မုန်တိုင်းငယ် 92B သည် အမည်ရ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ရောက်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန ထုတ်ပြန်

23/10/2023 09:45 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် တွေ့ရသည့် မိုးလေဝသ ဒေတာများအရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်သည့်အခြေအနေ

လက်ရှိအချိန်မှာ မုန်တိုင်းငယ် DEEP DEPRESSION ဖြစ်နေကြောင်း ကြေညာထားတဲ့ 92B က အောက်တိုဘာလ ၂၄ ရက် မနက်ပိုင်းမှာ ပိုအားကောင်းလာပြီး ရေပြင်ညီလေတိုက်နှုန်း 35 knots(တစ်နာရီ မိုင် ၄၀ ကျော်) ဖြစ်လာနိုင်ကြောင်း ECMWF Model update မှာတွေ့နေရပါပြီ။ 

ဒီလိုလေတိုက်နှုန်းရှိလာရင်တော့ Beaufort Scale 8-9 ဖြစ်လာပြီး အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာဖြစ်တဲ့ မုန်တိုင်းများအတွက် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သတ်မှတ်ရတော့မှာဖြစ်ပါတယ်။ အိန္ဒိယမိုးလေဝသဌာနက ဆိုင်ကလုန်းမုန်တိုင်းအဆင့်သတ်မှတ်ခြင်းအတည်ပြုရင်တော့ အီရန်နိုင်ငံကပေးထားတဲ့ အလှည့်ကျအမည် "HAMOON" ဆိုတာဖြစ်လာပါမယ်။

လက်ရှိအချိန်မှာတော့ JTWC က 92B သည် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ MEDIUM အဆင့်သတ်မှတ်ထားပြီး၊ အိန္ဒိယမိုးလေဝသဌာနကတော့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမယ်လို့ ထုတ်ပြန်ကြေညာထားတာတွေ့ရပါတယ်။ မုန်တိုင်းဦးတည်ရာကိုတော့ နောက်လာမဲ့ ၃ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယ-အနောက်ဘင်္ဂလားပြည်နယ်ကို ဦးတည်ရွေ့လျားနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအပေါ်မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် ဖြစ်လာနိုင်သည့် မိုးလေဝသအခြေအနေများ

မိုးများနိုင်မယ့်အခြေအနေ

နောက်လာမယ့် ၃ ရက်(အောက်တိုဘာလ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲမှ အောက်တိုဘာလ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲအတွင်း) ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသအချို့မှလွဲ၍ ကျန်ပြည်နယ်နဲ့တိုင်းဒေသများအားလုံးမှာ မိုးရွာနိုင်ပါတယ်။ 

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသအချို့မှာ နေရာကွက်ပြီး မိုးများနိုင်ပါမယ်။ ၃ ရက်အတွင်း မိုးရေချိန် ၂၀ မီလီမီတာအထက် ၅၀ မီလီမီတာခန့်အထိ ရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။

လေပြင်းတိုက်ခတ်နိုင်မယ့်အခြေအနေ

နောက် ၃ ရက်မှ ၅ ရက်အတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း (သံတွဲနဲ့ တောင်ကုတ်မြို့များရဲ့ အထက်ဘက်)မှာ တစ်နာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး သံတွဲမြို့အောက်ဘက် ကမ်းရိုးတန်းဒေသတွေနဲ့ ဧရာဝတီတိုင်းမှာတော့ တစ်နာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်သာ ရှိနိုင်ကြောင်းတွေ့ရပါတယ်။

ကမ်းရိုးတန်းဒေသများမှာ လှိုင်းကြီးနိုင်မည့်အခြေအနေ

နောက် ၃ ရက် မှ ၅ ရက်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့် ၉ ပေအထိရှိနိုင်ပြီး၊ မြစ်ဝကျွန်းပေါ်ကမ်းနီးပင်လယ်ပြင်နဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာတော့ လှိုင်းအမြင့် ၂ ပေ မှ ၄ ပေ ခန့်အထိသာ ရှိနိုင်ကြောင်း တွေ့ရပါတယ်။

Photo_ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်