လုပ်ငန်းရှင်ကြီးဖြစ်ဖို့ (၇)

26/10/2020 11:45 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     အရင်တစ်ခေါက်က ဖြန့်ဝေရာလမ်းကြောင်းကို ဘယ်လိုဖော်ဆောင်ရမလဲ ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားသင့်တယ်ဆိုတာကို ဆွေးနွေးခဲ့ပြီးပြီဆိုတော့ အခုတစ်ခေါက်မှာ လမ်းကြောင်းတစ်ခုကို ရွေးပြီးတော့ ဖြန့်ဝေကြည့်ကြမယ်။ 

     ခု အစိမ်းရောင်လမ်းမှာ ဈေးတန်းကြီးရှိနေပြီ။ ကိုယ့်ဘာသာ လိုင်းပေါ်မှာတင်ပြီးရောင်းချင်လည်းရတယ် ဆိုတော့ကာ အဲ့ဒါတွေက အင်တာနက်ကို အသုံးပြုပြီးတော့ ကိုယ့်ပစ္စည်းတွေကို ဖြန့်ဝေလိုက်တာပါပဲ။ ဆိုတော့ အင်တာနက်ဆိုတဲ့ ဖြန့်ဝေရာလမ်းကြောင်းကို သုံးပြီးတော့ တောင်သူဦးကြီးတွေက ကုန်ပစ္စည်းတွေ ဖြန့်ဝေကြည့်ကြရအောင်။ 

     အင်တာနက်ဟာဆိုရင် ကိုယ့်ကုန်အမှတ်တံဆိပ်ကို ပုံလေးတွေနဲ့ ကြော်ငြာလေးတွေလုပ်ပြီး ကြော်ငြာနိုင်တဲ့အတွက်ကြောင့် ဝယ်သူတွေကို ဖိတ်ခေါ်နိုင်ပါတယ်။ ဒါ့အပြင်ကို ကိုယ့်ဆီက ထုတ်ကုန်အကြောင်းကို အသေးစိတ်ရေးပေးလို့ရတယ်။ လက်ကျန်ရှိသေးလား မရှိတော့ဘူးလားဆိုတာကိုလည်း ပြလို့ရတယ်။ ပြီးတော့ ကိုယ်လုပ်ချင်တဲ့ ပရိုမိုးရှင်းတို့ ဒစ်စကောင့်တို့လည်း လုပ်လို့ရတယ် စတဲ့ အာသာချက်တွေလည်းရှိနေတယ်။ ဆိုတော့ အောက်မှာ အချက်အလက်တွေနဲ့ ကောင်းတာ မကောင်းတာတွေကို လေ့လာသုံးသပ်ကြည့်ရအောင်။ 

     အင်တာနက်ကို ဖြန့်ဝေရာလမ်းကြောင်းတစ်ခုအဖြစ် သုံးဖို့အတွက် ဘာတွေကောင်းကျိုးရှိနေသလဲ?

    • ကိုယ့်ရဲ့ စိုက်ခင်းစိုက်ကွက်အကြောင်းကို အစအဆုံးသိအောင်ပြောပြနိုင်တယ်။ ဘယ်လိုထုတ်ကုန်တွေထွက်ပြီး ဘယ်နေရာမှာ ရှိတာလဲဆိုတာကိုပါ သေသေချာချာဖော်ပြထားလို့ရပါတယ်။ 

    • တင်ထားပြီးရင် ဝင်ဖတ်လို့ရနေတာကြောင့်မို့ တစ်ယောက်လာတစ်ခါရှင်းပြစရာမလိုတာကြောင့် အချိန်ကုန်သက်သာပါတယ်။ စုံစုံစိစိတော့ ရေးထားဖို့ လိုတာပေါ့လေ။ 

    • ပြီးတော့ အင်တာနက်ဖိုး ကုန်ပါတယ်။ ကြော်ငြာခတို့ ဘာတို့တော့ ရှိသေးတယ်။ ဒါပေမဲ့ သူတို့က ဆိုင်ခန်းငှားခလောက်တော့ မကုန်ပါဘူး။ အမြတ်များရင် ငွေနည်းနည်းထပ်ထည့်ပြီးတော့ ကိုယ်ပိုင် website ထောင်ပြီးတော့ ရောင်းလို့ရနိုင်ပါသေးတယ်။ 

    • ကိုယ်ပိုင်မလုပ်ချင်ဘူးဆိုရင်တောင် တစ်ခြားသူများရဲ့ Website တွေမှာ ကြော်ငြာထည့်လိုက်လို့ရပါတယ်၊ အဲ့လိုဆိုလည်း ကုန်ကျစရိတ်က သက်သာပါတယ်။ 

   • ကုန်ကျစရိတ်လည်း တတ်နိုင်တယ်ဆိုရင် ဖုန်းထဲမှာထည့်တဲ့ ဖုန်း အပလီကေးရှင်းလေး ပါ လုပ်ပြီးတော့ ဖုန်းထဲကနေ အလွယ်တကူဝယ်လို့ရအောင် လုပ်ပေးနိုင်ပါသေးတယ်။ 

ကိုယ့်ဘာသာရော ဘာတွေပြန်မေးရမလဲ?

    • ဖုန်းတို့ ကွန်ပျူတာတို့ ဘယ်လောက်အထိ သုံးနိုင်သလဲ။

    • အင်တာနက်ကို ဘယ်လောက်ထိ အချိန်ပေးနိုင်သလဲ သုံးနိုင်သလဲ ဆိုတာကို မေးကြည့်ရပါမယ်။ 

    • ပြီးတော့ ကိုယ်ဈေးကွက်က ဘယ်လောက်အထိ ပေါက်နိုင်သလဲ ဆိုတာကို ပါ တွက်ချက်ကြည့်ရပါမယ်။ 

     မြန်မာနိုင်ငံအတွက်ပေါ့နော်။ ကိုယ့်နိုင်ငံအတွင်းမှာ ဝယ်လို့ရအောင်ဆိုပြီးတော့ အင်တာနက် ကို အသုံးပြုပြီးတော့ ရောင်းနေတဲ့ Website လေးတွေရှိပါတယ်။ 

     တောင်သူဦးကြီးတွေအတွက် ဈေးတန်းကြီး ရှိနေတဲ့ အစိမ်းရောင်လမ်းရဲ့ Website ဆိုရင် https://greenwaymyanmar.com

     ပြီးတော့ ကုန်ပစ္စည်းတွေ တော်တော်များများကို ဝယ်လို့ရနေတဲ့ -    https://www.shop.com.mm/ ရယ်၊ https://www.rgo47.com ရယ် ဆိုတာရှိပါတယ်။  သူတို့ကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ လုပ်ငန်းတွေပေါ့။ ရှာချင်ရင် အစိမ်းရောင်လမ်းထဲမှာ https://greenwaymyanmar.com/posts/knowledge_and_uses_of_google  ဆိုတာလေးကို ဖတ်ကြည့်ပြီးတော့ လုပ်လို့ရပါတယ်။ 

     အင်တာနက်ကို ဖြန့်ဝေရာလမ်းကြောင်းအဖြစ် သုံးပြီးတော့ အောင်မြင်သွားတယ်။ ချမ်းသာသွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိသလို ကျဆုံးသွားကြရတဲ့ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားကြရမှာပေါ့။ 

     အောင်မြင်သွားတဲ့ သူတွေထဲမှာ နာမည်ကြီး တဲ့ ပုဂ္ဂိုလ် ကတော့ တရုတ်ပြည့်က ဂျက်မား  (Jack Ma) ပါ။ သူက ၁၉၉၉ ခုနှစ်မှာ သူ့သူငယ်ချင်း (၁၇)ယောက်ပါတဲ့ အဖွဲ့နဲ့ စပြီးတော့ Website - https://www.alibaba.com/ ကို ထောင်လိုက်တယ်။ အဲ့တုန်းကဆို အင်တာနက်က မြန်မာနိုင်ငံ ရောက်တောင် ရောက်လောက်သေးဘူး။ အရမ်းကြီးလည်း သုံးနေကြတဲ့အထဲမှာ မပါကြဘူး။ အခက်အခဲတွေလည်းရှိတဲ့အပြင်ကိုမှ မအောင်မြင်ဘူးပဲ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ သူအောင်မြင်ခဲ့ပါတယ်။ အောင်မြင်ပြီးတော့ ခုဆိုရင် နိုင်ငံတကာနဲ့ လက်တွဲပြီးတော့ လုပ်နေပါပြီ။ ဂျက်မားက သူ အသက် (၃၀) မှ ကွန်ပျူတာကို စကိုင်တတ်တာပါ။ ကောလိပ်စာမေးပွဲလည် (၃)ကြိမ်ကျဖူးပါတယ်။ အလုပ်တွေကလည်း သူ့ကို လက်မခံကြပါဘူး။ ဒါပေမဲ့ ခုချိန်မှာ သူဟာ အင်တာနက်ကို ဖြန့်ဝေရာလမ်းကြောင်းအဖြစ် သုံးပြီးတော့ သူ့website ကနေ တစ်ဆင့် နိုင်ငံပေါင်း (၂၄၀)ကျော်ကို ကုန်ပစ္စည်းတွေရောင်းချနိုင်နေပါပြီ။ အောင်မြင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်နေပြီ။ သူ့အကြောင်းကို သိချင်ရင်တော့ GOOGLE မှာ ရှာကြည့်လို့ရပါတယ်။ 

     ဆိုတော့ကာ Distribution Channel ဆိုတာကလည်း လုပ်ငန်းနဲ့ကိုက်ညီသွားတယ်ဆိုရင် အောင်မြင်သွားကြတာပဲ။ သူ့လို အောင်မြင်တဲ့သူတွေရှိသလိုပဲ ရှုံးသွားကြတဲ့သူတွေလည်းရှိပါတယ်။ ကိုယ်တွေတောင်သူဦးကြီးတွေထဲကလည်း ပထမဆုံး အင်တာနက်လုပ်ငန်းရှင်ကြီး ပေါ်ပေါက်လာနိုင်ပါတယ်။ 

     အားမလျော့နဲ့ ရောက်လုပြီ ကြိုးစားတက်ပါမည်....... တက်ကြပါ အထက်ကို တက်ကြပါ။ အောက်ကလူတွေကိုလည်း ဆွဲခေါ်ကြပါ။ 

Reference

https://en.wikipedia.org/wiki/Alibaba_Group

https://proxsoftwaresolution.com/aki-aeammhumete-swnlupnhtweakea

http://www.smartfarmerproject.eu/SmartFarmerPlatform/unit.php?unit_id=7

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်