အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြည်တွင်းဈေးကွက်ကိုသာ အမှီပြုနေရခြင်းကြောင့် ကွမ်းသီးဈေးတက်ချိန်ဖြစ်သော်လည်း ဈေးကောင်းမရ

ပြည်တွင်းဈေးကွက်ကိုသာ အမှီပြုနေရခြင်းကြောင့် ကွမ်းသီးဈေးတက်ချိန်ဖြစ်သော်လည်း ဈေးကောင်းမရ

    ပြည်တွင်းဈေးကွက်ကိုသာ အားထားအမှီပြုနေရခြင်းကြောင့် ကွမ်းသီးဈေးတက်ချိန်ဖြစ်သော်လည်း ဈေးကောင်းမရရှိသေးကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

ကျွန်တော်တို့က ရေးမြို့နဲ့ မြိတ်မြို့ကထွက်တဲ့ကွမ်းသီးတွေကို ဝယ်ယူနေတာပါ။ ကွမ်းသီးဈေးကျနေတာ လေးလလောက်ကိုရှိနေပြီ။ တမူးလမ်းပိတ်ထားတာကြောင့် အဓိကတင်ပို့တဲ့ အိန္ဒိယဘက်ကို ကွမ်းသီးတွေမထွက်နိုင်တော့ ရန်ကုန်နဲ့ပြည်တွင်းဈေးကွက်မှာပဲ လည်ပတ်နေလို့ ဈေးတက်မလာတာပါ။

ဟု ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံရှိ ကွမ်းသီးဒိုင်မှ ကိုမျိုးမြင့်လတ်က ပြောသည်။

    လက်ရှိ ဈေးကွက်တွင် ကွမ်းသီးတစ်ပိဿာလျှင် အရည်အသွေးအနိမ့်အမြင့်အပေါ် မူတည်၍ ၄၀၀၀ ကျပ်မှ ၄၇၀၀ ကျပ် အတွင်း ဈေးနှုန်းများဖြင့် ရောင်းဝယ်နေသည်။

ဒီနှစ်က ကွမ်းသီးအထွက်နည်းတယ်။ မြိတ်၊ ရေးဘက်ကဒေသတချို့မှာ ရေတက်တယ်။ ကွမ်းခြံတွေ ရေဝင်တယ်။ ဒီလိုမျိုး ရာသီဥတုမကောင်းတဲ့ကာလဆိုတော့ ကွမ်းသီး အထွက်လည်းနည်းတယ်။ အထွက်နည်းတယ်ဆိုတော့ ဈေးတက်ရမယ့်ဟာကို မတက်ဘူး။ ဈေးကွက်ဖြုန်းအား နည်းနေလို့ပါ။

ဟု ကွမ်းသီးပင်စိုက်ပျိုးသူ ကိုနိုင်အောင်က ပြောသည်။

    ၂၀၁၉ ခုနှစ် (Covid-19 ကာလ မတိုင်မီ) က ကွမ်းသီးတစ်ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ (၄၅၀၀) ကျပ်မှ (၆၀၀၀) ကျပ် အတွင်း ဈေးရရှိခဲ့ကြောင်းသိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။