ဆန်ဈေးအတက်မရပ်...မတ်ပဲလည်းဈေးဆက်တိုက်ပြန်တက်
ဆန်ဈေးတွေဟာ ဇန်နဝါရီ ၁၆ ရက်တုန်းက တစ်ကြိမ်တက်လာခဲ့သလို တစ်ပတ်အကြာ ဇန်နဝါရီ ၂၃ ရက်မှာ နောက်ထပ်တစ်ကြိမ် ဈေးတွေထပ်တက်ခဲ့ပြီး ဒီတစ်ပတ်မှာလည်း အတက်မရပ်ဘဲ မနေ့က (ဇန်နဝါရီ ၃၀ ရက်) ဈေးအဖွင့်မှာတင် ဈေးက ထပ်တက်လာခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဈေးအပြောင်းအလဲမရှိဘဲ မနေ့ကဈေးတွေအတိုင်းသာ ဆက်ရှိနေပါတယ်။
ဆန်အမျိုးအစားအားလုံးနီးပါး ဈေးတွေထပ်တက်လာတာပါ။ ဆန်အနေအထားတွေကြောင့်ရော၊ ပြည်ပဆန် အဝယ်ရှိနေပြီး ပြည်တွင်းဆန်အထွက်နှုန်း လျော့နည်းမယ်လို့ ခန့်မှန်းမှုတွေကြောင့်ရော အဝယ်လိုက်ပြီး ဈေးတွေဆက်တိုက်မြင့်တက်နေတာဖြစ်သလို ဆန်ဈေးထပ်တက်မှာကို စိုးရိမ်ပြီး ပြည်တွင်းဝယ်ယူ သို လှောင်မှုတွေကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) ရဲ့ ပြီးခဲ့တဲ့တစ်ပတ်ဈေးကွက်သုံးသပ်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်အပိတ်(၂၇.၁.၂၀၂၃) ဈေးနဲ့ယှဉ်ရင် ဘယ်လောက်အထိ ဈေးတွေတက်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်။ (ဆန်က တစ်တင်းခွဲတစ်အိတ် ဈေးနှုန်းတွေဖြစ်ပါတယ်)

အကျဘက်ကိုဆက်တိုက်ရောက်သွားပြီး ယခုဇန်နဝါရီ ၂၄ ရက်ကျမှ ဈေးပြန်မော့လာတဲ့ မတ်ပဲဈေးဟာလည်း ဆက်တိုက်တက်နေဆဲဖြစ်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်တုန်းက တစ်တန် (၃၁.၁ တင်းခန့်)ကို ၁၆၅၇၀၀၀ ကျပ်ထိ ရောက်သွားတဲ့ မတ်ပဲ(အက်ဖ်အေကျူ၊ အာစီ)ဟာ နေ့စဉ်အတက်ပြန်ပြလာပြီး ဒီနေ့မှာတော့ ၁၇၅၂၅၀၀ ကျပ်ထိ ပြန်ရောက်လာပြီဖြစ်သလို တစ်တန်ကို ၁၈၈၇၀၀၀ ကျပ်ထိ ဖြစ်သွားခဲ့တဲ့ မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးဟာလည်း ဒီနေ့မှာ ၁၉၇၇၅၀၀ ကျပ်ထိ ပြန်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဆိုတော့ တစ်ပတ်အတွင်း တစ်တန်ကို ကျပ် ၉ သောင်းကျော် ၁ သိန်းနီးပါး ဈေးတွေပြန်တက်လာတာဖြစ်ပါတယ်။
အခုလို မတ်ပဲဈေးတွေပြန်တက်နေတာဟာ အသစ်ဝင်လာတဲ့ပဲတွေ အဝယ်သွက်နေတာ၊ လက်ရှိငွေလဲလှယ် နှုန်းဈေး အနည်းငယ်ပြန်မြင့်တက်လာတာ၊ အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့် ပြည်တွင်းဝယ်ယူမှုတွေ ရှိနေ တာ၊ ဈေးတွေ အများကြီး မကျဆင်းဖို့ ဈေးထိန်းနေတဲ့အခြေအနေတွေရှိနေတာ စတာတွေကြောင့် ဖြစ်တယ်လို့ ကုန်သည်ကြီးအချို့က သုံးသပ်ကြကြောင်း AMIA ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ye lin aung ye lin
လွန်ခဲ့သော ၃ နှစ် ကမှော်ဘီသုံး အလဲလ်ဗင် စျေးသိပရစျေ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026