တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

20/11/2021 10:30 AM တွင် AMIA AMIA မှ ရေးသား

(၁၅.၁၁.၂၀၂၁) မှ (၁၉.၁၁.၂၀၂၁) ထိအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျက ရှိနေပေမယ့် ငွေကြေးဈေး အပြောင်းအလဲနဲ့ ဆက်စပ်နေတာ ဖြစ်လို့ သောင်းဂဏန်းလောက် အတက်အကျရှိနေခဲ့ပါတယ်။ ပဲဈေးကွက်အတွင်း လှုပ်ခတ်လောက်အောင်ထိ အပြောင်းအလဲမရှိသေးပဲ လက်ရှိ တစ်တန်ကို ၁၄ သိန်း ပတ်ချာလည် နဲ့ အတက်အကျရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ပဲတင်သွင်းခွင့်က ဒီဇင်ဘာလအထိတင်သွင်းခွင့်ရနေတာဖြစ်လို့ ရာသီဥတုမမှန်တဲ့ အိန္ဒိယရဲ့ အဝယ်က ဆက်ပြီးရှိလာဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

မတ်ပဲ(FOC)ဈေးက တစ်တန်ကို ဒေါ်လာ ၇၉၅ ကနေ ၈၁၅ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင်ဈေးတက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၄ သိန်း ထိ တက်လာပေမယ့် ၂ ရက်အတွင်း ဈေးက ပြန်ကျဆင်းသွားပါတယ်။ ပွဲတော်ရုံးပိတ်ရက်ဖြစ်လို့ ဈေးကလည်း မငြိမ်ပါဘူး။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၃၂၀၀၀ ပေါက်ဈေးရှိနေပြီး ၃၀၀၀ လောက်ဈေး ကျဆင်းပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ကနေ ၄၅၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ လောက်ဈေးတက်လာပါတယ်။

အောင်လံမှာတော့ တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ကျပ်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအပြောင်းအလဲမရှိပဲ ဈေးငြိမ်နေခဲ့ပါတယ်။ အတက်အကျကလည်း ထောင်ဂဏန်းလောက်သာ ရှိနေပါတယ်။

ပဲစင်းငုံနီ(FOC) ဈေးက တစ်တန်ကို  ၆၅၅ ဒေါ်လာ ကနေ ၆၇၅ ပေါက်ဈေးရှိပြီး အပြောင်းအလဲမရှိပါဘူး။

ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၁ သိန်း ၆ သောင်း ခွဲ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်ကအတိုင်း ဈေးပြောင်းလဲမှုမရှိပါဘူး။

မန္တလေးမှာတော့လက်ရှိအချိန်ထိ ဈေးဖွင့်ခြင်းမရှိသေးပါဘူး။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။

ဈေးကတော့ဖွင့်ထားပေမယ့် ပစ္စည်းမရှိတော့တဲ့အတွက်ကြောင့် အရောင်းအဝယ်ကတော့ မရှိဘူးလို့ သိရပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပါတယ်။ နယ်ဈေးကွက်မှာလည်း ပစ္စည်းလက်ကျန်မရှိတဲ့အတွက်ကြောင့် မျိုးပဲတွေသာ အရောင်းအဝယ်ဖြစ်နေပြီး ဈေးတွေက ငွေကြေးပြောင်းလဲမှုပေါ်မူတည်ပြီး အတက်အကျရှိနေတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၉၆၅ မှ ၂၀၀၀ ပေါက်ဈေးရှိပြီး ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂၁၆၅ မှ ၂၂၀၀ ပေါက်ဈေးရှိပြီး ၂ ပတ်ဆက်တိုက်ဈေးအပြောင်းအလဲမရှိပါဘူး။

မန္တလေးမှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၀၆၀၀၀ ကနေ ၁၀၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၁၁၀၀၀၀ ကနေ ၁၁၂၀၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ(V2) ကတော့ ၁၂၀၀၀၀ ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲ(V7)က တစ်အိတ်ကို ၁၁၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲကြီး

ပဲကြီးကလည်း ရန်ကုန်ဈေးကွက်မှာငြိမ်နေပေမယ့် အဓိက အရောင်းအဝယ်ရှိနေတဲ့ မန္တလေးဈေးကွက်မှာ ဈေးတွေမြင့်လာပါတယ်။ ပွဲတော်ရက်ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းဝယ်ယူမှုက များနေပြီး ဈေးတက်နေတယ်လို့လည်းသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲကြီး(ကုန်း)က တစ်ပိဿာကို ၃၁၃၀ မှ ၃၃၀၅ ပေါက်ဈေးရှိပြီး ပဲကြီး(ရွှေကျွန်း)ကတော့ တစ်ပိဿာကို ၃၈၉၀ မှ ၃၉၈၅ ပေါက်ဈေးရှိကာ ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)က သုံးတင်းဝင် တစ်အိတ်ကို ၁၈၀၀၀၀ ကနေ ၂၂၅၀၀၀ ထိပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀၀ လောက်ထပ်ပြီးဈေးတက်လာခဲ့ပါတယ်။

ဆင်ဖြူကျွန်းဈေးကွက်မှာလည်း တစ်တင်းကို ၇၀၀၀၀ ပေါက်ဈေးရှိပြီး ပစ္စည်းလက်ကျန်လည်းမရှိတဲ့အတွက်ကြောင့် အတက်ဈေးနဲ့ပဲ ငြိမ်နေတယ်လို့သိရပါတယ်။

အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး အောင်လံမှာလည်းဈေးငြိမ်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီက ဒီတစ်ပတ်မှာလည်း ဈေးက ထပ်ပြီးကျဆင်းသွားပါတယ်။ လက်ရှိမှာ နွေကြက်သွန်တွေက ဈေးကွက်ထဲကို ဆက်တိုက်ဝင်နေပြီး ယခုဈေးထက်လျော့ကျသွားနိုင်တဲ့အတွက် တောင်သူတွေအများအပြား ရောင်းနေလို့ ဈေးတွေက ကျဆင်းသွားတယ်လို့သိရပါတယ်။

ဘဂ်လာဒေ့ရှ်ကို တင်သွင်းရောင်းချမှုကတော့ ပြီးခဲ့အပတ်က အရည်အသွေးကြောင့် ဈေးကွက်အတွင်း တန့်သွားပေမယ့် လက်ရှိမှာတော့ ပြန်လည်ဝယ်ယူနေတယ်လို့သိရပါတယ်။

ကုန်သည်တွေကတော့ လက်ရှိရောင်းချနေတဲ့ ကြက်သွန်နီတွေက နွေကြက်သွန်တွေဖြစ်ပြီး စိုက်စရိတ်ရှုံးတဲ့အတွက်ကြောင့် မိုးကြက်သွန်ကို စိုက်ပျိုးမှုလျော့ချလိုက်တဲ့အတွက် ဈေးကွက်အတွင်း ပစ္စည်းရှားပါးမှုတွေကြုံလာနိုင်ပြီး ဈေးတွေတက်လာနိုင်သေးတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၂၀၀ ကျပ်ကနေ ၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ထပ်ပြီးကျဆင်းသွားပါတယ်။ 

မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၇၀ ကျပ်ကနေ ၇၅၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးကျဆင်းပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်