တစ်ပတ်တာ သီးနှံဈေးကွက် နှိုင်းယှဉ်သုံးသပ်ချက်

03/07/2021 15:02 PM တွင် AMIA AMIA မှ ရေးသား

(၂၈.၆.၂၀၂၁ မှ ၂.၇.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

ဆန်၊စပါး

ဆန်စပါးဈေးကွက်ကတော့ လက်ရှိမှာ ပြည်ပရောပြည်တွင်းရောမှာပါ အဝယ်နည်းသွားတဲ့အတွက် ဈေးက နည်းနည်းလေး ပြန်ကျဆင်းသွားတဲ့အခြေအနေရှိပါတယ်။ အရည်အသွေးပေါ်မူတည်ပြီး ဈေးကောင်းရရှိနေတဲ့ အခြေအနေလည်း ဖြစ်နေပါတယ်။ ဆန်လက်ကျန်တွေလည်း လျော့နည်းသွားပြီဖြစ်တဲ့အတွက် ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြားပြောင်းလဲတာမျိုးတော့ မရှိပါဘူး။

မြောင်းမြဧည့်မထစပါး(မိုး) ကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက အဝယ်များလို့ ဆက်တိုက်တက်နေခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်း ၁၀၀ ကို ၅၉၈၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ပေါက်ဈေးရှိကာ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ဒေးဒရဲဧည့်မထစပါး(မိုး)က တင်း ၁၀၀ ကို ၆၄၄၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ်ဈေး ကျဆင်းသွားပြီး ဆန်ကတော့ တစ်အိတ်ကို ၂၇၀၀၀ ကျပ်ရှိကာ ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  ဧည့်မထ( နွေ)စပါးကလည်း တင်း ၁၀၀ ကို ၆၁၆၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဆန်ကလည်း တစ်အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းကာ ၂၃၅၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။

ဖျာပုံဧည့်မထ(မိုး)စပါးလည်း တင်း ၁၀၀ ကို ၆၄၄၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ်ဈေး ကျဆင်းသွားပြီး ဆန်ကတော့  ၁၀၀၀ ကျပ်ဈေးကျဆင်းကာ ၂၇၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၆၁၆၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆန်ကတော့ ၂၃၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။

လပွတ္တာ ပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၅၀၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကလည်းတစ်အိတ်ကို ၃၈၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

လပ္ပတ္တာ ဧည့်မထစပါး(နွေ)ကတော့ တင်း ၁၀၀ ကို ၅၈၀၀၀၀ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၀၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၂၂၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။

ပေါင်းတည်ဈေးကွက်မှာလည်း ရတနာတိုးစပါး(အခြောက်)က တင်း ၁၀၀ ကို ၆၂၀၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အင်းလယ်စပါးကလည်း တင်း ၁၀၀ ကို ၆၅၀၀၀၀ ကနေ ၆၇၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၀၀၀၀ ခန့်ဈေးကျဆင်းသွားပါတယ်။

မတ်ပဲ

မတ်ပဲကတော့ တစ်ပတ်အတွင်း ဈေးအတက်အကျအပြောင်းအလဲကတော့ များပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်လိုက်ရင်တော့ အပြောင်းအလဲ သိပ်မရှိပါဘူး။ ကုန်သည်များအကြား ငွေကြေးလဲလှယ်ခြင်းဆိုင်ရာ ပြဿာနာတွေကြောင့် အရောင်းအဝယ်က အနည်းငယ်တန့်သွားတဲ့အခြေအနေဖြစ်တယ်လို့လည်းကုန်သည်တွေထံကနေသိရပါတယ်။ အိန္ဒိယကတော့ မြန်မာ့မတ်ပဲတွေကို ကာလရှည် ဝယ်ယူမယ်ဆိုတဲ့ အတွက် မတ်ပဲ ဈေးကတော့ လက်တလော အရမ်းကျဆင်းသွားတာမျိုးမရှိနိုင်ဘူးလို့ သုံးသပ်ထားပါတယ်။

ရန်ကုန်ဈေးကွက်မှာမတ်ပဲ(FAQ/RC)  က တစ်တန်ကို ၁၁၀၉၀၀၀ ကျော် ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၄၀၀၀ လောက်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၄၀၀၀ ကနေ ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၄၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၃၅၅၀၀ ကနေ ၃၅၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးကျဆင်းပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၅၈၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

လာမယ့် ၂၀၂၅-၂၀၂၆ အထိ တန်ချိန် ၃ သိန်းခွဲကို ဆက်တိုက်ဝယ်ယူဖို့ မြန်မာနဲ့ အိန္ဒိယကြား နားလည်မှုစာချွန်လွှာကို ပြီးခဲ့တဲ့အပတ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းသွားပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ်ပြန်တက်လာပါတယ်။ အိန္ဒိယက ပဲတွေကို ၅ နှစ်ဆက်တိုက် ဝယ်ယူမယ်ဆိုတဲ့အတွက် ဈေးတွေ အနည်းငယ်ပြန်တက်လာတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲအထွက်နှုန်းပြသာနာကြောင့် ပြည်ပမှ ပဲတင်သွင်းမှုနဲ့ ပတ်သတ်ပြီး ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁၁၀၅၀၀၀  ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၂၀၀၀ ကျော်ဈေးပြန်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ၁၀၁၀၀၀ ကနေ ၁၀၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၃၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ကျပ် ဈေးကျဆင်းပါတယ်။

ပြည်ဈေးကွက်မှာ တစ်တင်းကို ၃၄၈၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၄၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ လတ်တလော ငြိမ်နေပေမယ့် အရည်အသွေးအလိုက် ဈေးအတက်အကျရှိနေပါတယ်။ တရုတ်ဘက်ကတော့ ပုံမှန်ဝယ်ယူမှုတွေရှိနေပေမယ့် ဈေးကတော့ ထင်သလောက် တက်တာမျိုးမရှိပါဘူး။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ) တို့က တစ်ပိဿာကို ၁၉၁၅ ကနေ ၂၁၂၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေခဲ့ပါတယ်။ ပဲတီစိမ်း (ဝါးခယ်မ)က တစ်ပိဿာကို ၁၉၈၅ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၉၅၀၀၀ ကနေ ၁၀၂၀၀၀ ပေါက်ဈေးရှိပါတယ်။

မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး) တစ်တင်းကို ၃၀၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

ငရုတ်

ငရုတ်က ပြီးခဲ့တဲ့အပတ်ကအထိ ဈေးတက်နေပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အရည်အသွေးပိုင်း ညံ့နေပြီးဈေးကွက်ထဲကိုလည်း အဝင်များတဲ့အတွက် ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မိုးထောင်(မြစ်ဝ)က တစ်ပိဿာကို ၃၇၀၀ ကနေ ၃၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မိုးထောင်(ဟင်္သတ)ကလည်း တစ်ပိဿာကို ၄၂၀၀ ကနေ ၄၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ငရုတ်(ပန်းတနော်) ကလည်း တစ်ပိဿာကို ၂၉၀၀ ကနေ ၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျဆင်းသွားပြီး ငရုတ်ပွ(ဆင်ဖြူကျွန်း)ကတော့  တစ်ပိဿာကို ၅၈၀၀ မှ ၆၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ဝတ်ရည်မွန်(AMIA)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်