အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်နီဈေး တစ်ပိဿာ ၂၁၀၀ ထိ ရောက်လာ

ကြက်သွန်နီဈေး တစ်ပိဿာ ၂၁၀၀ ထိ ရောက်လာ

Green Way
Green Way • 09/08/2022

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်နီဈေးတွေဟာ အမျိုးအစားတွေအလိုက် အနိမ့်ဆုံး တစ်ပိဿာ ၁၅၀၀ ကျပ်ကနေ ၂၁၀၀ ကျပ်ထိ ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ဈေးကွက်အတွင်း အမျိုးအစားတွေအလိုက် အနိမ့်ဆုံး တစ်ပိဿာ ၁၃၅၀ ကျပ်ကနေ ၁၉၅၀ ကျပ် ဈေးနှုန်းတွေနဲ့ ငြိမ်နေခဲ့တဲ့ ကြက်သွန်နီဈေးဟာ မနေ့က တစ်ပိဿာ ကျပ် ၅၀၊ ၁၀၀ စီ တက်လာခဲ့ပြီး ဒီနေ့မှာလည်း ကျပ် ၁၀၀၊ ၅၀ စီ ထပ်တက်လာတာပါ။

ကြက်သွန်ဖြူဈေးတွေဟာလည်း မနေ့ကစလို့ အမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၁၀၀ ခန့်စီဈေးတွေတက်လာတယ်လို့ သိရပါတယ်။

*ယနေ့ ကြက်သွန်နီဈေးနှုန်းများ (၁ ပိဿာ) (ဘုရင့်နောင်ဈေးကွက်)

  • ကြက်သွန်နီ (ဆိပ်ဖြူရှယ် - သစ်) - ၂၁၀၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး)   - ၂၀၀၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်)   - ၁၇၀၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်ချော)  - ၁၄၀၀ ကျပ်

*ယနေ့ ကြက်သွန်ဖြူဈေးနှုန်းများ (၁ ပိဿာ) (ဘုရင့်နောင်ဈေးကွက်)

  • ကြက်သွန်ဖြူ (ကြူကုတ် - ရှယ်) - ၃၄၀၀ ကျပ်
  • ကြက်သွန်ဖြူ (အောင်ပန်း - ထူး-၂)   - ၂၂၀၀ ကျပ်
  • ကြက်သွန်ဖြူ (အောင်ပန်း - ထူး-၃)  - ၂၈၀၀ ကျပ်
  • ကြက်သွန်ဖြူ (အောင်ပန်း - ထူး-၄)  - ၃၄၀၀ ကျပ်
  • ကြက်သွန်ဖြူ (အောင်ပန်း - ထူး-၅)  - ၃၇၀၀ ကျပ်

ဒီနေ့မှာတော့ ကုလားပဲဈေး၊ ပဲဆီဈေးတွေလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

2
ကိုထိုင်

ကိုထိုင်

လွန်ခဲ့သော ၁ နှစ် က

မေလ၂၆-၂၀၂၅ကြက်သွန်နီကြက်သွန်ဖြူဈေး

ကိုထိုင်

ကိုထိုင်

လွန်ခဲ့သော ၁ နှစ် က

၅,လပိုင်းကြက်သွန်နီဈေးကွက်

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။