ကင်ဆာဖြစ်စေနိုင်တဲ့ အစားအသောက် (၁၀)မျိုး

21/10/2019 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အစားအသောက်သရဲလေးတွေပဲဖြစ်ဖြစ်၊ နေရင်းထိုင်းရင်း စားမိတာဖြစ်ဖြစ် ရောဂါတွေက ဝင်လာနိုင်ပါတယ်နော်။ ခုက ကင်ဆာဆိုတာကလည်း ခေတ်ထနေတာပဲ။ ကင်ဆာပေါင်း သောင်းခြောက်ထောင်ကြား ဘာတွေစားကြမလဲဆိုတာ အောက်မှာကြည့်။ စားကြဖို့တော့မဟုတ်ပါဘူး ရှောင်ကြဖို့ဖြစ်ပါတယ်။ 

(၁) မိုက်ခရိုဝေ့မီးဖိုနဲ့ လုပ်ထားတဲ့ ပေါက်ပေါက်

    ရုပ်ရှင်လေးကြည့်မယ်ဆို ပေါက်ပေါက်လေးကပါလိုက်မှဆိုတဲ့ မောင်မင်းလူကလေးတွေက ကင်ဆာဖြစ်နိုင်ချေတွေ ဖြစ်နိုင်ပါတယ်နော်။ အဲ့လိုပြောလို့ ပေါက်ပေါက်ဆုပ်တိုင်းတော့မဟုတ်ပါဘူး။ ပေါက်ပေါက်ဆုပ်မဖြစ်ခင်လေးမှာ အဲ့ပေါက်ပေါက်ကို မိုက်ခရိုဝေ့ထဲ ထည့်ပြီး အလူမီနီယမ်လေးနဲ့ ပိတ်၊ အပူပေးတဲ့အချိန်မှာထွက်တဲ့ ဓာတုပစ္စည်းတွေက အဓိက ကင်ဆာဖြစ်စေနိုင်တာပါ။ အဲ့ဓာတ်တွေက ပွလာတဲ့ပေါက်ပေါက်ဆုပ်ထဲကို ဝင်သွားတယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ အစားအစာဖြစ်နေပါပြီနော်။ အဲ့တော့ ကိုယ့်ဘာသာ ဒယ်အိုးသုံးကြပါ။ ထုပ်ပိုးပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ထွက်တဲ့ ဓာတုပစ္စည်းတွေရှိနေလို့ ပိတ်သိမ်းခဲ့တာ (၁၀)နှစ်ကျော်လောက်ရှိနေပါပြီ။ ဒါပေမဲ့ လက်ကျန်တွေကတော့ ရှိနေသေးတာပဲ။ အဲ့လက်ကျန်တွေကနေပြီးတော့ ကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ 

(၂) စည်သွပ်ထားတဲ့ အစားအစာတွေ

   ငါးသေတ္တာပဲ မဟုတ်ဘူးနော်။ စည်သွပ် ပဲတွေ၊ အသီးတွေ အကုန်လုံးပါပါတယ်။ အကုန်လုံး ဘေးကင်းလုံခြုံစိတ်ချရတယ်ဆိုတာ မဟုတ်ပါဘူး။  သူကနေ ရင်သားနဲ့ ပရောစတိတ်ကင်ဆာတွေကို ဖြစ်တတ်ပါတယ်။ 

(၃) မွေးမြူရေးငါးတွေ

   ငါးစားရင် ကောင်းတယ်ဆိုတာ လူတိုင်းအသိ၊ အဲ...ဒါပေမဲ့ ငါးစားလို့ ကင်ဆာဖြစ်ရမယ်ဆိုရင်ရော.. ငါတိုင်းတော့မဟုတ်ပါဘူး။ မွေးမြူရေးငါးတွေကိုစားမိရင်တော့ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးမြူရေးငါးတွေကို လူလုပ်တဲ့ အစားအစာတွေ ဓာတုပစ္စည်းတွေသုံးပြီးတော့ မွေးကြတာကြောင့်ဖြစ်ပါတယ်။  မွေးအစာတွေထဲမှာပါတဲ့ ကာစီနိုဂျင်ကို ငါးကစား၊ အဲ့ငါးကို လူတွေကစားပြီးတော့ ကင်ဆာတွေဖြစ်။ ဈေးသွားရင် မွေးမြူရေးငါးလား မြစ်ငါးလားဆိုတာကို သေချာလေးရွေးပေးပါ။ 

(၄) အာလူးကြော်

   ဝမ်းနည်းစရာပါပဲ။ ခုဏက ပေါက်ပေါက်ဆုပ်ပါတယ်။ ခု အာလူးကြော်။ အရသာရှိသလို အန္တရာယ်လည်းရှိတဲ့ အစားအစာဖြစ်ပါတယ်။ အာလူးမှာတွေ့ရတဲ့ ကာစီနိုဂျင်အမျိုးအစား - Acrylamide ကြောင့်ပဲဖြစ်ပါတယ်။ အပူပေးပြီးကြော်လိုက်တဲ့အခါ အဲ့ဓာတ်တွေ အများကြီးထွက်လာပြီးတော့ ကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ အရမ်းကြိုက်တယ်ဆိုရင်တော့ ဝမ်းသာစရာတစ်ချက်က ကိုယ့်ဘာသာလုပ်စားပါ။ အပူချိန်အေးအေးနဲ့ ကျက်အောင်ကြော်ရင် နည်းနည်းတော့ အချိန်ပေးရမယ်။ ဒါပေမဲ့လို့ ကင်ဆာဖြစ်ဖို့တော့ နည်းနည်း အခွင့်အရေးနည်းတာပေါ့။

(၅) ဆိုဒါ

   မကြိုက်ဘူးဆိုရင်တော့ ကံကောင်းတာပေါ့။ ဆိုဒါထဲမှာ ကယ်လိုရီတွေအများကြီးပါလို့ ကျန်းမာရေးကို ထိစေပါတယ်။ အဝလွန်တာ စဖြစ်လာမှာပါ။ အဲ့ကနေမှ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမှာပါ။ ဆိုဒါထဲမှာ လူလုပ် အချို့ပစ္စည်းတွေနဲ့ တစ်ခြား ဓာတုပစ္စည်းတွေ အများကြီးပါတာကြောင့် အဲ့ကနေ တစ်ဖြည်းဖြည်း အဆီတွေစုပြီးတော့ လူက ဝလာမယ်။ ပြီးတော့ ကင်ဆာရောဂါတွေဖြစ်လာမယ်။ ဒါကြောင့် လျော့သောက်လေ ကျန်းမာရေးအတွက် ကောင်းလေဖြစ်မှာပါ။ 

(၆) ပြင်ထားတဲ့ သကြားတွေ

   မစားမဖြစ်စားကြတဲ့ မရှိမဖြစ်လိုမျိုး သုံးနေကြတဲ့ ပစ္စည်းပါပဲ။ အဲ့တော့ သကြားဆိုရင် ဖြူဖြူလေးတွေကြိုက်တယ်။ စားပွဲတင်သကြားလေးမှ ဆိုတဲ့သူတွေကတော့ သတိထားပါ။ အဲ့လို သကြားတွေပဲ သုံးနေကြတာဆိုတော့ စားမိတာများရင် အဝလွန်တာကနေ စပြီးတော့ ရောဂါတွေဝင်လာမှာပါ။ ဘာတွေ ဖြစ်တတ်တာလဲဆိုရင်တော့ ရင်သားပိုင်း၊ ပရောစတိတ် နဲ့  အူမကြီး (colorectum) မှာ ကင်ဆာအကြိတ်တွေ ဖြစ်တတ်ပါတယ်။ 

(၇) ဆေးသကြားတွေ အချိုပစ္စည်းတွေ။

   လူလုပ်ထားတဲ့ အတုအယောင် အချိုခဲ အချိုမှုန့်တွေကလည်း ကင်ဆာကိုဖြစ်စေနိုင်တဲ့ အစားအသောက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ စမ်းသပ်ချက်တွေထဲမှာ ကြွက်တွေကိုသုံးပြီးတော့လုပ်ထားတဲ့ အဖြေကနေ ရတာဖြစ်ပါတယ်။ သုံးမိနေတယ်ဆိုရင်၊ သုံးဖို့ တွေးနေတယ်ဆိုရင် မြန်မြန်သာလျှော့ချဖို့သာ နည်းလမ်းတွေရှာကြပါတော့။

(၈) ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့်ထားတဲ့ ဆီတွေ

   အဲ့ဒါကတော့ ဆီမှာ ဟိုက်ဒရိုဂျင်ကို ပေါင်းထည့်ထားတဲ့ဆီတွေ ဖြစ်ပါတယ်။ အဲ့ဆီတွေက ဘယ်လိုဆီဖြစ်နေနေ အဆီကို ပုံပြောင်းထားတဲ့ ပုံစံပဲဖြစ်ပါတယ်။ အဲ့လို ဆီတွေကို စားသုံးလိုက်မိရင် စားသုံးတာကြာနေရင်တော့ ခန္ဓာကိုယ်ခုခံအားကို အားနည်းသွားစေနိုင်ပါတယ်။ ပြီးတော့ နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေနဲ့ ကင်ဆာတွေကိုဖြစ်စေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကနေထုတ်ထားတဲ့ ဆီတွေကလည်း အကောင်းဆုံးရွေးချယ်စရာ ပစ္စည်းတွေတော့ မဟုတ်ပါဘူး ။ အရသာ အရောင်လှဖို့အတွက် သုံးထားတဲ့ ဓာတုပစ္စည်းတွေရှိနေလို့ပါ။ သံလွင်ဆီကတော့ ချွင်းချက်ပါပဲ။ 

(၉) ပြင်ထားတဲ့ အသားတွေ

   လမ်းမှာ မှန်ကန် မီးဖိုလေးတွေနဲ့ ရောင်းနေတဲ့ ဟော့ဒေါ့တွေ၊ အသားပြားတွေ အဲ့ဒါတွေ  ကို မုန့်အဖြစ်စားတာ များနေတယ်ဆိုရင်တော့ မစားသင့်တော့ဘူးဆိုတာကို နှလုံးသွင်းပါ။ ဘာလို့လဲဆိုတော့ အသားတွေကို ကြာရှည်ခံအောင် ထိန်းသိမ်းရတဲ့ ဆေးတွေက ဓာတုဆေးတွေမို့ပါ။ အဲ့လို ထည့်လိုက်တာကြောင့်လည်း ကာစီနိုဂျင်ဓာတ်တွေ ထွက်လာပြီးတော့ ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။ 

   သုတေသန လုပ်ငန်းတွေကနေ ပြုပြင်ပြောင်းလဲထားတဲ့ အသား (၅၀) ဂရမ်စားတိုင်းမှာ အတွင်းပိုင်း ကလီစာနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ဖို့ ၁.၁၈ ဆ ပိုများလာပါတယ်။  အဲ့လို ဆိုရင်တော့ စားသင့်မစားသင့်ဆိုတာကို ဆုံးဖြတ်ကြည့်ကြပါတော့။ 

(၁၀) အကင်တွေ…..

   သံချောင်းမီးဖိုလေးမှာ တင်ထားတဲ့ အနီရောင်အသားလေးတွေက အရသာရှိသလောက်  ကာစီနိုဂျင်တွေကလည်း များပါတယ်။ ဒါကြောင့် အမဲသား၊ ဝက်သားတွေကို အဲ့လိုနည်းအတိုင်း စားမယ်ဆိုရင်တော့ အတွင်းပိုင်းကလီစာတွေမှာ ကင်ဆာရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ ဝမ်းတော့မနည်းပါနဲဦး။ တစ်ရက်မှာ (၁၀၀)ဂရမ်ကနေ (၂၀၀)ဂရမ်လောက်ထိ တစ်ပတ် (၃)ကြိမ်လောက်တော့ စားလို့ရပါတယ်တဲ့။ ရပါတယ်လို့ပဲ သနားလို့ ခွင့်ပြုထားတဲ့သဘောပါ။ 

   အစာလည်းဆေး ဆေးလည်းအစာလိုပဲ စားပါ။ ဘေးဖြစ်အောင်တော့ မစားကြဖို့ တိုက်တွန်းရင်းနဲ့ ကျန်းမာရေးတွေ ကောင်းစေဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

ထွန်းဝင်းကျော် 

https://cookings.life/10-foods-that-can-cause-cancer-you-need-to-know/


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်