တောင်တရုတ်ပင်လယ်ပြင်မှ အပူပိုင်းမုန်တိုင်း TS အဆင့် DIANMU မုန်တိုင်းသည် ယနေ့ ဗီယက်နမ်နိုင်ငံကိုဝင်ရောက်မှာဖြစ်ပြီး ၂၅ရက်နေ့မှာ ကဗ္ဘောဒီးယား လာအို နှင့် ထိုင်နိုင်ငံ မိုးကြီးကြမည်ဖြစ်ပြီး ၂၆ရက်နေ့မှာ မုတ္တမပင်လယ်ကွေအတွင်း Upper air circulation အထက်လေဝဲစနစ်အဖြစ် ရောက်ရှိစေမှာဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် မိုးရွာစေနိုင်ကာ ၂၆ရက်နေ့မှ၂၈ရက်နေ့အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေမှာ မိုးကြီးနိုင်သဖြင့် သီးနှံစိုက်ခင်းများမပျက်စီးကြစေရန် ရေဆင်းကောင်းအောင် ရေနုတ်မြောင်းများ စနစ်တကျလုပ်ဆောင်ကြပါလို့ အကြံပြုလိုက်ပါတယ်ရှင့်။ ကြိုတင်သတိပေးထားတာနော်။ မုတ်သုန်လေဆုတ်တာနောက်ကျမယ်။ အလယ်ပိုင်းဒေသတွေပါမိုးရွာနိုင်တယ်။
Source- Su Su San

Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more