မြူဆိုင်းနိုင်သည့်အခြေအနေအသိပေးချက်

24/01/2025 14:28 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဇန်နဝါရီ ၂၆ ရက် နံနက်အစောပိုင်း(၄ နာရီမှ ၇ နာရီ)အချိန်အတွင်း ဧရာဝတီတိုင်းတောင်ပိုင်းဒေသများ၊ ရန်ကုန်မြစ်၊ ပဲခူးမြစ်တလျှောက်နှင့် ရန်ကုန်/ပဲခူးတောင်ပိုင်းခရိုင်ဒေသများ၊ မွန်ပြည်နယ် သံလွင်မြစ်အောက်ပိုင်းတလျှောက်တို့တွင် မြေမျက်နှာပြင်အထက် မီတာ ၂၀၀၀(ပေ ၆၅၀၀)အတွင်း တိမ်အနိမ့်များဖြစ်ပေါ်နိုင်ပြီး မြူဆိုင်းသည့်အခြေအနေ(Foggy Weather)ဖြစ်ပေါ်နိုင်ပါတယ်။

နံနက်အစောပိုင်းမြူဆိုင်းခြင်းသည် ပုံမှန်အားဖြင့် ဇန်နဝါရီလ လကုန်ပိုင်း၊ ဖေဖော်ဝါရီလနှင့် မတ်လဆန်းကာလများအတွင်း စတင်ဖြစ်ပေါ်တတ်ကာ နိမ့်ဆင်းလာသည့်တိမ်များနှင့် မြူခိုးများကြောင့် အမြင်တာ(Visibility)ကျဆင်းပြီး နံနက်အစောပိုင်းအချိန်များတွင် လေကြောင်းနှင့်ရေကြောင်းခရီးများအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်တာကြောင့် နံနက်အစောပိုင်း ၄ နာရီခန့် မှ စတင်၍ ၇ နာရီ ကျော်သည်အထိ သတိပြုသွားလာကြရန် အသိပေးတင်ပြလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်