ဓာတုဓာတ်ကြွင်းမပါတဲ့ ပဲတီစိမ်းများကို တရုတ်ကပြန်လည်ဝယ်ယူပေးမည်..
တရုတ်နိုင်ငံမှ မြန်မာ့ပဲတီစိမ်း ပြန်လည်၀ယ်ယူမည်ဆိုသည့် သတင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်း အမျိုးအစားအချို့ ဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် လများက ပိုးသတ်ဆေးဓာတ်ကြွင်းများနေခြင်းကြောင့် ပဲတီစိမ်းတန်ချိန်၁၀,၀၀၀ ကျော်ကို ပြန်လည်ပို့ဆောင်သည့်ဖြစ်စဉ်အပြီး တရုတ်နိုင်ငံမှမြန်မာ့ ပဲတီစိမ်းအ၀ယ်ရပ်လိုက်သည်။ ထို့နောက် နှစ်နိုင်ငံအစိုးရတာ၀န်ရှိသူများ ညှိနှိုင်းပြီးနောက် တရုတ်နိုင်ငံမှ ပြန်လည်၀ယ်ယူပေးခြင်းဖြစ်သည်။
ထိုသို့တရုတ်နိုင်ငံမှ ပဲတီစိမ်း ပြန်လည်၀ယ်ယူမည့် သတင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ပဲတီစိမ်း (အညာ)က တစ်ပိဿာလျှင်ကျပ်၅,၁၆၅/၅,၁၈၅မ ကျပ် မှ ၅,၅၀၀/၅,၅၂၀သို့ ဈေးမြင့်တက်လာသည်။ ထို့အပြင် ပြည်ပရောင်းချသည့် FOB ဈေးကလည်း ပဲတီစိမ်း FAQ(အညာ)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၇၀/၈၈၀ မှ ၉၁၀/၉၂၀သို့ ဈေးမြင့်တက်သည်။
မြန်မာနိုင်ငံတွင်စိုက်ပျိုးထုတ်လုပ်သည့် ပဲတီစိမ်းကို တရုတ်ဈေးကွက်အပြင် အိန္ဒိယ၊ ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့၀င်နိုင်ငံများကိုလည်း တင်ပို့ရောင်းချသည်။

ယခုနှစ်တွင် အိန္ဒိယနိုင်ငံက မြန်မာ့ပဲတီစိမ်းကို မတ်ပဲ၊ ပဲစင်းငုံကဲ့သို့ အခွန်မဲ့၀ယ်ယူတင်သွင်းမည့် အစီစဉ်အား ပယ်ဖျက်ကြောင်းကို အိန္ဒိယ မီဒီယာအချို့က ဖော်ပြကြသည်။
ထို့ကြောင့် မြန်မာ့ပဲတီစိမ်းသည် အီးယူနှင့် တရုတ်ဈေးကိုသာအဓိက ဦးတည်ရောင်းချရမည့် အခြေအနေမျိုးဖြစ်သည်။ အီးယူနိုင်ငံများမှ ၀ယ်လိုအားက နည်းခြင်းကြောင့် တရုတ်ဈေးကွက်က အရေးပါလာသည်။
တစ်နှစ်လျှင် တန်ချိန် ၁ သန်းကျော် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့ပဲတီစိမ်းကို တရုတ်ဈေးကွက်က ၆၀ ရာခိုင်နှုန်းကျော် ဈေးကွက်ဝေစု ရယူထားသည်။ ထို့ကြောင့်တရုတ်ဈေးကွက်သည် မြန်မာနိုင်ငံမှ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူလယ်သမားများအတွက် အဓိကအခန်း ကဏ္ဍမှပါ၀င်နေသည်။
ထိုကြောင့် ဆောင်းပဲတီစိမ်း စိုက်ပျိုးမည့်တောင်သူများအနေဖြင့် မိမိစိုက်ပျိုးသော သီးနှံကို GAPစနစ်ဖြင့် စိုက်ပျိုးပြီး ပိုးသတ်ဆေးများအပါအဝင် ဓာတုဆေးများသုံးစွဲမှုကိုလည်း စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် တင်ပို့ရောင်းချသူများက အကြံပြုထားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....