တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

25/02/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

စိတ်ဝင်စားစရာ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့လေးပါရှင့်။

ဒီတစ်ပတ်မေးခွန်းတွေကလည်း အရင်တစ်ပတ်နဲ့မတူ တမူထူးခြားပြီး စိတ်ဝင်းစားဖို့ ကောင်းနေပြန်ပါတော့တယ်။

၁။ မေး ( MZC) - အိမ်နားပတ်ပတ်လည်မှာ ကန္တာရပင်တွေရှိပါတယ်။ ဒီအပင်တွေကြောင့် ဘာစိုက်စိုက် မရှင်တာလို့ ပြောကြတယ်။ တကယ်လည်းအပင်စိုက်ရခက်ပါတယ်ခင်ဗျ။ ကန္တာရပင်ကြောင့်ဟုတ်ပါသလား။

ဖြေ (  ဒို့ဦးလေး) အပင်ကြီးပြီး အရိပ်ကျရောက်လို့ဖြစ်စေ အပင်စိုက်မည့်နေရာအထိ အမြစ်တွေ ယှက်ဖြာနေလျှင်ဖြစ်စေ အပင်စိုက်ခက်မှာ အမှန်ပါ။ ကန္တာရပင်နဲ့ ၈ - ၁၀ ပေ ကွာရင်တော့ ရနိုင်ပါတယ်။ 

ဆရာဖြေထားတဲ့ အဖြေလေးကလည်း ကောင်းသလို မေးခွန်းမေးထားတဲ့ တောင်သူကလည်း မေးခွန်းလေး မေးတတ်တယ်လို့ပဲ ဆိုရမှာပါ။

တစ်ခါတစ်လေမှာ ကျွန်မတို့က ဘာကြောင့်လဲဆိုတာကို သိပ္ပံနည်းကျ မသိဘဲ သူများက ဒီအပင်ကို မစိုက်သင့်ဘူး မစိုက်နဲ့ဆိုတာနဲ့ အသေစိတ်ဆွဲမှတ်ထားလေ့ရှိကြပါတယ်။ တစ်ခါတစ်လေ ယုန်ထင်ကြောင်ထင်နဲ့တောင်ဖြစ်နေသေးပေါ့။ ဒီလိုမေးခွန်းလေးမေးလိုက်မှ အော်....ဒါကြောင့်ကိုးလို့ မှတ်လိုက်ရတဲ့ အဖြေလေးတစ်ခုပါပဲ။

၂။ မေး (Mg Kyaw Zin Min Htet) - ပုံမှန်စိုက်ဘောင်ရဲ့မြေသြဇာထားနှုန်းသိချင်ပါတယ်ဗျ။ 

ဒီမေးခွန်းလေးကလည်း စနစ်တကျ အချိုးကျကျ စိုက်ပျိုးရေးလုပ်မဲ့ ဦးကြီးတို့အတွက် သိထားသင့်တဲ့ အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်။

ဖြေ (ဒို့ဦးလေး) - တစ်ဧကအတွက် နွားချေး ၁၀-၁၂ တန်၊ ယူရီးယား ၂၂၄ ပေါင်၊ ဖော့စဖိတ် ၁၁၂ ပေါင် ပိုတက် ၁၁၂ ပေါင်လိုအပ်ပါတယ်။ တစ်ဘောင်စာအတွက်နှုန်းထားမှာ တစ်ဧက ဘယ်နှစ်ဘောင် ဆွဲမလဲ..အပေါ် တွက်ယူပါ။

၃။ မေး (Sai Nyi) - ယိုးဒယားသံပရာပင် အသီးမတင်ဘူး အပွင့်တော့တအားပွင့်တယ် ဘယ်လိုလုပ် ပေးရမလဲဗျ?

အပင်တွေက အပွင့်တော့ပွင့်တယ်။ အသီးမသီးတော့ ဘယ်လိုလုပ်ရမလဲ သိချင်တဲ့ အမျိုးတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဖြေ (ဒို့ဦးလေး) - ကြက်ဥဂျူလင်စီပြုလုပ်သုံးပါ။

(ဦးသက်လွင်) - မြေအစိုဓာတ်ရရှိအောင် ရေပေးသွင်းပြီး အရည်အသွေးကောင်းမွန်သော ကွန်ပေါင်း မြေဩဇာ ၁၅း၇း၈, ၁၂း၇း၅, ၁၀း၁၀း၅, ၁၅း၁၅း၁၅ တို့အားကျွေးပါ။

၄။ မေး (ဝေဇင်ကျော်) - စပါးနှံမှာမှဲ့စွန်းတေပါတာဘာကြောင့်လဲ ရောဂါလား အာဟာရလား ပိုးလားဗျမသိလို့ဖြေပေးပါဦး။

ဖြေ (ဦးသက်လွင်) - ပိုး ဖြစ်ပါတယ်။ 

(ဒို့ဦးလေး) - စပါးနှံ မှာတုန်းကတည်းက နှံစုပ်ပိုး ကျခဲ့တဲ့ ဒဏ်ရာပါ။

အနှံတွေမှာ ဒဏ်ရာတွေမှာပါလာတာ မြင်ဖူးကြမှာပါ။ ဘာကြောင့်လဲ သိဖို့အတွက် ဒီမေးခွန်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

နောက်ဆုံးမေးခွန်းလေးကတော့ နီမတုတ်ဆိုတာ မြေတွင်းမှာရှိနေတဲ့ မမြင်ရတဲ့ မြေအောင်းပိုးမို့လို့ ခံနိုင်ရည်ရှိတဲ့ မျိုးဆိုတာမျိုးမရှိပါဘူးဆိုတာကို သိရှိဖို့အတွက်ပါ။ ဒါကြောင့်  နီမတုတ်ကနေ ကာကွယ်ဖို့ဆို မျိုးစေ့ကို မျိုးစေ့လူးနယ်ဆေးသုံးပြီးစိုက်သင့်သလို မြေကိုသေချာပြင်ပြီးမှ စိုက်သင့်တာပါဆိုတဲ့အကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ရပါတယ်နော်။

၅။ မေး (ရဲထက်ကျော်) - နီမတုတ်ရောဂါဒဏ် ခံနိုင်ရည်ရှိတဲ့ နွေစပါးမျိူး နဲ့ မိုးစပါးမျိုးတွေရဲ့ အမည်လေးသိပါရစေ၊ ရန်ကုန်တိုင်းကပါ။

ဖြေ (ဦးသက်လွင်) နီမတုတ်ကျတတ်လျှင် မိမိမြေကို ပြင်ပြီးမှစိုက်ပါ။ 

နောက်တစ်ပတ်တွေမှာလည်း စိတ်ဝင်စားစရာ အမေးအဖြေတွေနဲ့အတူပြန်လာခဲ့ပါ့မယ်။

သူများတွေသိချင်နေတာကို မေးမြန်းနေသလိုမျိုး တခြားဦးကြီးတွေလည်း ပို့စ်တင်မေးမြန်းလို့ ရပါကြောင်းနဲ့ ပညာရှင်ဆရာတွေလည်း ဖြေပေးဖို့ အသင့်စောင့်နေကြကြောင်း သတင်းကောင်းလေးပေးလိုက်ပါတယ်ရှင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်