မြေကြီးအရောင်က ဘာတွေပြောလဲ

13/11/2019 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြေကြီးတွေ အရောင်တွေကိုကြည့်ပြီးတော့ ဘာတွေဖြစ်နေလဲဆိုတာ မှန်းဆကြည့်လို့ရနိုင်တာကြောင့်ပဲ အရောင်တွေကိုလေ့လာကြပါတယ်။

အနီရောင်ဆိုရင် ရေမပျော်ဝင်နိုင်တဲ့ အိုင်းယွန်းတွေ မြေကြီးထဲမှာ ရှိနေတယ်လို့ ယူဆလို့ရပါတယ်။ အဲ့လိုမြေသားက ရေထုတ်အားနဲ့ လေဝင်လေထွက် ကောင်းပါတယ်။ ရေတွေမြန်မြန်ထွက်နိုင်တယ်။ အောက်စီဂျင်လည်း မြေထဲမှာ သိုလှောင်ထားနိုင်ပါတယ်။

အညိုရောင်ဖြစ်နေရင်တော့ ရေထုတ်အားက လက်ခံနိုင်တဲ့အခြေအနေမှာဖြစ်ပါတယ်။ အညိုရောင် မြေကြီးတွေက အော်ဂဲနစ်ပစ္စည်းတွေများများပါဝင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အခြေအနေတိုင်းအတွက်တော့ မဟုတ်ပါဘူး။

အဝါရောင်ဖက်ရှိတဲ့ မြေဆိုရင်တော့ရော - အောက်စီဂျင်ပြတ်လပ်တတ်တဲ့ မြေမျိုး ဒါမှမဟုတ် မြေအောက်ရေမျက်နှာပြင်ဟာ မြင့်ပြီးတော့ မြေသားနဲ့နီးနေတာလို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။

ခဲရောင်ဖက်ပေါက်နေတဲ့ မြေမျိုးဆိုရင်တော့ မြေသားက အမြဲစိုစွတ်နေတတ်ပြီးတော့ ရေထုတ်စွမ်းအား မကောင်းဘူး၊ အောက်စီဂျင်ပြတ်နေတာလည်း လတော်တော်ကြာနေပြီလို့ ယူဆနိုင်ပါတယ်။

အနက်ရောင်ဖြစ်နေတယ်ဆိုရင်တော့ အော်ဂဲနစ်ပစ္စည်းတွေ အများကြီးပါနေလို့ ဒါမှမဟုတ်ရင် မြေစေးပါဝင်မှု များလို့ဖြစ်ပါတယ်။ ပါဝင်တဲ့မြေစေးတွေအပေါ်မှာမူတည်ပြီးတော့ ရေထုတ်စွမ်းအားက အတန်အသင့်ကနေ ညံ့ဖျင်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။

အရောင်က လင်းတဲ့ဖက်ကိုသွားတဲ့ မြေမျိုးလို့ဆိုရင်တော့ မြေသြဇာတွေ သံ၊ အလူမီနီယမ်နဲ့ အော်ဂဲနစ်ပစ္စည်းတွေက ရေနဲ့တိုက်စားခံရတတ်တယ်ဆိုတာမျိုးကို သတိထားရမှာပါ။ အဖြူဖက်ကိုရောက်နေတယ်ဆိုရင်တော့ ရေထုတ်အား မကောင်းနိုင်ပါဘူး၊ ဒါမှမဟုတ် အောက်ဖက်ကအလွှာက ရေတွေပြည့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ့လိုဆိုရင်တော့ အာဟာရတွေက မြေထဲကို စိမ့်ဝင်ပျောက်ဆုံးသွားဖို့ လွယ်ကူပါတယ်။

တစ်ချို့မြေကြီးတွေက အရောင်တောက်တောက်တွေဖြစ်နေတတ်တယ်။ အဲ့လိုအရောင်တွေက ရေထုတ်အား မကောင်းပဲ ရေကိုထိန်းထားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အရောင်လေးတွေကြည့်ပြီးတော့ အကဲဖြတ်တာဖြစ်တဲ့အတွက်ကြောင့်တော့ ပုံသေကြီးတွက်လို့တော့ မရပါဘူးနော်။

မြေသား အနက်

မြေသား ဘယ်လာက်ထိရှိနေလဲဆိုတဲ့အချက်ကလည်း စိုက်ပျိုးတဲ့ အပင်တွေကို အာဟာရလုံလုံလောက်လောက် ထောက်ပံ့နိုင်မှု၊ မြေတွင်းက အဏုဇီဝသက်ရှိတွေ ပွားများနေထိုင်မှုတွေအပေါ်မှာ အများကြီးသက်ရောက်ပါတယ်။ မြေသားနည်းနည်းလောက်ပဲရှိတယ်ဆိုတဲ့ မြေတွေမှာ စိုက်ပျိုးမိတဲ့အခါ အပင်တွေက ရေတောင် လုံလုံလောက်လောက်မရနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်တတ်ပါတယ်။

ကျောက်သား ပါဝင်မှု

အချင်း () မီလီမီတာထက်ကျော်ပြီး မာတယ်ဆိုရင် ကျောက်တုံးလို့ သတ်မှတ်ပါတယ်။ အဲ့လိုဆိုတော့ ကျောက်တုံးလေးတွေပါနေတယ်ဆိုရင် ရေနဲ့ အာဟာရတွေ စုပ်ယူထားနိုင်ဖို့အင်အားက နည်းသွားပြီးတော့ အကန့်အသတ်ရှိသွားပါတယ်။ အဲ့လိုဆိုရင်စိုက်ပျိုးဖို့ ခက်ခဲပါတယ်။

တစ်ချို့ မြေအောက်ရေမြင့်တဲ့နေရာတွေမှာဆိုရင် ကျောက်သားလေးတွေက သူ့ဘာသာတက်လာတတ်ပါတယ်။ အဲ့လိုကျောက်တုံးလေးတွေရှိနေရင်လည်း မြေသားက အဝါရောင်နဲ့ ခဲရောင်တွေ ဖြစ်နေတတ်ပါတယ်။

မြေသားအရောင်တွေဟာ ယေဘုယျသဘောနဲ့ ဖော်ပြချက်တွေဖြစ်ပြီးတော့ တကယ်တမ်း ကိုယ့်မြေကြီး အကြောင်းကို သိချင်တယ်ဆိုရင်ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးလိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းသဘောကို သိထားတယ်ဆိုရင်ပဲ ကိုယ့်အတွက် တိုးတက်လာတဲ့ အသိပညာတွေပါပဲ။

ထွန်းဝင်းကျော်

References

  1. Centre of Land Protection Research, “Know Your Soil – Introduction to Soils”

  2. www.nre.vic.gov.au/agvic/ins-clpr/


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်