ငရုတ်စိုက်ပျိုးသူများ ခဲဓာတ်ပါဝင်မှုကို သတိပြုရန် လိုအပ်
ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ခဲဓာတ်ပါဝင်မှုကို သတိပြုရန် လိုအပ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။
အခုရက်ပိုင်းအတွင်းမှာလေးတင် မြန်မာ့ငရုတ်သီးတချို့မှာ ခဲဓာတ်ပါဝင်မှုများလို့ဆိုပြီး တရုတ်ဘက်ကို ငရုတ်သီးတင်ပို့ခွင့် အရောင်းအဝယ် ခေတ္တရပ်နားမယ်ဆိုပြီး ဖြစ်ခဲ့ပါသေးတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ မှာတော့ ပြန်လည်ခွင့်ပြုလိုက်ပြီလို့ ကြားသိရပါတယ်။ ခဲဓာတ်ပါဝင်မှုက မြေဩဇာတွေမှာ၊ မြေကြီးထဲမှာလည်း ရှိနေတတ်ပါတယ်။ ဒါတွေကို တောင်သူတွေအနေနဲ့ သိရှိထားဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ ထုတ်လုပ်ရာမှာလည်း ခဲဓာတ်ပါဝင်မှု များလား နည်းလား၊ တောင်သူတွေ မသိနိုင်ပါဘူး။
ဟု အရှေ့မြောက်တံခါး ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးစိုးမိုးဂျူလှိုင်က ပြောသည်။
ခဲဓာတ်ပါဝင်မှု မြင့်မားနိုင်စေသော အကြောင်းအရင်းများအနေဖြင့် မြေကြီးအတွင်း ခဲဓာတ်များနေခြင်း၊ စိုက်ပျိုးရေးသုံးဆေးများ သုံးစွဲမှုလွန်ကဲခြင်း၊ သုံးရေများတွင် ခဲဓာတ်ပါဝင်မှု များနေခြင်း၊ ခဲဓာတ်ပါသော ရေပိုက်များကို တပ်ဆင်သုံးစွဲခြင်း၊ တာရှည်ခံဆေးများကို အသုံးပြုခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးနှင့် ဓာတ်မြေဩဇာများ သုံးစွဲရာတွင် ခဲဓာတ်ပါဝင်မှုများသည့် ဆေးများကို အသုံးပြုကြခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။
သတ္တုဓာတ်တွေက သဘာဝအလျောက် မြေဆီလွှာအတွင်း တည်ရှိလျက်ရှိပါတယ်။ စက်မှုလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ခဲဓာတ်ကို တူးယူအသုံးပြုနေကြတာက နှစ်များစွာကြာရှည်ခဲ့ပြီ။ သတ္တုဓာတ်များစွာ ရှိတဲ့အနက် တချို့ သတ္တုဓာတ်တွေက လူသားတွေကို သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်စနစ်နဲ့ဖြစ်စေ အကျိုးပြုလုပ်ငန်းစေတာမျိုးလည်း ရှိပါတယ်။
ဟု ဦးစိုးမိုးဂျူလှိုင်က ဆက်လက်ပြောသည်။
ခဲဓာတ်၊ ပြဒါးဓာတ်၊ ကတ်ဒမီယမ်၊ ခရိုမီယံ၊ ငွေ၊ အာဆင်းနစ်ဓာတ် တို့သည် လူတို့၏ ခန္ဓာကိုယ် အတွင်း ပမာဏအများအပြားရောက်ရှိပါကမူ ကျန်းမာရေးကို ထိခိုက်စေတတ်ကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သူရိန်ထွန်း
လွန်ခဲ့သော ၅ နှစ် ကအရွက်တွေထွဠ်နေလို့ဆေးလေးလမ်းညွန်ပေးပါ
uthan
လွန်ခဲ့သော ၅ နှစ် ကThan
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022