စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာများ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉) အပင်များအတွက် လိုအပ်သောရေ (Water for Plants) အပိုင်းနှင့် အမှတ် စဉ် (၂၃၁) စိုက်ပျိုးရေးဆိုင်ရာရေသွင်းနည်းပညာ အပိုင်း-၂ တို့တွင် ရေးသား ဆွေးနွေး ခဲ့ ပြီးဖြစ်ပါသည်။ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်နေသော ရေသွင်းခြင်းဆိုင်ရာ အင် ဂျင်နီယာပညာ (Irrigation Engineering) ရှုထောင့်မှ မဟုတ်ဘဲ အပင်၏ရေ လိုအပ်ချက် (Plant water requirement)၊ မြေကြီး၏ ရေလိုအပ်ချက် (Soil Water Requirement)၊ မြေ-ရေ-အပင် တို့ ဆက်နွယ်နေပုံ (Soil Water Plant Relationships) ကို စိုက်ပျိုးရေး ပညာရှုထောင့်မှ ဆက်လက်ရေးသားဆွေးနွေးပါမည်။
၂၀၂၅ ခုနှစ် စာရင်းဇယားအရ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စိုက်ပျိုးရေသွင်းဧရိယာ အများဆုံးရှိပြီး ၇၅.၇ သန်းဟက်တာ ရှိပါသည်။ အိန္ဒိယနိုင်ငံသည် ၇၀.၅ သန်းဟက်တာ ဖြင့် ဒုတိယ အများဆုံးဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ဆည်မြောင်း စနစ်များ ထဲမှတစ်ခုရှိပြီး စိုက်ပျိုးနိုင်သောမြေ၏ ၅၄% ကို ရေသွင်းစိုက်ပျိုးနိုင်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စုစုပေါင်းရေသွင်းဧရိယာမှာ မကြီးမားသော်လည်း စိုက်ပျိုးနိုင် သောမြေ၏ ၆၁% ခန့်ကို ရေသွင်းစိုက်ပျိုးနိုင်သဖြင့် ရေသွင်းပြင်းအား/ရေသွင်းနိုင်စွမ်း အား (Irrigation Intensity) အလွန်မြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ရေသွင်းစိုက်ပျိုးဧရိယာမှာ Arable Land (နှစ်စဉ်စိုက်ပျိုးနိုင်သောမြေ) ≈ ၁၂,၀၇၇,၀၀၀ ဟက်တာ (ဧက သန်း ၃၀-ခန့်) တွင် Irrigated Area (ရေသွင်းစိုက်ပျိုး နိုင်သောမြေ) ≈ ၂.၄၄၂ သန်းဟက်တာ ဖြစ်သဖြင့် နှစ်စဉ်စိုက်ပျိုးနိုင်သောမြေ နှင့် နှိုင်းယှဉ်လျှင် ရေသွင်းနိုင်သောဧရိယာမှာ ၂၀.၂% ခန့် ဖြစ်ပါသည် (Source – MoALI 2024)။
အခြားနည်းဖြင့် ပြောရလျှင် မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သောမြေ ၁၀၀ ဟက်တာရှိလျှင် ၁၉ မှ ၂၀ ဟက်တာခန့်သာ ရေသွင်းစိုက်ပျိုးနိုင်ပြီး ကျန် ၈၀ မှ ၈၁ ဟက်တာခန့်မှာ မိုးရေ အပေါ် အဓိက မှီခိုစိုက်ပျိုးနေဆဲ ဖြစ်ပါသည်။
(က) ရေသံသရာလည်ပတ်မှု (Hydrologic Cycle)
အဓိပ္ပာယ် - ရေသံသရာလည်ပတ်မှု ဆိုသည်မှာ ကမ္ဘာမြေမျက်နှာပြင်၊ လေထုနှင့် မြေ အောက်ရေတို့အကြား ရေသည် အဆက်မပြတ် လည်ပတ်ရွေ့လျားနေသော သဘာဝ ဖြစ်စဉ်ကို ဆိုလိုသည်။
ဤလည်ပတ်မှုကို အဓိကအားဖြင့် နေရောင်ခြည်စွမ်းအင် (Solar Energy)၊ ကမ္ဘာ့ဆွဲ ငင်အား (Gravity) တို့က မောင်းနှင်ပေးပါသည်။
(၁) မြေဆီလွှာရေငွေ့ပျံခြင်း (Evaporation)
ရေသည် အရည်အခြေအနေမှ ရေငွေ့အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ရေငွေ့ပျံရာ နေရာများမှာ ပင်လယ်၊ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေလှောင်ကန်၊ မြေဆီလွှာ မျက်နှာပြင် တို့ဖြစ်ပါသည်။
(၂) အပင်ရေငွေ့ပျံခြင်း (Transpiration)
အပင်အမြစ်မှ စုပ်ယူထားသောရေသည် ပင်စည်၊ အရွက် တို့မှတဆင့် ရေငွေ့အဖြစ် လေထုထဲသို့ ထုတ်လွှတ်ခြင်းကို အပင်ရေငွေ့ပြန်ခြင်း ဟုခေါ်ပါသည်။
(၃) မြေ၊ အပင်စုပေါင်းရေငွေ့ပျံခြင်း (Evapotranspiration - ET)
မြေဆီလွှာနှင့်အပင်စုပေါင်းရေငွေ့ပြန်ခြင်း သည် နှစ်ခုပေါင်းတို့၏ စုစုပေါင်း ရေဆုံးရှုံးမှု ဖြစ်သည်။ စိုက်ပျိုးရေးတွင် သီးနှံ၏ ရေလိုအပ်ချက်ကို တွက်ချက်ရာ၌ အရေးကြီးဆုံး အညွှန်းကိန်းတစ်ခု ဖြစ်သည်။
(၄) မိုးရွာသွန်းခြင်း/နှင်းကျခြင်း (Precipitation)
ရေသည် လေထုမှ မိုး၊ နှင်း၊ မိုးသီး အဖြစ် ကမ္ဘာမြေသို့ ပြန်လည်ကျရောက်လာပါသည်။
အပူပိုင်းဒေသများတွင် မိုးရေသည် စိုက်ပျိုးရေးအတွက် အဓိက ရေအရင်းအမြစ် ဖြစ်ပါသည်။
(၅) မိုးရေတားဆီးခံရခြင်း (Interception)
မိုးရေအချို့ကို သစ်ပင်အုပ်၊ သီးနှံအရွက်များ၊ အဆောက်အဦများ က တားဆီးထားပြီး မြေသို့မရောက်မီ ရေငွေ့ပျံသွားနိုင်ပါသည်။
(၆) မြေထဲသို့ ရေစိမ့်ဝင်ခြင်း (Infiltration)
မိုးရေအချို့သည် မြေဆီလွှာအတွင်းသို့ စိမ့်ဝင်သည်။ ထိုစိမ့်ဝင်နှုန်းကို မြေအမျိုးအစား၊ မြေဖွဲ့စည်းပုံ၊ အော်ဂဲနစ်ဓာတ်၊ မြေဖုံးအပင်များ၊ မိုးရွာနှုန်းတို့က သက်ရောက်စေပါသည်။
(၇) အောက်သို့ စိမ့်ဆင်းခြင်း (Percolation)
မြေဆီလွှာအတွင်းသို့ စိမ့်ဝင်သောရေသည် အောက်ဘက်သို့ ဆက်လက်စီးဆင်းကာ မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးပါသည်။
(၈) မြေအောက်ရေစီးဆင်းမှု (Groundwater Flow)
မြေအောက်ရေသည် ဖြည်းဖြည်းချင်း စီးဆင်းပြီး နောက်ဆုံးတွင် မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေကန်များဆီသို့ ပြန်လည်စီးဝင်နိုင်ပါသည်။
(၉) မျက်နှာပြင်ရေစီးဆင်းမှု (Surface Runoff)
မြေထဲသို့ မစိမ့်ဝင်နိုင်သော မိုးရေများသည် မြေကြီးပေါ်မှ မြစ်၊ ချောင်း၊ ရေလှောင်ကန် တို့သို့ စီးဆင်းသွားသည်။ မြေကြီးပေါ်စီးဆင်းမှု (Runoff) များလွန်းပါက မြေဆီလွှာ တိုက်စားမှု ဖြစ်ပေါ်နိုင်ပါသည်။
ပုံ - ၁ ရေသံသရာလည်ပတ်ပုံ
ရေရရှိမှု၊ ရရှိ၊ ကုန်ဆုံးချိန်ညှိမှု ညီမျှခြင်း (Water Balance Equation)
ရေချိန်ညှိမှုကို P = ET + R + D + ΔS ဟူ၍ ဖော်ပြသည်။
P = မိုးရေ (Precipitation)
ET = မြေ၊အပင်မှရေငွေ့ပြန်ခြင်း (Evapotranspiration)
R = မြေဆီလွှာ အပေါ်ယံဆုံးရှုံးမှု (Surface Runoff)
D = အောက်သို့ စိမ့်ဆင်းသောရေ (Deep Drainage)
ΔS = မြေဆီလွှာအတွင်း ရေသိုလှောင်မှုပြောင်းလဲမှု
မိုးရေ–ရေငွေ့ပျံ ရေချိန်ညှိမှု (Rainfall–Evaporation Water Balance)
အဓိပ္ပာယ် - မိုးရေနှင့် ရေငွေ့ပျံဆုံးရှုံးမှုကို နှိုင်းယှဉ်၍ ရေပိုနေသလား၊ ရေလိုနေသလားကို ဆုံးဖြတ်ခြင်းဖြစ်ပါသည်။
သွန်းဝိတ် (Thornthwaite) ၏ ရာသီဥတု အမျိုးအစားခွဲခြားခြင်း
ဤစနစ်ကို အမေရိကန် ရာသီဥတုပညာရှင် ဒေါက်တာချားလ်ဝါရင်သွန်းဝတ် (Dr Charles Warren Thornthwaite) က ၁၉၄၈ ခုနှစ်တွင် တီထွင်ခဲ့သည်။ အခြား ရာသီ ဥတုခွဲခြားမှုများကဲ့သို့ အပူချိန်ကိုသာ မူတည်ခြင်းမဟုတ်ဘဲ မိုးရေ၊ အဖြစ်နိုင်ဆုံး မြေနှင့် အပင်ရေငွေ့ပျံခြင်း (Potential Evapotranspiration - PET) တို့၏ အချိုးအစား အပေါ် အခြေခံထားသည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့် ရေသွင်းခြင်း စီမံခန့်ခွဲမှုအတွက် အလွန် အသုံးဝင်ပါသည်။
အမြင့်ဆုံးမြေနှင့်အပင်ရေငွေ့ပြန်ခြင်း (Potential Evapotranspiration - PET)
PET ဆိုသည်မှာ "ရေအလုံအလောက်ရှိနေသည်ဟု ယူဆပါက ဖြစ်နိုင်သော အမြင့်ဆုံး ရေငွေ့ပျံခြင်းနှင့် အပင်ရေငွေ့ထုတ်ခြင်း ပမာဏ" ဖြစ်ပါသည်။
PET ကို အပူချိန်၊ နေရောင်ခြည်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ တို့က သက်ရောက် စေပါသည်။
အစိုဓာတ်အညွန်းကိန်း Moisture Index (Im)
Thornthwaite သည် အစိုဓာတ်အညွှန်းကိန်း (Moisture Index) ကို
Im = [(Water Surplus − 0.6 × Water Deficit) ÷ PET] × 100 ဟူ၍ သတ်မှတ်ခဲ့ပါသည်။
သွန်းဝိုက် (Thornthwaite) ရာသီဥတု အမျိုးအစားများ
စိုက်ပျိုးရေးအတွက် အရေးပါမှု
စိုစွတ်ဒေသ (Humid Areas) မိုးရေအားကိုး စိုက်ပျိုးနိုင်သည်။ မိုးခေါင်ချိန်တွင်သာ ဆည်မြောင်းလိုအပ်ပါသည်။
အနည်းငယ်ခြောက်သွေ့သောဒေသ (Dry Sub-humid) အပိုဆောင်းရေသွင်းခြင်း (Supplemental Irrigation) ဖြင့် အထွက်တိုးနိုင်သည်။ မိုးရေသိုလှောင်ခြင်း အရေးကြီးပါသည်။
ခြောက်သွေ့ဒေသ (Semi-arid) ရေသွင်းမှုသည် မဖြစ်မနေလိုအပ်သည်။ မိုးခေါင်ဒဏ်ခံ သီးနှံများ စိုက်ပျိုးသင့်ပါသည်။
အလွန်ခြောက်သွေ့ဒေသ (Arid) စိုက်ပျိုးရေးသည် ရေသွင်းမှုအပေါ် အဓိက မှီခိုရသည်။ ရေချွေတာနိုင်သော အစက်ချရေသွင်းစနစ် (Drip Irrigation) ကဲ့သို့သော နည်းစနစ်များ ကို အသုံးပြုသင့်ပါသည်။
စာရေးသူ၏အတွေး
ကမ္ဘာ့နိုင်ငံ အများစုတွင် စိုက်ပျိုးသီးနှံများအတွက် ရေသွင်းခြင်းနည်းပညာ (Irrigation Technology) သည် အင်ဂျင်နီယာ၊ စိုက်ပျိုးရေးပညာရှင်နှင့် စီးပွားရေးပညာရှင်များ၊ သတင်းအချက်အလက်နည်းပညာရှင်များ (ICT Experts) ပါပူးပေါင်းပါဝင်သော စမတ် ရေသွင်းနည်းစနစ် (Smart Irrigation System) ကိုပြောင်းလည်းကျင့်သုံးနေပြီ ဖြစ်ပါသည်။ ရေများစွာကုန်လွန်းသော ကွင်းပြင်ကျယ်ရေသွင်းစနစ် (Flood Irrigation) မှနေ လျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်များ အသုံးပြုပြီး ရေဖြန်းရေသွင်းစနစ် (Sprinkler Irrigation)၊ အစက်ချရေသွင်းစနစ် (Drip Irrigation)၊ ရေနှင့်မြေဩဇာများရောနှော ကျွေးသည့်စနစ် (Fertigation) စသည်တို့ကို မြန်မာနိုင်ငံရှိတောင်သူအချို့ စမ်းသပ် အ သုံးပြုနေကြ၍ စမတ် ရေသွင်းနည်းစနစ် အတွက် သုတေသနနှင့်ဖွံ့ဖြိုးရေး (R&D – Research and Development) ကို ပုံအောအားစိုက်လာရမည့်အချိန် ရောက်လာပြီ မဟုတ်ပါလား?
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်၊ စာတမ်းများ (References)
Elbana, Maha (2017) Irrigation Management. Maha, India. 231p.
Majumdar, Dilip Kumar (2016) Irrigation Water Management: Principles and Practice. 2nd Ed. Prentice Hall, India. 557p.
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး