ပဲစင်းငုံနီကို အိန္ဒိယအပြင် တရုတ်ကပါ ဝယ်ယူမှုရှိနေ၊ ပြောင်းဈေးလည်း ဆက်တိုက်မြင့်
တရုတ်တင်ပို့မှုအပြင် ထိုင်းနိုင်ငံတင်ပို့မှုလည်း ရှိနေတဲ့ ပြောင်းဆန်ဈေးဟာ ဆက်တိုက်မြင့်တက်နေသလို အိန္ဒိယ နိုင်ငံကအပြင် တရုတ်နိုင်ငံကပါဝယ်ယူနေတဲ့ ပဲစင်းငုံနီဟာလည်း အမြင့်ဈေးနဲ့ငြိမ်နေတယ်လို့ လယ်ယာစိုက်ပျိုး ရေးနှင့်ဈေးကွက်သတင်းအဖွဲ့ (AMIA) ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
ပြောင်းဆန်

ပြောင်းဆန်ကတော့ ဈေးတွေမြင့်တက်နေပေမဲ့ တရုတ်နှစ်ကူးအမီအရောင်းအဝယ်တွေ သွက်နေတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပြောင်းဆန်က တစ်ပိဿာကို ၁၂၅၀ ကနေ ၁၂၆၀ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀ ကျပ် ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၆၃၀၀၀ ကနေ ၆၃၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ် ကို ၂၅၀၀ ကျပ်၊ ဗမာပြောင်း၊ ရှမ်းပြောင်း၊ ပြောင်းနီတို့ကလည်း တစ်အိတ်ကို ၆၁၀၀၀ ကနေ ၆၈၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၀၀၀ ကနေ ၃၀၀၀ ကြား ဈေးအသီးသီးမြင့်တက်လာပါတယ်။
မုံရွာဈေးကွက်မှာလည်း စီပီပြောင်းက တစ်တင်းကို ၂၁၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀ ကျပ် ဈေးတက် လာပါတယ်။
ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက တစ်တန်ကို ၁၈ သိန်းကျော်ထိ ပေါက်ဈေးရှိနေခဲ့ပြီး ဒီတစ်ပတ် မှာတော့ ဈေးက အမြင့်ဈေးနဲ့ ငြိမ်နေတဲ့အခြေအနေ ဖြစ်ပါတယ်။ ပဲစင်းငုံနီနဲ့ပတ်သတ်ပြီး အိန္ဒိယနိုင်ငံမှာလည်း အထွက်နှုန်းလျော့နည်းမယ် ပြည်ပကနေ ဝယ်ယူရမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေကြောင့် ဈေးကောင်းတော့ ရရှိနေပါတယ်။ အိန္ဒိယနိုင်ငံက အရန်ပဲသိုလှောင်ဖို့ ပဲစင်းငုံနီကို မြန်မာနဲ့အာဖရိကကနေ ပေါက်ဈေးအတိုင်းပေး ဝယ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
အိန္ဒိယက ပေါက်ဈေးအတိုင်းလို့ ဆိုပေမယ့် ဈေးအရမ်းမြင့်ရင်တော့ မူဝါဒတွေပြောင်းပြီး ဈေးနှုန်းထိန်းချုပ်တာတွေ ပြုလုပ်တတ်လို့ ကုန်သည်တွေအနေနဲ့ သတိထားစောင့်ကြည့်ရမဲ့ အခြေအနေဖြစ်ပါတယ်။ လက်ရှိ ပဲစင်းငုံနီဈေးကွက်ကတော့ အိန္ဒိယနိုင်ငံအပြင် တရုတ်ဝယ်ယူမှုပါရှိနေလို့ ဈေးကောင်း ရရှိနေတာပါ။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတော့ တစ်တန်ကို ၁၈ သိန်း ၂ သောင်းပတ်ချာလည် အတက်အကျ ရှိနေပါတယ်။
မန္တလေးဈေးကွက်မှာလည်း တစ်အိတ်(ပိဿာ ၆၀) ကို ၁၇၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၃၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။
နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ နဲ့ အောင်လံဈေးကွက်တွေမှာတော့ တစ်တင်း(ပိဿာ ၂၀) ကို ၅၇၀၀၀ ကနေ ၅၇၅၀၀ ကြား ပေါက်ဈေးရှိနေပြီး ၂၀၀၀လောက် ဈေးတက်လာပါတယ်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုစိုင်း ကိုစိုင်း
လွန်ခဲ့သော ၃ နှစ် ကပြောင်းဈေးထက်တက်ဖို့အလားလာရှိလားဗျ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....