ဒေါ်လာဈေးအတက်အကျနှင့် အထွက်နှုန်းတို့အပေါ်မူတည်၍ ငရုတ်ကောင်းဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နေ
ဒေါ်လာဈေးအတက်အကျနှင့် အထွက်နှုန်းတို့အပေါ်မူတည်၍ ငရုတ်ကောင်းဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ငရုတ်ကောင်းဈေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။
"ငရုတ်ကောင်းဈေးက လုံးဝပြန်မကျသွားဘူး။ ဈေးနှုန်းက အတက်ဘက်မှာပဲ ဆက်ငြိမ်နေတယ်။ မနှစ်ကဈေးနဲ့ယှဥ်ကြည့်ရင်တော့ ဒီနှစ်ငရုတ်ကောင်း ဈေးက ၂ ဆကျော်အထိ တက်နေတာပဲ။ ပြည်တွင်းကထွက်တဲ့ ငရုတ်ကောင်းတွေ ဈေးတက်နေသလိုပဲ၊ ဒေါ်လာဈေး တက်နေတဲ့အတွက် ဗီယက်နမ်ဘက်ကနေ မြန်မာပြည်ဘက်ကို import ဝင်လာတဲ့ ငရုတ်ကောင်းတွေကလည်း ဈေးမြင့်နေပါတယ်။"
ဟု KKO-Pepper ငရုတ်ကောင်းထုတ်လုပ်ရေး၏ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။
လက်ရှိတွင် ငရုတ်ကောင်းစေ့ (အမဲ) တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်အတွင်း ဈေးနှုန်းရှိနေကြောင်း ဘုရင့်နောင်ပွဲရုံရှိ ငရုတ်ကောင်းကုန်သည်များထံမှ သိရသည်။
"ဒီနှစ်ထဲ ငရုတ်ကောင်းဈေးတွေ ဘယ်လောက်တက်နေလဲဆိုရင်.. ပြီးခဲ့တဲ့နှစ်က ဒီအချိန်မှာ ငရုတ်ကောင်းစေ့ (အမဲ) ဈေးက တစ်ပိဿာကို ၆၀၀၀/၇၀၀၀ ကျပ် ငရုတ်ကောင်းစေ့ (အဖြူ) ဈေးက တစ်ပိဿာကို ၂၅၀၀၀ ကျပ် ဝန်းကျင်ပဲရှိခဲ့တယ်။ အခုနှစ်မှာတော့ ငရုတ်ကောင်းစေ့ (အဖြူ) တစ်ပိဿာကို ၃ သောင်းကျော်သွားပြီ။ ဒီနှစ် အခုလိုတွေဈေးတက်ရတဲ့အကြောင်းအရင်းက ပြည်တွင်းက ငရုတ်ကောင်းခြံတွေမှာ အထွက်နှုန်းနည်းတာကြောင့်လည်း အများကြီးပါပါတယ်။"
ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။
ပြည်တွင်း၌ ငရုတ်ကောင်းစိုက်ဧကများ နည်းပါးနေသေးခြင်း၊ နှစ်ခြားသီးတတ်သည့် နှစ်တစ်ချို့တွင် ငရုတ်ကောင်းအထွက်နှုန်းများ ပုံမှန်နှစ်များကထက် လျော့ကျတတ်ခြင်း၊ စားသုံးမှုလိုအပ်ချက်အရ ပြည်ပမှ ငရုတ်ကောင်းများကို Import တင်သွင်းနေရခြင်းစသည့် လိုအပ်ချက်များစွာရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022