ဖရဲသီး ဝိုင်ပြုလုပ်ခြင်း

08/04/2019 14:55 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပျင်းနေကြပြီလား…
ဒီတစ်ခေါက်က ဖရဲသီး ဝိုင်ပြုလုပ်နည်းအကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။
ဖရဲသီးဝိုင် ကတော့ ဖရဲသီးကို အချဉ်ဖောက်ပြီးတော့ ပြုလုပ်ထားတဲ့ ချိုတဲ့ ဝိုင်လေးပဲဖြစ်ပါတယ်။ ဖရဲသီးရာသီလည်းရှိတုန်းလေး ပြီးတော့ အချိန်ကလည်း နွေဦးလေးမှာဆိုတော့ လုပ်ပြီးတော့ သောက်ကြနိုင်ဖို့အတွက် ကို တင်ဆက်ပေးလိုက်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
(၁) မှည့်နေတဲ့ ဖရဲသီး ကြီးကြီးတစ်လုံး
(၂) သကြား (၅၀၀)ဂရမ်
(၃) Acid Blend လက်ဖက်ရည်ဇွန်းတစ်ဇွန်း
(၄)  တဆေးအာဟာရ (ဆိုင်တွေမှာ မေးဝယ်လိုက်လို့ရပါတယ်နော်) လက်ဖက်ရည်ဇွန်းတစ်ဇွန်း
(၅) ရှန်ပိန်လုပ်တဲ့ တဆေး တစ်ထုပ်
ဖရဲသီး ကောင်းကောင်းလေးရွေးပါ။ဖရဲသီး ဆိုရင် လုံးဝိုင်းနေပြီးတော့ အလေးချိန်ကလည်းလေးနေရမယ်။ အဲ့ဒါက တကယ်ကို ဖရဲရေတွေနဲ့ပြည့်နေပြီးတော့ မှည့်နေတာပါ။
အဆင့် (၁) ပြီးတော့ ဖရဲသီးကိုရေသေချာလေးဆေး၊ ပြီးတော့ ထိပ်ပိုင်းနဲ့ အောက်ပိုင်းတွေကို နည်းနည်းများများလေးလှီးထုတ်လိုက်ပြီးတော့ အခွံခွာ ဒါမှမဟုတ်ရင် စိပ်ပိုင်းပြီးတော့ တစ်လက်မဝန်းကျင်အတုံးသေးသေးလေးတွေလုပ်ထားရမှာပါ။ မချိုတဲ့ ထိပ်ပိုင်းအသားလေးကို ဖယ်ပြီးတော့ အိုးထဲကိုထည့်ပြီး ချက်ရမှာပါ။ လုံးဝအရည်တွေဖြစ်သွားအောင်လို့ နာရီဝက်လောက်ကြာအောင် ချက်ပေးရမှာပါ။ ပြီးတော့ အဲ့ကနေ ရေ (၃)ပုလင်းခွဲလောက်ရအောင် အရည်ချည်းပဲ စစ်ယူထားရမှာပါ။


အဆင့် (၂) သကြားထည့်ပြီး ထပ်ဆူအောင်တည်ပေးပါ။ ဆူရင် ပြန်အအေးခံထားပေးပါ။


အဆင့်(၃) အရည် က ပုံမှန်အအေးကိုပြန်ရောက်ပြီဆိုရင်တော့ အက်ဆစ် နဲ့ တဆေးအာဟာရ ကို ထည့်ပြီးတော့ သေချာလေး မွှေပေးပါ။ စက္ကန့် (၃၀)လောက်တော့ အချိန်ယူရပါမယ်နော်။
အဆင့်(၄) ခုနကရောထားတဲ့ အိုးထဲကနေ ကိုယ်အချဉ်ဖောက်မဲ့ ပုလင်းထဲကိုပြောင်းထည့်ပြီးတော့ အပေါ်ကနေ အဝတ် ပိတ်ပါးလေးနဲ့ အုပ်ထားပေးရမှာပဲဖြစ်ပါတယ်။ အချဉ်ဖောက်မဲ့ အိုးကတော့သန့်နေဖို့လိုတယ်နော်။ ရေနွေးနဲ့ ဆေးထားမယ်ဆိုရင် စိတ်ချရမှာဖြစ်ပါတယ်။ ပိုသေချာချင်ရင်တော့ ဆေးမဲ့ရေတစ်ဂါလန်ကို အစွန်းချွတ်ဆေး တစ်ဇွန်းလောက်ထည့်ပေးပြီး စိမ်ထားလိုက်ပါ။
အဆင့်(၅) တစ်ရက် (၂၄)နာရီကြာတဲ့အခါကျတော့ ရှန်ပိန် တဆေး ကိုထည့်ပေးရပါမယ်။ မျက်နှာပြင်တစ်ခုလုံးဖုံးအုပ်အောင်ထည့်ပေးပြိးတေ့ာ ဒီတစ်ခါတော့ အဖုံးကို အလုံ အလုံ ပိတ်ထားပေးပြိး တစ်ည ထားလိုက်ရမှာဖြစ်ပါတယ်။
အဆင့်(၆) ဝိုင်ကိုစုပ်ယူခြင်း။ တစ်ရက်လောက်ထားလိုက်တော့ အနယ်တွေကျပြီး ငြိမ်နေရော။ အဲ့အချိန်ကျရင် ပိုက်သေးသေးလေးကိုထည့် အောက်ဖက်နဲ့ တစ်လက်မအကွာလောက်ထားပြိး စုပ်ယူပြီး နောက်ထပ်အချဉ်ဖောက်မဲ့ ပုလင်းထဲကိုပြောင်းထည့်။ အကုန်ပြောင်းပြိးရင် ပုလင်းဟောင်းထဲမှာအနယ်တွေချည်းပဲကျန်ခဲ့မှာဖြစ်ပါတယ်။ ပုလင်းအသစ်ကလေးကို လေလုံအောင်ပိတ်၊ ပြီးတော့ (၂)လကြာအောင်ထား။
အဆင့်(၇) (၃)လကြာချိန်မှာ ထပ်ပြီးတော့ အရည်လေးတွေစုပ် ပုလင်းအသစ်ထဲကိုပြောင်း။ နောက် (၂)လကြာတော့လည်း အဲ့လိုလေးထပ်လုပ်။ ဆိုတော့ စုစုပေါင်း (၆)လမှာ ပုလင်းထဲက အရည်လေးတွေက ဝိုင်လိုလေး ကြည်လာမှာပါ။
အဆင့်(၈) အရည်ကလည်းကြည်နေပြီ ဝိုင်လိုဖြစ်နေပြီ။ ပြီးတော့ လေဘောလုံးတွေ အမြုပ်တွေလည်း မထတော့ဘူးဆိုရင်တော့ ပိုက်လေးသုံးပြိး နောက်ထပ်ပုလင်းအသစ်လေးထဲကိုပြောင်း၊ ပြီးတော့ သူများဝိုင်ပုလင်းလေးတွေလို သစ်သားအဆို့လေးနဲ့ ပိတ်။ ခုတော့ ဈေးထဲမှာ အဖုံးပါပြီးသား ပုလင်းလှလှလေးတွေဝယ်လို့ရနေပါပြီ။ အဲ့ဒါဆိုရင်တော့ မလိုတော့ပါဘူး။ မဟုတ်ရင်တော့ အောက်မှာ ဆက်ကြည့်ပေးပါ။
အဆင့်(၉) အပိတ်ပိတ်ခြင်း။ သစ်သားအဆို့လေးတွေနဲ့ ပိတ်မယ်ဆိုရင်တော့ ရေနွေးမှာ မိနစ်(၂၀)ကြာအောင် ပိုးသတ်ပေးပြီးတော့အဖုံးပိတ်ကိရိယာကိုသုံးပြီးတော့ သေချာအောင်ပိတ်ပေးရမှာဖြစ်ပါတာ်။ သစ်သားအဆို့ရဲ့ အရှည်ကအနည်းဆုံး ၁လက်မခွဲလောက်တော့ရှိသင့်ပါတယ်။


အဆင့်(၁၀) သိမ်းပြီးတော့ သောက်ပါ။ ကျွန်တော့်ကိုလည်းလာတိုက်ကြပါ။ အနံ့လေး အရသာလေး ပိုကောင်းချင်တယ်ဆိုရင် အေးပြီးမှောင်တဲ့နေရာမှာ အချိန်လေးပေးပြီး (၆)လဖြစ်ဖြစ် တစ်နှစ်ဖြစ်ဖြစ်လှောင်ထားပေးလိုက်ပါ။ နှစ်ကြာလေ ကောင်းလေလားလို့လေ။
ကဲဗျာ ဖရဲသီးလေးလည်းရှိတုန်း ဝိုင်လေးလုပ်စို့လား…………….
Source - https://www.wikihow.com/Make-Watermelon-Wine

ထွန်းဝင်းကျော်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်