မုန်လာဥပိုးတီ လုပ်စားရအောင်
မုန်လာဥတွင် အဖြူနှင့် အနီနှစ်မျိုးရှိရာ အနီကို ခါကြက်ဥ သို့မဟုတ် ဥနီ ဟုမျိုးစုံခေါ်တတ်ကြပါသည်။ မြန်မာနိုင်ငံတွင် မုန်လာဥအဖြူကို ဟင်းချက်၍လည်းကောင်း၊ ပြုတ်တို့၍လည်းကောင်း၊ ချဥ်ဖတ်စိမ်၍လည်းကောင်း စားကြသကဲ့သို့ ဥနီကိုမူ ဟင်းချိုများ အစိမ်းကြော်များတွင်လည်းကောင်း၊ သီးသန့်ကြော်၍လည်းကောင်း၊ သုတ်၍လည်းကောင်း၊ ကိုးရီးယားဂင်မ်ချီများတွင်ထည့်၍လည်းကောင်း စားကြပါသည်။
သို့သော် မုန်လာဥအဖြူကို ပိုးတီလုပ်စားသည့်နည်းကိုမူ သိသူနည်းပါးပါသည်။ ပိုးတီဆိုသည်မှာ မိမိပြုလုပ်လိုသည့် ဟင်းသီးဟင်းရွက်ကို ရှာလကာရည်ဖြင့်အချဥ်စိမ်ကာ စားသုံးခြင်းဖြစ်ပါသည်။ မုန်လာဥပိုးတီပြုလုပ်ရန်အတွက်
၁။ မုန်လာဥအဖြူတစ်စီး
၂။ ရှာလကာရည် (ယောက်ချိုဇွန်း ၃ဇွန်း)
၃။ ဆား (ထမင်းစားဇွန်းတစ်ဝက်)
၄။ မြေပဲဆီ (ထမင်းစားဇွန်း၄ဇွန်း)
၅။ နှမ်းအနည်းငယ်
၆။ ကြက်သွန်နီဆီချက်အနည်းငယ်
၇။ ပုစွန်ခြောက်မှုန့်အနည်းငယ်
၈။ ဟင်းချိုမှုန်အနည်းငယ်တို့လိုအပ်ပါသည်။
ပထမဦးစွာ မုန်လာဥများအား ရေဆေးသန့်စင်ကာ ပိုးတီပုံစံရအောင် လှီးရပါမည်။ ပိုးတီပုံစံဆိုသည်မှာ မုန်လာဥအား ပထမဦးစွာ တစ်ဖက်မှအတည့်လှီးကာ နောက်တစ်ဖက်မှ စောင်း၍ မပြတ်အောင်လှီးလျှင်ရပါသည်။ ပိုးတီပုံစံသည် အလှဆင်ခြင်းသာဖြစ်၍ အကယ်၍မရပါက နှစ်ဖက်ကို ဆက်တိုက်အတွဲလိုက်လှီးချလည်းရပါသည်။ 
ထို့နောက် မုန်လာဥများအား ဆားရေတွင် တစ်နာရီခန့်စိမ်ပြီးနောက် အရည်များကိုသွန်၍ ရေစစ်ထားရပါမည်။ ဆားရေစိမ်ရခြင်းသည် မုန်လာဥများတွင် ပါဝင်သော စပ်သည့်ဂုဏ်သတ္တိလျော့နည်းသွားရန်ဖြစ်ပါသည်။ ထိုဆားရေစစ်ထားပြီးနောက် ရှာလကာရည်ထည့်ကာ လက်ဖြင့် ဆုပ်နယ်ပေးရပါမည်။ ရှာလကာရည်ကို တစ်နာရီခန့်စိမ်ပြီးသောအခါ မုန်လာဥများသည် ကြွပ်လာပြီဖြစ်ပါသည်။ ထိုအချိန်တွင် မြေပဲဆီ၊ ပုစွန်ခြောက်မှုန့်၊ ဟင်းချိုမှုန့် ၊ ကြက်သွန်နီဆီချက်အဖတ်များထည့်ကာ ဖွဖွလေးဖြစ်အောင်နယ်၍ နောက်ဆုံးတွင် နှမ်းကိုအပေါ်ယံမှ ဖြူးပေးရပါမည်။ 
အရသာရှိကာ ကြွပ်ရွသော မုန်လာဥပိုးတီကို ချက်ချင်းပင် ထမင်းဖြူနှင့် ငရုတ်သီးခြောက်ကြော်ရောကာ တွဲဖက်သုံးဆောင်နိုင်ပါသည်။ ထမင်းမြိန်စေသော ချဥ်ချဥ်ကြွပ်ကြွပ်မုန်လာဥပိုးတီကို ကိုယ်တိုင်လုပ်စားနိုင်ရုံမက တနိုင်တပိုင်လည်း ရောင်းချနိုင်ပါသည်။
မုန်လာဥအဖြူတွင် ဗိုက်တာမင်အီး၊ ဗိုက်တာမင်အေ၊ ဗိုက်တာမင်စီတို့အပြင် ပိုတက်စီယမ်၊ အိုင်းရင်း၊ ဇင့်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ မန်းဂနိစ်၊ ဖိုင်ဘာတိို့ပါဝင်ပါသည်။ ထို့ကြောင့် မုန်လာဥအဖြူစားခြင်းသည် ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးခြင်း၊ နှလုံးကြွက်သားများကိုအားကောင်းစေခြင်း၊ အစာချေဖျက်မှုကို လှုံ့ဆော်ပေးခြင်း၊ ကင်ဆာကို တွန်းလှန်စေခြင်း၊ ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊ သွေးဖိအားကိုထိန်းပေးခြင်း၊ အရေပြားရောဂါများကိုသက်သာစေခြင်း စသောကျန်းမာရေးအထောက်အကူပြုခြင်းများကြောင့် မုန်လာဥပိုးတီလုပ်စား၍လည်း အစာလည်းဆေး ဆေးလည်းအစာအဖြစ် ဖန်တီးကြစေလိုကြောင်းရေးသားအပ်ပါသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 0 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from စုမြတ်မြတ်မိုး
အားလုံး