အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဧရာဝတီတိုင်းရှိ ပလောပီနံစျေးကွက် ဆက်တိုက်ကျဆင်းနေ

ဧရာဝတီတိုင်းရှိ ပလောပီနံစျေးကွက် ဆက်တိုက်ကျဆင်းနေ

ဧရာဝတီတိုင်းဒေသကြီးရှိ ပလောပီနံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေသည့် စျေးကွက်မှာ ၂၀၂၀ခုနှစ်အတွင်း ဆက်တိုက်ကျဆင်းလာကြောင်း သိရသည်။

ပလောပီနံအမှုန့် စျေးတွေကျနေပါတယ်။ ၂၀၁၉ ခုနှစ် တုန်းက  တစ်ပိဿာကို ၁၂၀၀ ကျပ် စျေးနှုန်း ရရှိခဲ့တယ်။ ၂၀၂၀ ခုနှစ်မှာတော့ အမှုန့်စျေးက တစ်ပိဿာကို  ၈၅၀ ကျပ်ပဲ ရတော့တယ်။ စျေးမကောင်းဘူး။

ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အင်းရဲကျေးရွာရှိ ရွှေပုစွန်ပလောစက်မှ ဦးသန်းလတ်(ခ)ကိုလတ်ကြီး က ပြောသည်။

ပလောပီနံကို ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်၊ ကျောင်းကုန်း၊ အထောင် ဒေသများတွင် အများဆုံး စိုက်ပျိုးနေပြီး စိုက်ပျိုးသူများမှ ကလောပီနံဥကို အခြောက်ခံကာ အမှုန့်ပြုလုပ်၍ ရန်ကုန်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။

ကျွန်တော်တို့က အမှုန့်လုပ်ပြီး တင်ပို့ရောင်းချတာပါ။ စားသောက်ဖွယ်ရာနဲ့ မုန့်တွေအများစုက ပလောပီနံမှုန့်နဲ့လုပ်ကြတာ များပါတယ်။ ရွှေရင်အေးထဲမှာပါတဲ့ သာကူသီးကိုလည်း ပလောမှုန့်နဲ့ပဲ လုပ်ကြတာပါ။

ဟု ဦးသန်းလတ်က ဆက်လက်ပြောသည်။

ပလောပီနံကို မေလပိုင်းတွင် စတင်စိုက်ပျိုးပါက ဇန်နဝါရီလပိုင်း၌ စျေးကွက်တင်ပို့ ရောင်းချနိုင်ကြောင်း တောင်သူများထံမှ သိရသည်။

နန်းထက်ထက်ချစ်(ABM)

 

Daw Khin thida kyaw

Daw Khin thida kyaw

လွန်ခဲ့သော ၃ နှစ် က

ပလောပီနံစိုက်ပျိုးနည်းဖတ်ချင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။