အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လေပွေလှိုင်းဆက်လက်ဖြတ်သန်းမည့် အခြေအနေ update

လေပွေလှိုင်းဆက်လက်ဖြတ်သန်းမည့် အခြေအနေ update

စက်တင်ဘာလ ၂၆ ရက်(မနေ့က) တင်ပေးခဲ့တဲ့ မိုးလေဝသအခြေအနေတွေကို သတိကြီးစွာနဲ့စောင့်ကြည့်ရမယ့် စက်တင်ဘာလကုန်-အောက်တိုဘာလဆန်းပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း တောင်တရုတ်ပင်လယ်မှာ အစပျိုးဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း 13W သည် ကုန်းတွင်း (ဗီယက်နမ်ကမ်းခြေကို ဒါနန်းမြို့အနီးမှ) ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် အနောက်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ရာမှာ နောက်ဆုံးရရှိတဲ့ ခန့်မှန်းချက်တွေအရ ဒီနေ့ညပိုင်းမှာ ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်မြို့နားအထိရောက်လာတာတွေ့ရပါမယ်။

အဲ့ဒီနောက်မှာတော့ 13W အကြွင်းအကျန်တိမ်တိုက်တွေနဲ့ လေပွေလှိုင်းက စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေကိုဖြတ်သန်းပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေပေါ်ကို ရောက်လာပါမယ်။

အဲ့ဒီကမှ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းထဲအထိရောက်ရှိပြီး အနောက်မြောက်ဘက်ကို ဆက်ရွေ့ရင်း မုန်တိုင်းတစ်လုံးနဲ့ ဒုတိယမုန်တိုင်းနောက်တစ်လုံးက အမှန်တကယ်ဆက်ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

ECMWF CYCLONE ACTIVITY - GENESIS CHART မှာတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း-အနောက်မြောက်ပိုင်းနဲ့ အရှေ့ဖိလစ်ပိုင်ပင်လယ်တွေမှာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ခြေက ၁၀၀% ရှိတယ်လို့ ပြနေတုန်းပါပဲ။

နောက် ၃ ရက်မှ ၅ ရက်အတွင်းဖြစ်လာနိုင်မည့် မိုးလေဝသအခြေအနေ

ပင်လယ်ပြင်အခြေအနေများ

မြန်မာ့ကမ်းရိုးတန်းဒေသအားလုံးရဲ့ ကမ်းနီး/ကမ်းဝေးပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးမယ့် အခြေအနေတွေက စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၃ ရက်အထိ ဆက်ရှိနေပါမယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ကျော်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၇ ပေ မှ ၁၀ ပေအထိ ရှိနိုင်ပါတယ်။ 

ကုန်းတွင်းမိုးရွာနိုင်မည့်အခြေအနေများ

လေပွေလှိုင်း(TD-13W)ဖြတ်မဲ့လမ်းကြောင်းတစ်လျောက် နောက်၃ ရက်မှ ၅ ရက်အတွင်းမိုးများနိုင်ပါမယ်၊ လေပြင်းတိုက်ခတ်မှုတော့လျော့နည်းနိုင်ပါတယ်။ လေပွေလှိုင်းမှ ပထမမုန်တိုင်းဖြစ်လာပြီးတဲ့နောက် ဒုတိယမုန်တိုင်းတလုံး ထပ်ဖြစ်နိုင်မယ့် အလားအလာကလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။ 

မိုးများနိုင်/မိုးနည်းနိုင်မည့်ဒေသများ

မိုးအလွန်များ(၂၀၀ မီလီမီတာအထက်)

နောက်လာမယ့် ၂၄ နာရီ(၁ ရက်)မှ ၇၂ နာရီ (၃) ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာ မိုးအလွန်များ(မီလီမီတာ ၂၀၀ ကျော်အထိရွာသွန်းနိုင်)ပါမယ်။

မိုးများ(၁၀၀ မီလီမီတာအထက်)

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းဒေသတွေမှာတော့ နောက် ၃ ရက်မှ ၅ ရက်အတွင်း မိုးရေချိန် ၁၀၀ မီလီမီတာအထက်ရွာသွန်းနိုင်/မိုးများနိုင်ပါမယ်။

မိုးနည်း(၂၅ မီလီမီတာအောက်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာတော့ နောက် ၃ ရက်မှ ၅ ရက်အတွင်း မိုးရေချိန် ၂၅ မီလီမီတာအောက်သာရွာသွန်းနိုင်ပြီး မိုးနည်းနေပါမယ်။

Photo - ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

5
U Han win Aung

U Han win Aung

လွန်ခဲ့သော ၃ နှစ် က

ရမည်းသင်း။ပျော်ဘွယ်ဒေသမိုးလေဝသ‌‌

Visitor

Visitor

လွန်ခဲ့သော ၃ နှစ် က

မန်းလေးတိုင်းပုသိမ်ကြီးမိုးမျာူနိူင်ပါသလား။

A K

A K

လွန်ခဲ့သော ၃ နှစ် က

ပဲခူးတိုင်းသကလဘက်မိုးများနိုင်ပါလားကြည့်ပေးပါအုံး

ဆုမြတ်နိုး

ဆုမြတ်နိုး

လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ များပါမယ်

တင်၀င်းလှိုင်

တင်၀င်းလှိုင်

လွန်ခဲ့သော ၃ နှစ် က

ပဲခူးနောက်၂ရက်မိုးများနိုင်မလား

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။