အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးသုတ နိုဝင်ဘာလ

စိုက်ပျိုးသုတ နိုဝင်ဘာလ

Soe Myint
Soe Myint • 01/11/2021

    နိုဝင်ဘာလသည် မိုးစပါးသီးနှံအလေအလွင့်နည်းပါးစေရေးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ရေးအတွက် အထူးအရေးပါသောလ ဖြစ်သည်။ 

    စိုက်ချိန်မှန်ခြင်းသည် သီးနှံအထွက်မြင့်မားရေးအတွက် သော့ချက်ဖြစ်ပေရာ ဆောင်းသီးနှံများကို နိုဝင်ဘာလအတွင်းအပြီးစိုက်ပျိုးရန် နှိုးဆော်လိုပါသည်။ 

မိုးစပါးသီးနှံ

    စပါးခင်းအများစုသည် ရင့်မှည့်သည့်ကာလ(Ripening Phase)တွင် ရှိနေပြီ။ ဒီကာလက အောင်မြင်သောစပါးစေ့ရာခိုင်နှုန်း(percentage of filled grains)များဖို့နှင့် အစေ့ ၁၀၀၀ အလေးချိန်(weight of 1000 grains)ကောင်းဖို့ အရေးကြီး သည့်ကာလဖြစ်သည်။

    အလေအလွင့်နည်းပါးစေရန် ရိတ်သိမ်းချိန်မှန်တွင် ရိတ်သိမ်းပါ၊ ရိတ်သိမ်းပြီးလျှင်ပြီးချင်း ချက်ချင်းချွေလှေ့ဖို့လိုပါသည်။

ပဲတီစိမ်းသီးနှံ

    ပဲတီစိမ်းသည် နုံးမြေနှင့် သဲနုံးမြေများတွင်ကောင်းစွာဖြစ်ထွန်းသည်။ ညအပူချိန် လွန်စွာနိမ့်ကျခြင်းမရှိသည့်ဒေသများတွင် စပါးအပြီးလည်း စိုက်ပျိုးနိုင်သည်။  နိုဝင်ဘာလလယ် နောက်ဆုံးထား၍ စိုက်ပျိုးသင့်ပါသည်။

    ပဲတီစိမ်းတွင် အဝါရောင်မိုစေ့ရောဂါကျရောက်တတ်သည်။ ရောဂါခံနိုင်သောမျိုးကို အသုံးပြုသင့်သည်။ ယခင်နှစ်က ရောဂါကျရောက်သောလယ်မြေကို ယခုနှစ်တွင် စိုက်ပျိုးခြင်းမပြုသင့်ပါ။

မတ်ပဲသီးနှံ 

    မတ်ပဲကို မိုးစပါးရိတ်သိမ်းအပြီး မြေတွင်းအစိုဓါတ်ကိုချင့်ချိန်၍ နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး စိုက်ပျိုးသင့်သည်။ မိုးကောင်းသောက်ဒေသလယ်မြေများ(Rain-fed Lowland)တွင် စပါးအပြီးစိုက်ပျိုးနိုင်သည်။ ဆည်ရေသောက်ဒေသ လယ်မြေများ (Irrigated Lowland)တွင်လည်း စပါးအပြီး စိုက်ပျိုးနိုင်သည်။ နှစ်သီးစား၊  သုံးသီးစားသီးနှံပုံစံအတွက် အရေးပါသောသီးနှံ ဖြစ်ပါသည်။

    ပဲတီစိမ်းကဲ့သို့ အဝါရောင်မိုစေ့ရောဂါကျရောက်တတ်သဖြင့် ကာကွယ်နှိမ်နင်းရေး ကို အထူးဂရုပြုသင့်ပါသည်။

ကုလားပဲသီးနှံ

    ကုလားပဲသီးနှံသည် နုံးမြေစေး၊ စနယ်မြေစေးတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေတွင်းအစိုဓာတ်ကို ထိန်းထားနိုင်သည့် ရေမဝပ်သောမြေမျိုးတွင် စိုက်ပျိုးသင့်ပါသည်။ 

    စိုက်ချိန်နောက်ကျလျင် သီးတောင့်ရင့်မှည့်ချိန်၌ အပူချိန်မြင့်မားမှုဒဏ်ခံရခြင်း၊ အစိုဓာတ်မလုံလောက်ခြင်းကြောင့် အထွက်နှင့် မျိုးစေ့အရည်အသွေး သိသိသာလျော့ကျခြင်းတို့ ဖြစ်နိုင်ပါသည်။

ပဲပုပ်သီးနှံ

    သဲဆန်သောမြေအမျိုးအစားမှအပ မြေဆီသြဇာအသင့်အတင့်မှ ထက်သန်သည့် မြေတို့တွင် စိုက်ပျိုးနိုင်သည်။ နိုဝင်ဘာလသည် ပဲပုပ်စတင်စိုက်သင့်သောလဖြစ်သည်။ 

    စပါးအပြီးသီးထပ်အဖြစ် မတ်ပဲသီးနှံအစားထိုးစိုက်ပျိုးရန် သင့်တော်သောသီးနှံ ဖြစ်သည်။ အာဟာရရှုထောင့်မှကြည့်ပါက ပဲပုပ်တွင်အသားဓာတ်ပါဝင်မှုမြင့်မားသည်။ ထိုမျှမက ဆီပါဝင်မှုလည်း မြင့်မားပါသည်။

    ပဲမျိုးစုံသီးနှံများစိုက်ပျိုးရာတွင် အသက်လျင် အထွက်ကောင်းသောမျိုးကို အသုံးပြုသင့်သည်။ ပဲမျိုးစုံသီးနှံမျိုးစေ့ကို သက်ဆိုင်ရာ ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ 

    အပင်ငယ်စဉ်တွင် မှိုရောဂါကျရောက်တတ်သည်။ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ပင်စည်ထိုးပိုး (Stem Fly)ကျရောက်တတ်သည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် မျိုးစေ့ကို သင့်တော်ရာဆေးဖြင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။

နွေစပါးသီးနှံ

    မိမိဒေသ မိမိအခြေအနေနှင့် ကိုက်ညီသည့်စိုက်ချိန်သည် စိုက်ချိန်မှန်ဟု ဆိုရမည်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် မိုးစပါးရိတ်သိမ်းပြီးသည်နှင့် နွေစပါးကို စတင်စိုက်ပျိုးသင့်သည််။ အကြောင်းရင်းများစွာရှိပါသည်။

    စပါးပင်ကြီးထွားကာလတွင် ဆောင်းရာသီကို ဖြတ်သန်းသည်ဆိုသော်လည်း ဆောင်းရာသီက အထက်ပိုင်းဒေသများလို အပူချိန်များစွာနိမ့်ကျခြင်းမရှိသဖြင့် စပါးပင်ကို ထိခိုက်ခြင်းမရှိ၍ နိုဝင်ဘာတွင် စိုက်နိုင်ခြင်းဖြစ်ပါသည်။ 

    ရေတက်ရေကျရှိသည့် မြစ်ဝကျွန်းပေါ်ဒေသများ၌ ရေငန်ဝင်ရေကို ရှောင်ရှားဖို့လိုသည်။ ဇန်နဝါရီလတွင် ရေငန်စတင်နိုင်ပြီး ဖေဖေါ်ဝါရီလတွင် ရေပိုမိုငန်လေ့ရှိကြောင်းကြားဖူးသည်။ သို့ဖြစ်၍ အဆိုပါ ဒေသများအဖို့ နိုဝင်ဘာလတွင် နွေစပါးစတင် စိုက်သင့်ခြင်း ဖြစ်ပါသည်။ 

    မုတ်သုန်ဝင်တော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများက စတင်ဝင်ရောက်သည်။ မေလတွင် မုတ်သုန်စတင်ဝင်ပြီး မိုးမလှိုင်မီ နွေစပါးကို မိုးလွတ်လေလွတ်ရိတ်သိမ်းဖို့ လိုသည်။ ထို့ပြင် လယ်သမားတစ်ဦးချင်း လယ်မြေပိုင်ဆိုင်မှုများပါက စိုက်ပျိုးပြီးရန် အချိန်ပိုမို ကြာမြင့်နိုင်သည်။ သို့ဖြစ်၍လည်း နိုဝင်ဘာတွင် နွေစပါးစတင်စိုက်သင့်ခြင်း ဖြစ်ပါသည်။

ကြံသီးနှံ 

  ကြံသီးနှံကို မြေတွင်းလက်ကျန်အစိုဓာတ်အပေါ်မူတည်ပြီး စိုက်ရမှာဖြစ်သည်။ မြေတွင်းလက်ကျန်အစိုဓာတ်သည် ဒေသအများစုတွင် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ပထမပါတ်အထိလောက်သာ ရှိနေတတ်သည်။ မြေတွင်းအစိုဓာတ်ကောင်းစွာ နိုဝင်ဘာလတွင် ကြံသီးနှံကို စတင်စိုက်ပျိုးသင့်ပါသည်။ 

    ကြံသီးနှံသည် ကြီးထွားချိန်ကာလတွင် ပူအိုက်စွတ်စိုသောရာသီကို ကြိုက်နှစ်သက်သည်ဖြစ်ရာ နိုဝင်ဘာတွင် စိုက်ခြင်းဖြင့် ကြံပင်ပေါက်ညီညာကောင်းမွန်ခြင်း၊ သတ်မှတ်အပင်ဦးရေပြည့်မီခြင်း၊ ကြီးထွားနှုန်းမြန်ဆန်ခြင်းစသည့်အကျိုးများ ရရှိစေမှာ ဖြစ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။