သကြားကို အရည်ဖျော်၍ တင်လဲရည်အဖြစ် တရုတ်သို့ တင်ပို့နိုင်
မြန်မာနိုင်ငံမှ ထွက်ရှိသော သကြားများကို အတုံးအခဲတင်ပို့ခြင်းကို လက်ခံခြင်းမရှိဘဲ အရည်ဖျော်၍ တင်လဲရည်အဖြစ် ပြောင်းကာ တင်ပို့ရောင်းချခြင်းကိုသာ လက်ခံသောကြောင့် လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံမှ လက်ခံသောအရည်အသွေးကို လေ့လာဆောင်ရွက်သင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာ့သကြားကို ယခင်လို ကုန်ကြမ်းတင်ပို့မှုအဖြစ် လက်ခံခြင်းမရှိ၍ လောက်ကိုင်နယ်စပ်မှတစ်ဆင့် ကြံပင်များကို ခုတ်လှဲပြီး ကြံအချောင်းလိုက် အဝယ်ရှိသဖြင့် လောက်ကိုင်ဒေသတွင် ကြံစိုက်ခင်း ဧကပေါင်း (၁) သိန်းခွဲကျော်အထိ စိုက်ပျိုးထားကြောင်း သိရသည်။
“တရုတ်က သကြားကို အတုံးအခဲကျ လက်မခံပဲ အရည်ဖျော်ပြီးတော့ သကြားဓာတ်က ၅၅ ရာခိုင်နှုန်း၊ ရေက ၄၅ ရာခိုင်နှုန်း စသဖြင့် အချိုးအစားနဲ့ တင်လဲရည်အဖြစ် လက်ခံမယ်ဆိုတဲ့အတွက်ကြောင့် အခုဆိုရင် တင်လဲရည်စပ်တဲ့ စက်တွေလည်း ပေါ်လာပါပြီ။ ဒါကြောင့် သကြားလုပ်ငန်းရှင်တွေ ကြံလုပ်ငန်းရှင်တွေအနေနဲ့ တရုတ်ဘက်က ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့ အရည် အသွေး အမျိုးအစားကို လေ့လာပြီး ဆောင်ရွက်သင့်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် သကြားပိုလျှံမှုများရှိသည်ဟု သက်ဆိုင်ရာလုပ်ငန်းရှင်များက ပြောကြားနေသော်လည်း အောက်ခြေတွင်ကြည့်ပါက ပိုလျှံမှုမရှိဘဲ ဖြန့်ချီရေးနည်းပါးခြင်းကြောင့် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တွင် မေလ ၂၂ ရက်က ကျင်းပပြုလုပ်သည့် လစဉ် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (၂၇) ကြိမ်မြောက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ နှစ်စဉ်သကြားလိုအပ်ချက်သည် တန်ချိန် (၁၆) သန်းနီးပါးရှိနေပြီး ပြည်တွင်းထုတ်လုပ်မှုသည် တန်ချိန် (၁၀) သန်းဝန်းကျင်သာ ထုတ်လုပ်နိုင်သည့်အတွက် တန်ချိန် (၆)သန်းဝန်းကျင် တင်သွင်းရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
"ဘေးထွက်ပစ္စည်းတွေဖြစ်တဲ့ ကြံဖက်မှ လျှပ်စစ်ထုတ်ရပါတယ်။ သကြားစက်ရုံတွေက ထွက်ရှိလာတဲ့ တင်လဲရည်ကို အီသနောထုတ်လုပ်ပြီး ပြည်ပမှ တင်သွင်းတဲ့ လောင်စာနဲ့ ရောစပ်ပြီးတော့ လောင်စာစွမ်းအင် ထုတ်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာကဲ့သို့ ပြည်ပမှ တင်သွင်းလာတဲ့ ဓာတ်ဆီကို အီသနော ၁၀ ရာခိုင်နှုန်း ရောစပ်အသုံးပြုရတဲ့ မူဝါဒချမှတ်ပြီး သကြားစက်ရုံတွေအတွက် ဘေးထွက်ပစ္စည်းဖြစ်တဲ့ တင်လဲရည်(Molasses) ပြဿနာ ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ဘေးထွက်ပစ္စည်းတွေကို တန်ဖိုးမြင့်ထုတ်ကုန် Value Added ပြုလုပ်ပြီး ထုတ်လုပ်ဖို့အတွက် နိုင်ငံတကာလို မူဝါဒမျိုးချမှတ်ပေးပြီး ရေရှည်အတွက် ဆောင်ရွက်ပေးပါ။" ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။
ပြည်တွင်းသကြားများသည် အထွက်နှုန်းတိုး၍ လတ်တလောတွင် ဝယ်လက်မရှိ၍ စုပုံနေခြင်း၊ သကြားများ ဈေး နှုန်းကျဆင်းခြင်း၊ ရောင်းချမှုခက်ခဲခြင်း၊ လက်ကျန်သကြားများမှာ ထားစရာဂိုထောင်မရှိခြင်း၊ သကြားများ စုပုံနေသဖြင့် ငွေကြေးလည်ပတ်မှု အခက်အခဲဖြစ်ခြင်း၊ ကြံစိုက်တောင်သူများအား စိုက်ပျိုးစရိတ် ထုတ်ပေးရန် ခက်ခဲခြင်းတို့ဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်ကုန် (GDP) ပမာဏ တိုးတက်ရန်၊ ကြံစိုက်တောင်သူများ၏ဘဝ တိုးတက်မြင့်မားစေရန်၊ SME လုပ်ငန်းများ ရေရှည်ရှင်သန်စေရန်နှင့် ပိုလျှံသကြားများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရန် ဈေးကွက်ရရှိစေရေးအတွက် ဆောင်ရွက်ပေးရန်၊ မြဝတီနယ်စပ်မှ သကြားမှောင်ခိုဈေးကွက်များ ရှိနေခြင်းနှင့် ပြည်ပမှ Export/Import လိုင်စင်ဖြင့် သကြားတင်သွင်းမှု အဝင်များလာလျှင် ပြည်တွင်းဈေးကွက်အား ထိခိုက်နိုင်သဖြင့် စီစစ်ဆောင် ရွက်ပေးရန် မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ မေလ ၂၂ ရက်က ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်သို့ တင်ပြထားသည်။
သကြားလုပ်ငန်း ရေရှည်အောင်မြင်ရန်အတွက် ယှဉ်ပြိုင်မှုစွမ်းရည် တိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ပြီး စက်ပစ္စည်းများတွင်လည်း နည်းပညာတိုးတက်ရန် လိုအပ်လာသဖြင့် ပြည်တွင်းစားသုံးသော Refine Sugar ကို ထုတ်လုပ်နိုင်မည့်စက်များ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ချေးငွေများထုတ်ပေးခြင်း သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ပေးခြင်းတို့ဖြင့် ကူညီဆောင်ရွက်ပေးရန်လည်း တင်ပြတောင်းဆိုထားသည်။
အေးအေးမြင့်(ABM)
Min Min
လွန်ခဲ့သော ၂ နှစ် ကတင်လဲရည်ကဘယ်လိုလုပ်ရတာလည်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026