ခပ်ယူပြီး အဖုံးလုံအောင်ပြန်ပိတ်ထားဖို့အရေးကြီးပါတယ်။

အချဉ်သိပ်ခြင်းအောင်မြင်သွားတဲ့ မန်ကျည်းချဉ်ကို ကြက်သွန်နီပါးပါးလှီးပြီး မြေပဲဆီများများထည့်ကာ ဟင်းချိုမှုန့်နဲ့သုပ်စားနိုင်သလိုငရုတ်သီးစိမ်း၊ ငရုတ်သီးအကြတ်မှုန့်၊ မြေပဲဆန်ထောင်း၊ ပဲအကြတ်မှုန့်၊ ပုဇွန်ခြောက်မှုန့်စတာတွေနဲ့လည်း နှစ်သက်သလိုထည့်သုပ်စားနိုင်ပါတယ်။ ပုဇွန်ခြောက်မှုန့်၊ ပုဇွန်စိမ်း၊ ငါးပိတို့နဲ့ မန်ကျည်းငပိကြော်လုပ်စားရင် ခံတွင်းမြိန်ရုံသာမက ကြက်၊ ဝက်၊ ဆိတ်၊ ငါးတို့နဲ့ချက်စားရင်လည်း အရသာကောင်းမွန်နိုင်ပါတယ်။

မန်ကျည်းချဉ်ပုလင်းကို အေး၍ခြောက်သွေ့သောနေရာ(ရေခဲသေတ္တာ)ထဲတွင် ထည့်သိမ်းထားနိုင်ပါတယ်။ အိမ်မှာဘဲအလွယ်တကူအချဉ်သိပ်နိုင်တဲ့အတွက် ဈေးဖိုးလည်းသက်သာပြီး ကျန်းမာရေးအတွက်ပါအထူးသင့်တော် ခံတွင်းမြိန်စေမဲ့ မန်ကျည်းချဉ်လေးသုပ်/ချက်စားရင်း ထမင်းမြိန်ကြပါစေရှင်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်