အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲပုပ်မျိုးစေ့အမျိုးမျိုးရဲ့ အရည်အသွေးကို ဓါတ်ခွဲစစ်ဆေးနိုင်တော့မည်

ပဲပုပ်မျိုးစေ့အမျိုးမျိုးရဲ့ အရည်အသွေးကို ဓါတ်ခွဲစစ်ဆေးနိုင်တော့မည်

Green Way
Green Way • Greenovator • 24/07/2019

ယခုနှစ်အတွင်း ပဲပုပ်မျိုးစေ့အမျိုးမျိုးရဲ့ အရည်အသွေးကို ဓါတ်ခွဲစစ်ဆေးနိုင်တော့မှာဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှသိရပါတယ်။  

ပဲပုပ်မျိုးစေ့ရဲ့အရည်အသွေးကို သိရှိစေနိုင်ဖို့အတွက် ပဲပုပ်မျိုးစေ့များကို Mininfra Smart Whole Grain & Flour Analyser စက်ဖြင့် သုတေသနပြုလုပ်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦး ကပြောပါတယ်။

“ အဓိကက ပဲပုပ်မျိုးစေ့များရဲ့ အရည်အသွေးတွေကို ဓါတ်ခွဲစစ်ဆေးနိုင်တော့မှာပါ။ အခုဌာနအနေနဲ့ အရင်သုတေသနပြုလုပ်ဆောင်ရွက်မယ်။ပြီးရင်တော့ တောင်သူတွေလည်း ပဲပုပ်မျိုးစေ့အရည်အသွေး သိချင်ရင်လာရောက်စစ်ဆေးနိုင်ပါတယ်”

Mininfra SmarT Whole Grain & Flour Analyser စက်မှာ ပဲပုပ်မျိုးစေ့ရဲ့ အစိုဓါတ်၊ ပရိုတင်းဓါတ်၊ ကစီဓါတ်၊ အိုးလီရစ်အက်ဆစ်နဲ့ ဆီပါဝင်မှုနှုန်းတို့ကို တိကျစွာသိရှိစေနိုင်မှာဖြစ်ကြောင်း အဆိုပါဌာနမှသိရပါတယ်။

အဆိုပါပဲပုပ်မျိုးစေ့ စစ်ဆေးခြင်း Mininfra SmarT Whole Grain & Flour Analyser စက်ကို ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KOPIA) မှ စိုက်ပျိုးရေးသုတေသနဦးစီးဌာနကို လှူဒါန်းခဲ့တာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။