ထောပတ်စိုက်တောင်သူများတွေ့ဆုံခြင်းနှင့် ထောပတ်ဆီထုတ်ကုန်ပြပွဲ ဟဲဟိုးတွင် ပြုလုပ်မည်
ထောပတ်သီးစိုက်တောင်သူများတွေ့ဆုံခြင်းနဲ့ ထောပတ်ဆီထုတ်ကုန်ပြပွဲကို ဟဲဟိုးမြို့မှာ စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ၂ ရက်ကြာ ကျင်းပသွားဖို့ရှိပါတယ်။

ပြပွဲကိုတော့ မတူညီတဲ့လူမျိုးစုတွေရဲ့ထောပတ်စိုက်တောင်သူတွေအကြား ပိုမိုပူးပေါင်းဆောင်ရွက်ပြီး ဈေးကွက်ကွန်ရက်ချဲ့ထွင်ဖို့၊ ထောပတ်သီးရဲ့ရိတ်သိမ်းချိန်လွန်နည်းပညာတွေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေ လေ့လာနိုင်ဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
“ ရည်ရွယ်ချက်ကတော့ လူတွေကို ထောပတ်ဈေးကွက်ကို ပိုစိတ်ဝင်စားလာဖို့ရယ်၊ နောက် ကိုယ်တို့က မြန်မာပြည်မှာ ပထမဆုံး ထောပတ်ဆီထုတ်တဲ့စက်ရုံထောင်ထားတယ်လေ။ ဆိုတော့ ထောပတ်ဆီထုတ်တာ ဒီမှာဖြစ်နေပြီပေါ့။ ဒါကို လူတွေသိပ်မသိသေးလို့ ဒါကို ပြချင်လို့လုပ်တာ” လို့ ပြပွဲကို ဦးဆောင်ပြုလုပ်တဲ့ Shan Orchard Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးနေသန်ဝင်းက ပြောပါတယ်။
အခုပွဲကိုတော့ Shan Orchard Myanmar နဲ့ USAID Feed the Future Burma စိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်း (AFDA) တို့ ပူးပေါင်းပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
“ ကိုယ်တို့က ထောပတ်ဆီစက်ရုံလက်မှတ်နဲ့ စက်ရုံထောင်ထားတာရှိတယ်။ ဟဲဟိုးလေဆိပ်နားမှာ။ ကိုယ်တို့ ခြံထဲမှာပါ။ ၃၄ ဧက ရှိတယ်။ Hass မျိုးတွေစိုက်ထားတယ်။ ကိုယ်တို့ထောပတ်ဆီက အခုဆို City Mart တို့ Market Place တို့မှာ ရောင်းနေပြီ။ အလှပြင်ပစ္စည်းတွေလည်း ထောပတ်ဆီသုံးပြီး ထုတ် နေပြီ။ နောက်ပြီးတော့ မာလာအနှစ်လိုမျိုး အနှစ်တွေလည်းထုတ်နေပြီ” လို့ ဦးနေသန်ဝင်းက ဆိုပါတယ်။
ပြပွဲကို ကချင်၊ ရှမ်းမြောက်နဲ့ ရှမ်းတောင်က ထောပတ်စိုက်တောင်သူတွေနဲ့ စိုက်ပျိုးရေးနည်းပညာနဲ့ သွင်းအားစု ဆိုင်ရာအဖွဲ့အစည်းတွေ တက်ရောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် သရက်၊ ကြက်သွန်ဖြူနဲ့ အာလူးစိုက်တောင်သူတွေလည်း တက်ရောက်လေ့လာမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026