တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်
(၁၇.၅.၂၀၂၁ မှ ၂၁.၅.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ
ဆန်စပါး
ဒီတစ်ပတ်မှာတော့ ဧရာဝတီတိုင်းမှာ ဆန်ရော စပါးရော ဈေးတက်လာပါတယ်။ နွေစပါးရော မိုးစပါးရော လက်ကျန်လျော့နည်းနေတဲ့အပြင် တင်ပို့မှုပုံမှန်ပြန်ဖြစ်သွားတဲ့အတွက် အဝယ်လိုက်ပြီး ဈေးတက်လာတာဖြစ်ပါတယ်။
ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၈၆၇၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ ကျပ်၊ ဆန်ကတော့ တစ်အိတ်ကို ၃၈၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပုသိမ်ဧည့်မထ(မိုး) ကတော့ တင်း ၁၀၀ကို ၆၄၄၀၀၀ နဲ့ ဈေးငြိမ်နေပြီး ဆန်ကလည်း တစ်အိတ်ကို ၂၇၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထ(နွေ)စပါး ကတော့ တင်း ၁၀၀ ကို ၅၂၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပေမယ့် ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၃၂၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၃၉၀၀၀ ကျပ်ရှိပြီး ၂၀၀၀ကျပ်ဈေးတက်လာပါတယ်။
မြောင်းမြဧည့်မထ(မိုး)စပါး ကတော့ တင်း ၁၀၀ ကို ၆၇၂၀၀၀ ပေါက်ဈေးရှိပြီး ဆန်က တစ်အိတ်ကို ၂၉၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ မြောင်းမြဧည့်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၅၆၁၀၀၀ ပေါက်ဈေးရှိပြီး ၃၇၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၂၂၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၈၁၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၃၇၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဒေးဒရဲဧည့်မထ(မိုး)စပါးက တင်း ၁၀၀ ကို ၆၁၆၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၇၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ဒေးဒရဲဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ကို ၂၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့တစ်အိတ်ကို ၂၂၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ကို ၇၈၇၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၃၇၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဖျာပုံဧည့်မထ(မိုး)စပါး ကတော့ တင်း ၁၀၀ ကို ၆၁၆၀၀၀ ပေါက်ဈေး ရှိပြီး ၁၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့တစ်အိတ်ကို ၂၇၀၀၀ ကျပ်ရှိပါတယ်။ ဖျာပုံဧည်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၈၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၂၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲက ပြီးခဲ့တဲ့ အပတ်က ဈေးတက်လာပေမယ့် တစ်ပတ်အတွင်းမှာ ဈေးပြန်ကျဆင်းသွားပါတယ်။အိန္ဒိယဝယ်ယူမှု မူဝါဒပြောင်းလဲလိုက်သော်လည်း ပြည်တွင်း ဈေးချဝယ်ယူမှုတွေကြောင့်ဈေးက ပြန်ကျဆင်းသွားတာလို့ ကုန်သည်အများစုထံကနေသိရပါတယ်။ ငွေကြေးစီဆင်းမှုကလည်း အများကြီး မရှိတဲ့ အတွက် ကုန်သည်ကြီးတွေ အနေနဲ့ဈေးကွက်ကို တင်းနေတယ်လို့လည်းဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) က တစ်တန်ကို ၁၀၅၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၃၀၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၂၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပေမယ့် တစ်ပတ်အတွင်းမှာတော့ အပြောင်းအလဲများဖြစ်ခဲ့ပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီက ပြီးခဲ့တဲ့ အပတ်က ဈေးတက်လာခဲ့ပြီး ရက်ပိုင်းအတွင်း တစ်တန်ကို ၁၀ သိန်းအောက်ထိ ဈေးပြန် ကျဆင်းသွားခဲ့ပါတယ်။ လက်ကျန်မရှိတဲ့အတွက်ကြောင့် အကျဈေးနဲ့ ဈေးပြန်ငြိမ်နေခဲ့ပြီး သောကြာနေ့မှာတော့ တစ်တန်ကို ၁၀ သိန်းကျော်အထိ ဈေးပြန်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်လိုက်ရင်တော့ ဈေးက ကျဆင်းနေဆဲဖြစ်ပါတယ်။
လက်ရှိ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကလည်း ပြန်ကျဆင်းနေတာဖြစ်တဲ့အတွက် ပဲဈေးတွေလည်း ပြန်ကျဆင်းနေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁၀၂၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၄၀၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာတော့ ၈၉၀၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၂၀၀၀ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပြည်ဈေးကွက်နဲ့ အောင်လံဈေးကွက်မှာ လည်း တစ်တင်းကို ၃၂၀၀၀ ကျပ်ရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ထောပတ်ပဲ
လက်ရှိမှာတော့ ပဲပေါင်းစုံ ဈေးတက်နေခဲ့ပြီး ပြည်ပတင်သွင်းမှု အနည်းငယ်ရှိတဲ့ ထောပတ်ပဲကလည်း ဈေးတက်နေပါတယ်။ ပြည်တွင်းလက်ကျန်ကလည်းလျော့နည်းနေတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၉၅၅ ကနေ ၁၃၉၅ နဲ့ ၂ ပတ်ဆက်တိုက်ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှတော့ ထောပတ်ပဲအကြီးက တစ်အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀ ကျပ်၊အလတ် က တစ်အိတ်ကို ၆၈၀၀၀ ကနေ ၇၂၀၀၀ပေါက်ဈေးရှိပြီး ၄၀၀၀ကျပ်၊ အသေးကတော့ တစ်အိတ်ကို ၆၅၀၀၀ကနေ ၆၆၀၀၀ ရှိပြီး ၁၀၀၀ကျပ် အသီးသီးဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၁၀၀၀ ကျပ်ရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းနေတာဖြစ်ပြီးတော့ ဒီတစ်ပတ်မှာလည်း ဈေးကဆက်ပြီးကျဆင်းသွားပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းပြန်ကျဆင်းသွားတဲ့အပြင် ဆီတင်ပို့မှုနှုန်းက ပုံမှန်ပြန်ဖြစ်သွားတဲ့အတွက်ဈေးက တစ်ဖြေးဖြေးပြန်ကျဆင်းသွားတဲ့လို့သိရပါတယ်။
ပြည်တွင်းသုံးစွဲမှုလည်းအနည်းငယ်လျော့နည်းလို့ ဈေးတွေ ပြန်ကျဆင်းသွားလို့လည်းကုန်သည်အချို့က ဆိုပါတယ်။
မန္တလေးဈေးကွက်မှာ တစ်ပိဿာကို ၃၃၂၀ ကနေ ၃၃၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၇၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဝတ်ရည်မွန်(AMIA)
ဦးမြင့်စိန်
လွန်ခဲ့သော ၅ နှစ် ကနေ့စဉ်တင်ပေးပါ
ဆက်စပ်မေးခွန်းများ
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 2 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026