တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

18/08/2018 11:10 AM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထိုင်းနိုင်ငံဟာ ကမ္ဘာ့ရော်ဘာအထွက်ဆုံးနိုင်ငံတွေထဲမှာတော့ နံပါတ်တစ်ပါ။ ၂၀၁၆ ခုစာရင်းအရ ကမ္ဘာ့ရော် ဘာအထွက်ရဲ့ ၃၆.၃% နဲ့ မက်ထရစ်တန် ၄.၅ သန်းထွက်နေတယ်ဆိုတော့ ထိုင်းနိုင်ငံရဲ့ ရော်ဘာနဲ့ ပတ်သက်တဲ့ အလှုပ်အထပ်ဟာ ဘယ်လိုနည်းဖြစ်ဖြစ် ကမ္ဘာ့ ရော်ဘာဈေးကွက်ကို ရိုက်ခတ်နိုင်တယ်ဆိုတာ သေချာတယ်။

ဒါကြောင့် ရော်ဘာဈေးကို မြှင့်တင်ရန်ကြိုးစားတဲ့အနေနဲ့ ရော်ဘာစိုက်ပျိုးတာတွေရပ်တန့်ဘို့ သဘာဝရော်ဘာစိုက်ပျိုးသူတွေကို  ထိုင်းအစိုးရက ငွေကြေးအကူအညီပေးနေပါတယ်ဆိုတဲ့ ထိုင်းမှလာတဲ့ သတင်းနဲ့စပါမယ်။ ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးနဲသမဝါယမဝန်ကြီးဌာနက နောက် ၅ နှစ်အတွင်း တစ်နှစ်ကို စိုက်ပျိုးမြေ ဧက ၈၀၀၀၀ လျှော့ချဖို့ကြိုးစားမယ်လို့ ဘန်ကောက်ပို့စ်က ဇူလိုင်လ ၁၈ ရက်နေ့မှာ သတင်းဖော်ပြပါတယ်။ ထိုင်းနိုင်ငံက လက်ရှိမှာ သဘာဝရော်ဘာ ဧက ၇.၂ သန်းမှ ၈ သန်းကြားစိုက်ထားတယ်လေ။ 

သဘာဝရော်ဘာထုတ်လုပ်မှုကိုလည်း မက်ထရစ်တန် ၄၀၀၀၀ မှ ၅၀၀၀၀ အထိ နှစ်စဉ်လျှော့ချပါ့မယ်လို့ ရော်ဘာအာဏာပိုင်အဖွဲ့ Rubber Authority of Thailand က ရိုက်တာသတင်းဌာနကိုပြောထားတယ်။ 

တစ်ခါ စိုက်ပျိုးတာကိုလည်း လျှော့ချဖို့အစီအစဉ်လုပ်နေတယ်။ ဒုဝန်ကြီးချုပ် ဆွန်ခစ် ဇာတုဆရီပီတက် ပြောတာက အစိုးရအနေနဲ့ တောင်သူတွေကို တစ်ရိုင် rai ( ထိုင်းမှာက မြေအကျယ်ဧရိယာကို ကျနော်တို့လို ဧကနဲ့ မပြောကြဘူး။ ရိုင်နဲ့ပြောတယ်။ ၁ ရိုင်ဟာ ဝ.၄ ဧကခန့်ရှိတယ်။) ကို ဒေါ်လာ ၄၈၀ ခန့်ပေးဘို့ ကတိပြုထားပြီးပြီ၊ မိသားတစ်စုကို ၁၀ ရိုင်အထိ၊ ရော်ဘာစိုက်ပျိုးတာကိုလျှော့ချဖို့တဲ့။ (၄ ဧက ကို မြန်မာငွေ သိန်း ၇၀ ကျော်)

သတင်းအရ ဒီအစီအစဉ်ကို ဩဂုတ်လစောစောပိုင်းမှာ စတင်ဖို့လုပ်ထားတယ်။ စပါးနဲ့ အခြားကောက်ပဲသီးနှံတွေစိုက်ဖို့ ပိုသင့်တော်ပြီး၊ ရော်ဘာ ဟီဗီးယားပင်အတွက် သိပ်မသင့်တော်တဲ့ မြေနိမ့်ပိုင်းခြံမြေတွေကို အဓိကအာရုံ စိုက်ပါတယ်လို့ သူကပြောပါတယ်။ ဆိုလိုတာက ဒီလိုမြေတွေမှာ မစိုက်ကြဖို့ပါပဲ။ 

ထိုင်းက ဒီလိုလုပ်တာကို တစ်ခုသော လုပ်ငန်းအရင်းအမြစ်တစ်ခုရဲ့အဆိုက ထိုင်းအသေးစားရော်ဘာတောင်သူအများအပြားဟာ အခြားသီးနှံတွေကို ဦးစားပေးစိုက်ကာ ရော်ဘာခြစ်တဲ့လုပ်ငန်းကို စွန့်ခွာနေကြပြီတဲ့။ ဘာကြောင့်လဲဆိုတော့ သဘာဝရော်ဘာက ရတဲ့လုပ်ခဟာ လူနေမှုစရိတ်ကို မဖြည့်ဆည်းပေးနိုင်လို့ပါတဲ့။ အခြားတစ်ခုကပြောတာက ထိုင်းရဲ့ သဘာဝရော်ဘာထုတ်လုပ်မှုလျှော့ချတဲ့ ကြိုးပမ်းမှုဟာ ၂၀၁၁ က ဟီဗီးယားရော်ဘာတွေ လွန်လွန်ကျူးကျူးစိုက်ခဲ့တာကို တုန့်ပြန်တာပဲတဲ့။ အဲ့တုန်းက ရော်ဘာဈေးက တအားကောင်းခဲ့တော့ တောင်သူတွေက ရော်ဘာကို ဖိစိုက်ကြတယ်လေ။ ကျနော်တို့နိုင်ငံမှာလည်း ဒီအတိုင်းပဲ စိုက်ခဲ့ကြတယ်မဟုတ်လား။

ဒါဟာ နှစ်ပေါင်းများစွာကာလကြာရှည်စွာ ရော်ဘာဈေးကို ကျားကန်ဘို့ကြိုးစားနေတဲ့ ရော်ဘာစိုက်နိုင်ငံတွေထဲမှာတော့ ဒါဟာ နောက်ဆုံး ကြေညာလိုက်တဲ့ အကြံအစည်တစ်ခုပါ။ အစောဆုံးလုပ်ခဲ့တဲ့ ဒီလိုအကြံအစည်ကတော့ အပြည်ပြည်ဆိုင်ရာ သဘာဝရော်ဘာ သဘောတူညီချက် International Natural Rubber Agreement (INRA)။ ၁၉၈၀ ခုနှစ်များကနေစလိုက်တာ ၁၉၉၉ မှာ ပြီးဆုံးသွားပါတယ်။ နောက်တော့ ၂၀၀၁ ကနေ ၂၀၀၃ အထိ၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ INRA နဲ့ ပူးပေါင်းပြီး ရော်ဘာထုတ်လုပ်မှုကို ကန့်သတ်ဘို့ အကြံအစည်ကို ဆောင်ရွက်ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒီအစီအစဉ်ကို မလေးရှားကလဲမျှော်လင့်ထားတယ်လို့ သတင်းတစ်ခုမှာ ဖတ်လိုက်ရတယ်။ သတင်းအရ ရေနံဈေးတက်တာနဲ့ ရင်းဂစ်ဈေးကျတာအပါအဝင် ထိုင်းရဲ့ ဒီအစီအစဉ်ကြောင့် လာမည့်အပတ်မှာ မလေးရှားရဲ့ရော်ဘာဈေးကွက်တွေ ဈေးအမြင့်နဲ့ အရောင်းအဝယ်လုပ်ရဖို့ရှိတယ်လို့ သတင်းကဆိုတာကိုး။ 

ဒါကဒေသတွင်း ဖြစ်စဉ်တစ်ခုပေါ့။ ကမ္ဘာနဲ့ကြည့်မယ်ဆိုရင် စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲက အရှိန်ရတုန်းပဲဆိုတော့။ ကမ္ဘာ့စတော့ရှယ်ယာ ဈေးကွက်ကို ရိုက်ခတ်ရုံမက ငွေကြေးဈေးကွက်ကိုလည်းထိခိုက်နေတာ လူတိုင်းအသိပဲလေ။ ဒီတော့ ရော်ဘာဈေးကွက်လည်း ရှောင်လို့မရပေဘူးပေါ့။ ဒီတော့ ရော်ဘာဈေးကွက်ကြီး ၂ ခုဖြစ်တဲ့ တိုကျိုက TOCOM နဲ့ ရှန်ဟိုင်းက ShFE တို့ဘက်ကို ကြည့်ရအောင်။

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ထင်ဟပ်စေတဲ့ တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ လေးနေတဲ့ ရှန်ဟိုင်း ShFE ဈေးရဲ့ဖိအားနဲ့ အင်္ဂါနေ့ မနက်ပိုင်းမှာနိမ့်နေတယ်။ ဒါက စီးပွားရေးစစ်ပွဲဂယက်ကြောင့်။ တစ်ခါ မိသားစုတွေဆုံပြီး မိဘဘိုးဘွားတွေကို သတိရသောအားဖြင့် သူတို့ရဲ့သင်္ချိုင်းဂူတွေကို ဂါရဝပြု ကန်တော့ကြမည့် ဂျပန်ရဲ့ Obon ပိတ်ရက်ကြောင့် အရောင်းအဝယ်ပါးနေတာလည်း တကြောင်းကြောင့်ပေါ့လို့ ဈေးကွက်ဆန်းစစ်သူတွေကပြောပါတယ်။ 

ဒေါ်လာက ဝ.၀၅% တက်ကာ ၁၁၀.၇၉ ယန်းဖြစ်နေတယ်။ အမေရိကန်ဒေါ်လာက တစ်ကမ္ဘာလုံးတက်နေတော့ ဂျပန်ယန်းကလည်း ကျပါတယ်။ ယန်းအားပျော့(ကျ)တော့ ဂျပန်ငွေကြေးဖြစ်တဲ့ ယန်းနဲ့သတ်မှတ်ထားတဲ့ ကုန်စည်တွေဟာ အခြားငွေကြေးဖြစ်တဲ့ ဒေါ်လာနဲ့ဝယ်တဲ့အခါ ဈေးသက်သာသွားပါတယ်။( ဒီတော့ အဝယ်လိုက်ကာ ဈေးလဲလိုက်တက်လာပါတယ်။) 

တိုကျိုရဲ့ ကုန်စည်ဖလှယ်ရာ TOCOM အိတ်ချိန်းမှာ ဇန်နာဝါရီလကန်ထရိုက်ဈေးဟာ ဝ.၂ ယန်းတက်ကာ ၁၇၁.၉($၁.၅၅)/ကီလိုဂရမ်ဈေးနဲ့ ပိတ်ပါတယ်။ ဒါပေမယ့် ဒီဈေးဟာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ခဲ့တဲ့ ၃ ပတ်အတွင်းအမြင့်ဆုံးဈေးရဲ့ အောက်မှာပဲရှိသေးတယ်။ 

" အရှေ့တောင်အာရှရဲ့ အဓိကရော်ဘာတင်ပို့သူ တိုင်းပြည်တွေကို ပိုလျှံနေတဲ့ ကမ္ဘာ့ရော်ဘာရောင်းလိုအားက ဖိအားများနေဆဲပါ" ဒါက ဂျပန်ကုန်သွယ်သတင်းရင်းမြစ်က အဆိုပါ။ ရောင်းအားများနေတဲ့ ပစ္စည်းတစ်ခုဟာ ဈေးဘယ်လိုမှ သိပ်တက်ဘို့မရှိဘူးလေ။   

ရှန်ဟိုင်းရဲ့ SHFE မှာ အနုတ်အသိမ်းအများဆုံး ရော်ဘာကန်ထရိုက်လ ဇန်နာဝါရီမှာ ၉၅ ယွမ်ကျပြီး ၁၂၃၄၅ ယွမ်($၁၇၉၄)/တန်နဲ့ ဈေးပိတ်တယ်။

ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာတော့ ကျပါတယ်။ ကြာသပတေးနေ့မှာ အကျက ပိုကြမ်းပါတယ်။ TOCOM မှာ ၂.၄ ယန်းကျကာ ၁၆၈.၀ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်သလို၊ ShFE မှာ ၅၁၀ ယွမ်ကျပြီး ၁၁၈၉၀ ယွမ်/တန်ဈေးနဲ့ ပိတ်ပါတယ်။ ဒီနေ့သောကြာနေ့မှာတော့ TOCOM မှာ ကြာသပတေးနေ့ကအပိတ်ဈေးအတိုင်း ၁၆၈.၀ ယန်း/ကီလိုဂရမ်ဈေးနဲ့ အတက်အကျမရှိပဲ ဈေးပိတ်တယ်။ ShFE မှာတော့ ယွမ် ၂၀၀ ကျကာ ၁၁၇၂၅ ယွမ်/တန်နဲ့ ဈေးပိတ်ပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးရဲ့ ရော်ဘာသမားတွေ စံသဖွယ်သဘောထားနေရတဲ့ မမေထားရဲ့ မုဒုံရော်ဘာပေါက်ဈေးကတော့ ဒီတပတ်လုံးမှာ မှိုင်း နံပါတ်(၃) လက်ငင်းဝယ်ဈေးဟာ ၇၈၀ ကျပ်/ပေါင်ခန့်ပါ။ 

ဒီနေရာမှာ မမေထားရဲ့ဈေးက စံလိုဖြစ်နေရခြင်းက ရော်ဘာသမားတွေကိုယ်တိုင် နေ့စဉ်တင်ပေးပါလို့တောင်းဆိုထားလို့ပါလို့ ကြားဖူးပါတယ်။ အကြောင်းက ကိုယ့်နိုင်ငံမှာက ဗဟိုရော်ဘာဈေးကွက်မရှိသေးတော့ နေ့စဉ်ပေါက်ဈေးကို ဖောက်ပေးမယ့်သူမရှိဘူးဖြစ်နေတယ်လေ။ ဒါကြောင့်မို့လို့ပါတဲ့။ 

ညီသွေး

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်