အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဧရာဝတီတိုင်းတွင် စပါးဈေး ဆက်တိုက်မြင့်တက်

ဧရာဝတီတိုင်းတွင် စပါးဈေး ဆက်တိုက်မြင့်တက်

AMIA
AMIA • 08/04/2022

ဧရာဝတီတိုင်းဈေးကွက်မှာတော့ ဆန်ဈေးရော စပါးဈေးရော ၄ ပတ်ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ 

စက်ပိုင်တွေက ဝယ်ယူနေခဲ့ပြီး လက်ကျန်လည်းမရှိသလောက်ဖြစ်နေလို့ ဈေးက ဆက်တိုက်မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၁၀၃၀၀၀ ပေါက်ဈေးရှိပြီး  ၁၇၀၀၀ ကျပ် ဈေးတက်လာကာ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၈၀၀၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မြောင်းမြစပါးကလည်း တင်း ၁၀၀ ကို ၁၁၅၇၀၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀၀ ကျပ်၊ မြောင်းမြဧည့်မထစပါးက တင်း ၁၀၀ ကို ၈၁၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ဖျာပုံပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၁၁၅၀၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၆၀၀၀ ကျပ်ဈေးတက်လာကာ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၇၈၂၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်ဈေးတက်လာပါတယ်။

စပါးအသစ်တွေ ပေါ်တော့မှာဖြစ်လို့ စပါးဈေးတွေ ကျဆင်းနိုင်တယ်လို့ ကုန်သည်တွေက ဆိုပေမယ့် ယခုနှစ် စပါးအထွက်လျော့နည်းနိုင်လို့ တောင်သူတွေအနေနဲ့ ရောင်းချရာမှာ သတိထားလုပ်ဆောင်သင့်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ဆန်က ပုံမှန်အဝင်ရှိနေပေမယ့်အရောင်းအဝယ်ကတော့ အေးနေပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
U Htay Aung

U Htay Aung

လွန်ခဲ့သော ၄ နှစ် က

.

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။