အောင်မြင်နေသည့် ဝါးစိုက်ခင်းများကို စနစ်တကျလေ့လာပြီးမှ “ဝါး”စိုက်ပျိုးသင့်
အောင်မြင်နေသည့် ဝါးစိုက်ခင်းများကို စနစ်တကျလေ့လာပြီးမှ “ဝါး”စိုက်ပျိုးရန် ဆုံးဖြတ်သင့်ကြောင်း မြန်မာနိုင်ငံ ဝါး စိုက်ပျိုးရေးအသင်းမှ ပြောသည်။
ဝါး ကို စီးပွားဖြစ် မစိုက်ပျိုးခင်မှာ လက်ရှိမှာအောင်မြင်နေတဲ့ ဝါးစိုက်ခင်းတွေကို အရင်ဆုံး သွားလေ့လာပြီးမှ စိုက်သင့် မစိုက်သင့် ဆုံးဖြတ်ပါ။ ဝါးစိုက်ရင်းနဲ့ သစ်တောသစ်ပင် စိုက်ပျိုးရေးနဲ့ပါ တွဲစိုက်နိုင်ရင် ပိုပြီး အောင်မြင်နိုင်ပါတယ်။
ဟု မြန်မာနိုင်ငံ ဝါး စိုက်ပျိုးရေးအသင်းဥက္ကဌ ဦးကျော်ဝင်း က ပြောသည်။
ဝါးပင်ကို မြန်မာနိုင်ငံရှိ နေရာဒေသအနှံ့အပြား၌ တွေ့ရှိနိုင်ပြီး၊ ယခုအခါ စီးပွားဖြစ် ဝါး စိုက်ခင်းများအနေဖြင့် အများအပြား စိုက်ပျိုးလာကြခြင်း ဖြစ်သည်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် စတဲ့ သဘာဝ ဝါးတောတွေကနေ မျှစ်တွေ အလွန်ထွက်ရှိနေတာတောင် မျှစ် စျေးကွက် ပျက်သွားတာမျိုး မကြားရဖူးသေးပါဘူး။ အခုဆိုရင် ကုမ္ပဏီတချို့ကနေ ဝယ်ယူမယ့် အာမခံနဲ့ ဝါး စိုက်ခင်းတွေလည်း ပေါ်ထွက်လို့လာပါပြီ။
ဟု ဦးကျော်ဝင်း က ဆက်လက်ပြောသည်။
ဝါးပင် စိုက်ပျိုးရာတွင် အစေ့မှ မျိုးပွားနည်း၊ သဘာ၀အလျောက်ပေါက်ရောက်မှုမှ ပျိုးထောင်မျိုးပွားနည်း၊ ရိုင်ဇုမ်းပါ မြစ်ဆုံဖြင့် မျိုးပွားနည်း၊ ကိုင်းဖြတ်မျိုးပွား နည်း၊ မြေထုပ်စည်း၍ ကိုင်းကူးမျိုးပွားနည်း၊ တစ်သျှူးမျိုးပွားနည်း စသည့် မျိုးပွားနည်း (၆)မျိုးရှိပြီး တို့ရှိကြောင်း ဝါး စိုက်ပျိုးရေးပညာရှင်များထံမှ သိရသည်။
နန်းထက်ထက်ချစ် (ABM)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022