သယ်ယူစရိတ်တွေမြင့်တက်လို့ မတ်ပဲတင်ပို့မှုလျော့ကျပြီး အရောင်းအဝယ် အေးနေ
လောင်စာဆီ အခက်အခဲကြောင့် ကုန်တင်ကားများ မထွက်နိုင်သည့်အတွက် ဧရာဝတီတိုင်း၊ ဟင်္သာတမှ မတ်ပဲများ ရန်ကုန်သို့ တင်ပို့ရောင်းချနိုင်မှု လျော့ကျနေကြောင်း ဟင်္သာတကုန်စည်ဒိုင်မှ သိရသည်။
မတ်ပဲကို ရန်ကုန်သို့ တင်ပို့ရောင်းချနိုင်မှု လျော့ကျသည့်အပြင် မတ်ပဲသယ်ယူစရိတ် တန်ဆာခလည်း မြင့်တက် လာခြင်းကြောင့် ဟင်္သာတပဲဈေးကွက်တွင် မတ်ပဲအရောင်းအဝယ် အေးနေပြီး ဈေးနှုန်းများလည်း ကျဆင်းနေ ကြောင်း သိရသည်။
ပဲသယ်ယူစရိတ် မြင့်မားလာခြင်းကြောင့် ကုန်သည်များက မတ်ပဲပိဿာ ၂၀ ဝင် တစ်တင်းလျှင် လက်ရှိ ပေါက်ဈေးထက် ၂,၀၀၀ ကျပ်ခန့် ခွာ၍ ဝယ်ယူမှုများ ရှိလာသည်။
"သယ်ယူစရိတ်က အရင်က ပိဿာ ၃၀ ဝင် တစ်အိတ်ကို ၁,၇၅၀ ကျပ်ပဲ ရှိတာ။ အခု ၃,၅၀၀ ကျပ် ဖြစ်သွားပြီ။ အဲဒီတော့ ပဲတစ်တင်းကို တန်ဆာခဖိုး ထပ်နှုတ်ပြီးမှ ဝယ်ယူတော့ ပဲဈေးက မတက်နိုင်ဘူး။ တက်မယ့်ဟာက တန်ဆာခထဲ ရောက်သွားတာပေါ့" ဟု ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် ဟင်္သာတရှိ ပဲတင်ဆောင်သည့် ကုန်တင်ကားများမှာ စက်သုံးဆီ အခက်အခဲရှိနေသောကြောင့် မထွက်နိုင်ဘဲ ဖြစ်နေပြီး ပွဲရုံများတွင်လည်း ပဲအရောင်းအဝယ် အေးနေခြင်းဖြစ်သည်။

"ဥပမာပြောရရင် အရင်က ကား ၁၀ စီး ထွက်နိုင်ရင် အခုက ၂ စီးလောက်ပဲ ထွက်နိုင်သည်။ ကားမထွက်နိုင်တော့ ပဲတွေလည်း ပုံနေတယ်။ အဲဒီတော့ အရောင်းအဝယ်လည်း သိပ်မဖြစ်တော့ဘူး" ဟု ဟင်္သာတကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိ ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲပိဿာ ၂၀ ဝင် တစ်တင်းလျှင် ၉၆,၅၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသော်လည်း အရောင်းအဝယ် အေးနေကြောင်း သိရသည်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်တွင်မူ မတ်ပဲ FAQ တစ်တန်လျှင် ၃,၀၈၃,၀၀၀ ကျပ် ဈေးရှိပြီး FOB ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ မှ ၈၁၀ အတွင်း ရှိနေသည်။
မတ်ပဲသည် ဧရာဝတီတိုင်းတွင် ယခုနှစ် အထွက်နှုန်း သိသိသာသာ လျော့ကျခဲ့ခြင်းကြောင့် လက်ရှိတွင် တောင်သူလက်ဝယ်၌ မတ်ပဲလက်ကျန် အများအပြား မရှိတော့ကြောင်း သိရသည်။ မတ်ပဲအထွက်နှုန်း လျော့ကျမှုကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ် မရရှိသည့်အပြင် အရှုံးနှင့်ပင် ကြုံတွေ့ခဲ့ရသည်ဟု ဆိုပါသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026