နောက် ၅ -၁၀ ရက်အတွင်း တစ်နိုင်ငံလုံး မိုးဆက်လက်ကောင်းနိုင်

04/10/2023 11:00 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အောက်တိုဘာလ ပထမပတ်(၆ ရက်နေ့ဝန်းကျင်)မှာ အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းက ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း(90B)က ကုန်းတွင်းမှာပဲ ဆက်လက်တည်ရှိနေပါဦးမယ်။ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေဆဲ တိုင်ဖွန်းမုန်တိုင်း KOINU-14W ကတော့ ဟောင်ကောင်အနီးမှ ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်ပြီး အားပျော့ပျက်ပြယ်သွားနိုင်ကာ ဖိလစ်ပိုင်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းအသစ်တစ်ခု ဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်မှတဆင့် ထိုင်းနိုင်ငံပေါ်ကိုဝင်ရောက်လာမဲ့ လေပွေလှိုင်းတခုလဲ ရှိနေပြန်ပါတယ်။

အောက်တိုဘာလ ဒုတိယပတ်အတွင်း(ခန့်မှန်း အောက်တိုဘာလ ၁၂ ရက်နေ့ဝန်းကျင်မှာ) ထိုင်းနိုင်ငံပေါ်ကလေပွေလှိုင်းက ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေပေါ်ကဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ထဲကိုရောက်လာနိုင်ကြောင်း၊ အရှေ့ဖိလစ်ပိုင်ပင်လယ်မှာ အသစ်ဖြစ်လာတဲ့လေဖိအားနည်းရပ်ဝန်းက ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှတဆင့် တောင်တရုတ်ပင်လယ်ထဲကို တိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်လာနိုင်ကြောင်း တွေ့ရပြန်ပါတယ်။

အောက်တိုဘာလ ၁၂ ရက်ဝန်းကျင်မှာ မုန်တိုင်းဖြစ်လာနိုင်ချေတွေကတော့ ဘင်္ဂလားပင်လယ်အော်မှာ ၂၀% နဲ့ ဖိလစ်ပိုင်ပင်လယ်/တောင်တရုတ်ပင်လယ်မှာ ၆၀% ရှိပါတယ်။

မြန်မာနိုင်ငံပေါ်သက်ရောက်နိုင်မှု

ဒီလိုမျိုး တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်လာနိုင်ဖွယ်ရှိတဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းအခြေအနေတွေကြောင့် -

**နောက် လာမယ့် ၅ ရက်အတွက် ကြိုတင်ခန့်မှန်းချက်**

နောက်လာမယ့် ၅ ရက်အတွင်းမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊  ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးရေချိန်ပေါင်း ၄၀ မီလီမီတာအထက်-၁၄၀ မီလီမီတာအထိ ရွာသွန်းကာ မိုးများနိုင်ကြောင်းတွေ့ရပါတယ်။

ကျန်ပြည်နယ်တိုင်းတွေမှာတော့ မိုးရေချိန်ပေါင်း ၁၅ မီလီမီတာမှ ၄၀ မီလီမီတာခန့်အထိသာရွာသွန်းနိုင်ပြီး မိုးနည်းနိုင်ပါမယ်။

**နောက် လာမယ့် ၁၀ ရက်အတွက် ကြိုတင်ခန့်မှန်းချက်**

နောက်လာမယ့် ၅ ရက်မှ ၁၀ ရက်အတွင်းမှာတော့ တစ်နိုင်ငံလုံးမှာ မိုးရေချိန်ပေါင်း ၆၀ မီလီမီတာခန့်နှင့်အထက် ရွာသွန်းနိုင်ပြီး မိုးရွာသွန်းမှုဆက်လက်ကောင်းနေနိုင်ပါကြောင်း ကြိုတင်ခန့်မှန်းတင်ပြလိုက်ပါတယ်။

Photo_ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်