ပဲတီစိမ်းဈေးဆက်တက်...မတ်ပဲဈေးလည်းပြန်မြင့်တက်
ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာတော့ ဆက်တိုက်နီးပါးဈေးတက်နေတဲ့ ပဲတီစိမ်းဈေးဟာ ဒီနေ့မှာလည်း ဈေးတွေဆက်တက်လာတာဖြစ်ပါတယ်။ အကျပိုင်းကို အနည်းငယ် ပြန်ရောက်သွားတဲ့ မတ်ပဲဈေးဟာလည်း ဒီနေ့မှာတော့ ပြန်ခုန်တက်လာပြီး ပြီးခဲ့တဲ့အပတ်ဈေးအပိတ် ဖေဖော်ဝါရီ ၃ ရက်ဈေးအတိုင်း ပြန်ဖြစ်လာပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက် ပဲတီစိမ်းဈေးတွေဟာ အမျိုးအစားအလိုက် အနိမ့်ဆုံး တစ်ပိဿာ ၂၇၈၀ ကနေ ၃၆၅၀ ကြား (တစ်တင်း ၅၅၆၀၀ ကနေ ၇၃၀၀၀ ကြား) ဈေးဖွင့်ထားတယ်လို့ သိရပါတယ်။
မတ်ပဲကတော့ ဒီတစ်ပတ်ဈေးအဖွင့် ဖေဖော်ဝါရီ ၆ ရက်ကစလို့ ဈေးအနည်းငယ်အကျပိုင်းရောက်သွားရာကနေ ဒီနေ့မှာတော့ ဈေးတွေ ပြန်မြင့်လာတာပါ။
မနေ့က ဖေဖော်ဝါရီ ၈ ရက်နဲ့ယှဉ်ရင် ဈေးတွေဘယ်လောက်ထိ တက်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားကွက်မှာ ကြည့်ရှုနိုင်ပါတယ်။

ပဲစင်းငုံနီကတော့ တစ်တန်ကို သိန်း ၂၀ ကျော်ထိ ခုန်တက်သွားပါတယ်။ ဒါဟာ ဈေးကွက်ထဲမှာ ပစ္စည်းပြတ်သွားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
လက်ရှိမှာ ပဲတီစိမ်းကို တရုတ်နဲ့ အိန္ဒိယထံ အဓိကတင်ပို့နေသလို အခြားဥရောပနိုင်ငံတွေကိုလည်း တင်ပို့နေလို့ ဈေးထပ်ပြီး ကောင်းလာဦးမယ်လို့ ပဲကုန်သည်အများစုက ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက သုံးသပ်ထားတာ ဖြစ်ပါတယ်။
ပဲတီစိမ်းတောင်သူအသိုင်းအဝိုင်းရဲ့ ပြောကြားချက်တွေအရတော့ ဈေးတွေဟာ ဒေသအလိုက် ကွာခြားချက်အချို့ရှိပြီး တချို့နေရာတွေမှာ ဈေးကွက်အဖွင့်ဈေးတွေထက် အမှန်တကယ်အရောင်းအဝယ်ဖြစ်သွားတဲ့ ဈေးနှုန်းတွေက ပိုမြင့်တက်နေတယ်လို့ သိရပါတယ်။
မတ်ပဲကိုတော့ ပြည်တွင်းပဲလိုအပ်ချက်များနေတဲ့ အိန္ဒိယက ဝယ်ယူနေတာကြောင့် ဈေးကအမြင့်ပိုင်းမှာရှိနေတာဖြစ်ပါတယ်။ ဈေးအတက်အကျကတော့ အိန္ဒိယဘက်က ဝယ်ယူတဲ့မူဝါဒနဲ့ ပေးတဲ့ဈေးနှုန်းတွေကို စောင့်ကြည့်နေရတာဖြစ်တယ်လို့ သိရပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်ရဲသွေး
လွန်ခဲ့သော ၃ နှစ် ကပဲတီစိမ်းစျေူတက်နိုင်သေးလား အခု ကျနေတယ်😔
si thu
လွန်ခဲ့သော ၃ နှစ် ကမတ်ပဲကဒီရှေ့ဆက်တက်နိုင်ခြေရှိလောက်လားဗျ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026