မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအတွက် “ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်-𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦” ကို လျှောက်ထားလိုသူ အမျိုးသမီးစွန့်ဦးလုပ်ငန်းရှင်များအတွက် ယခင်လျှောက်လွှာနောက်ဆုံးရက် (၂၄-၁၁-၂၀၂၂) မှ (၁၀-၁၂-၂၀၂၂) အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း အသိပေးအကြောင်းကြားလိုက်ရပါတယ်။
“ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်-𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦” ကို 𝐀𝐂𝐃𝐈/𝐕𝐎𝐂𝐀 နှင့် FHI 360 တို့မှ ပူးပေါင်းလုပ်ဆောင်နေတဲ့ Feed the Future Burma Agriculture and Food Systems Development Activity စိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်း (𝐀𝐅𝐃𝐀)၊ USAID Burma တို့၏ပံ့ပိုးမှုဖြင့် Myanmar Innovative Life Sciences နှင့် Myanmar Women Entrepreneurs Network တို့မှအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဤအစီအစဉ်မှာ ပါဝင်ခြင်းအားဖြင့် အမျိုးသမီး လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့စီးပွားရေးကို ပိုမို အဆင့်မြှင့်တင်နိုင်ခြင်း၊ နည်းပညာနဲ့ပတ်သက်တဲ့ စိုက်ပျိုးစီးပွားကဏ္ဍနဲ့ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်လုပ်ငန်း ဆိုင်ရာကဏ္ဍများအတွက် အသိပညာများ ရရှိနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်စွမ်းကို မြှင့်တင်နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ပိုမိုတတ်ကျွမ်းနားလည်ခြင်း စသည်တို့ကို မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ တဖန် လက်တွေ့အသုံးချမှုများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသမီးများလုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ စွမ်းရည်များကို မြှင့်တင်နိုင်ပြီး ပြောင်းလဲမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်ရန် http://www.milsciences.com/wep မှ တစ်ဆင့် (၁၀-၁၂-၂၀၂၂) ရက်နေ့မတိုင်ခင်အထိ လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။
ဤအစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်ပိုမိုသိရှိလိုပါက ဖုန်း - 09 750 054 341 (သို့မဟုတ်) အီးမေးလ် [email protected] သို့ အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
#WomenEntrepreneurshipProgram
Crd#
Myanmar Innovative Life Science