ထောပတ်သီးရာသီတွင် ပြည်ပသို့ တန်ချိန် ၁၀,၀၀၀ ဝန်းကျင် တင်ပို့နိုင်ခဲ့
ယခုနှစ်တွင် ပြည်ပသို့ ထောပတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် ၁၀,၀၀၀ အထိ တိုးမြှင့်တင်ပို့နိုင်သည့် အခြေအနေရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ပြည်ပဈေးကွက်သို့ ထောပတ်သီးတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံတစ်ခုတည်းသို့သာ အဓိကတင်ပို့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသည့်အထဲမှ Hass အမျိုးအစား ထောပတ်သီးကို တင်ပို့ရောင်းချခြင်းဖြစ်သည်ဟု သိရသည်။
ယခင်နှစ်က ပြည်ပသို့ ထောပတ်သီး တန်ချိန် ၈,၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂,၀၀၀ ခန့် တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
"စီးပွားကူးသန်းဌာနက ခန့်မှန်းတာကတော့ ဒီနှစ် တန် ၁၀,၀၀၀ လောက် ပို့နိုင်တဲ့အခြေအနေ ရှိတယ်။ အရင်နှစ်ထက် ပိုတိုးပို့နိုင်တာပေါ့။ စာရင်းအတိအကျကတော့ ဒီလကုန်လောက်မှ သိရမယ်" ဟု မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဝင် တစ်ဦးက ပြောသည်။
ယခုနှစ် ထိုင်းဈေးကွက်တွင် ထောပတ်သီး တစ်ကီလိုလျှင် အရည်အသွေးနှင့် အလုံးအရွယ်အစားပေါ် မူတည်၍ ၅၀ ဘတ်မှ ၈၀ ဘတ်အတွင်း ဈေးနှုန်းရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ Hass အမျိုးအစား ထောပတ်သီး ရာသီချိန် ကုန်ဆုံးသွားပြီဖြစ်သည့်အတွက် ပြည်ပတင်ပို့မှုလည်း ရပ်နားသွားပြီဖြစ်သည်။

"အခုက Hass ထောပတ်သီးလည်း ကုန်ပြီ၊ မရှိတော့ဘူး။ ဒေသသီးတွေပဲ ရှိတော့တယ်။ ဒီနှစ်ဈေးကွက်ကတော့ အရှုံးအမြတ် မျှရင်းနဲ့ပဲ ပြီးသွားတာပါပဲ" ဟု ကုန်သည်တစ်ဦးက ဆိုသည်။
ပြည်တွင်း၌ ထောပတ်သီး အထွက်နှုန်းကောင်းသော်လည်း အရည်အသွေး ကောင်းမွန်သည့်အသီး နည်းပါးသောကြောင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမျိုးစပ်ဖြစ်သည့် Hass အမျိုးအစား ထောပတ်သီးကို တင်သွင်းစိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ပြည်ပသို့လည်း အဆိုပါအမျိုးအစားကိုသာ အဓိက တင်ပို့နေခြင်းဖြစ်သည်။
ယခင်က ထောပတ်သီးကို ထိုင်းနိုင်ငံအပြင် အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့မှုရှိခဲ့သော်လည်း လက်ရှိတွင် ထိုင်းနိုင်ငံတစ်ခုတည်းသို့သာ တင်ပို့နိုင်သည့် အခြေအနေဖြစ်နေသည်။
ထောပတ်သီးကို ပြည်တွင်းစားသုံးမှုအနေဖြင့် ဖျော်ရည်လုပ်ငန်းများတွင်သာ အဓိကသုံးစွဲကြပြီး အခြားတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်မှုနှင့် စားသုံးမှု နည်းပါးနေသေးသည့်အတွက် ပြည်ပဈေးကွက်ကိုသာ အဓိက အားထားနေရခြင်းဖြစ်ကြောင်း သိရသည်။
ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့တွင် အများဆုံး စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံနှင့် လွိုင်လင်မြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့နယ်များတွင်လည်းကောင်း အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသီးနှံဈေးကွက်
အကြောင်းအရာ 2
ပြည်တွင်းသီးနှံဈေးကွက်
U Maung Maung Htwe
လွန်ခဲ့သော ၆ လ ကသူတွေကထောပါတ်သီးအရည်အသွေးကောင်းတစ်မျိုးထဲကိုလိုချင်လို့ပါအရင်ကတရုပ်ကသောင်းပြောင်းကိုဇျေးနှိမ်ဝယ်ပြီးအလုံးအရွယ်အစားတူကိုရွေးချယ်ပြီးနိုင်ငံခြားကိုဇျေးကောင်းနဲ့မြန်မာ့ထောပါတ်သီးကိုပြန်ရောင်းတာHaas ကအလုံးသေးတယ်မြန်မာမျိးကအရွယ်အစားအမျိုးမျိုးရနိုင်တယ်ရွေးချယ်ထားတဲ့အထဲကတန်နဲ့ရအောင်မျိုူပွားပါHaas တုံးသွာူရင်ပိုဇျေးကောင်းရမှာသေချာတယ်
U Maung Maung Htwe
လွန်ခဲ့သော ၆ လ ကကမ္ဘာကျော်မျိုးနံမည်ရပြီးဖြစ်၍ ထောပတ်သီးတစ်မျိးထဲက်ုတန်နဲ့ဝယ်လို့ရလို့ယိုးဒယားကဇျေးကောင်ူပေးပြီးဝယ်တာပါမြန်မာ့ထောပတ်သီးများကိုစားဘူးတဲ့နိုင်ငံခြားသားများကအရသာသီပ်ကောင်ူကြောင်းချီးမွမ်းပြောဆိုကြပါတယ်မြန်မာ့ထောပတ်သီးထောင်ကြော်မျိုးထဲကနိုင်ငံတကာထောပတ်သီးမျိုးကောင်းမျိုးသန့်ရွေးချယ်နီးအတိုင်းရှမ်းနဲ့ချင်းထောပတ်သီးထဲက ၂၂ မျိုးရွေးချယ်သတ်မှတ်ပေးထားတဲ့မျိုးများကို တစ်မျိုးချင်းကိုတန်နဲ့ရအောင်မျိုးပွားပြီးရောင်းနိုင်လုပ်ရင် Haasတောင်ရှုံသွားနိုင်တယ်အဓိကရောင်းသူေကေဝယ်တဲ့
U Maung Maung Htwe
လွန်ခဲ့သော ၆ လ ကHaas ထောပါတ်သီးကကာလီဖိုးနီးယားအမေရီးကားက ၂၀၁၇ ဒီဇင်ဘာ ၂၀၁၈ ဇန္န်ဝါရီလကမှရှမ်းနဲ့ချင်းတောင်မှာထောပတ်သီးပြပွဲပြိုင်ပွဲပြုလုပ်ပြီးတင်သွင်းပေးပြီးလက်ရှိမျိုးများကိုအောက်ခံပင်ပေါ်ကိုင်းဆက်မျိုးပွားထားလို့နှစ်နှစ်ခွဲလောက်နဲ့အသီးစသီးလာတယ်Haasမျိုးကကာလီဖိုးနီးယားမှာလွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်ထဲကရွေးချယ်ထားသောမျိုးဖြစ်ပြီးငမ္ဘာကျော်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026