ရော်ဘာအရည်အသွေးအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးတော့မည်
မြန်မာ့ သဘာဝရော်ဘာ အရည်အသွေး စမ်းသပ်စစ်ဆေးရေး ဓာတ်ခွဲခန်းမှ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးတော့မည် ဖြစ်၍ ပြည်တွင်းစျေးကွက်တွင် စျေးကောင်းရရှိလာတော့မည် ဖြစ်ကြောင်း ရော်ဘာ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
“အသိအမှတ်ပြု လက်မှတ်ရှိထားဖို့လိုတယ်။ တရုတ်၊ ကိုရီးယား ကို ပို့မယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံက သတ်မှတ်ထားတဲ့ စည်မျဉ်းအတိုင်းပဲ လုပ်ရမှာ။ မြန်မာက သဘာဝ ရော်ဘာအများဆုံးတင်ပို့မှု ဆဌမအဆင့်ရှိနေတော့ ပိုပြီး လိုအပ်တယ်။ တခြားနိုင်ငံတွေကလည်း ဒီလက်မှတ်ရဖို့ ကြိုးပမ်းနေကြတယ်" ဟု ကရင်ပြည်နယ်ရှိ ရော်ဘာစိုက်တောင်သူများ ကွန်ရက်ဝင် ဦးဇန်ထူးမောင်က ပြောသည်။
အဆိုပါ ဓာတ်ခွဲခန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်း စမ်းသပ် စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူးမြို့နယ်)တွင် Public Private Partnership ပုံစံဖြင့် ဖွင့်လှစ်ထားပြီး အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း၏ အသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ " အရည်အသွေးထောက်ခံချက်လက်မှတ်ကို MSR (Myanmar Standard rubber) ၅၊ ၁၀၊ ၂၀ အစရှိတာတွေကို အသိမှတ်ပြု လက်မှတ် ထုတ်ပေးမှာ ဖြစ်ပါတယ်။" ဟု စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ပြောသည်။
လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက ၁၆ သိန်းဝန်းကျင် ရှိနေပြီး ရော်ဘာအစေးခြစ်ရမည့် အပင်ပေါင်း ခုနှစ်သန်းခန့်ရှိကာ အစေးမထွက်တော့သည့် သက်တမ်းရင့်အပင်ပေါင်း ငါးသောင်းဝန်းကျင်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက " ရော်ဘာကနေ ထုတ်လုပ်တဲ့ ပစ္စည်းတွေ အရည်အသွေး ပိုမိုကောင်းမွန်လာအောင် ရော်ဘာကြိတ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်လာနိုင်အောင် ပုဂ္ဂလိက အခန်းကဏ္ဍက ပိုပြီးတော့ အရေးပါလာပါတယ်။ ရော်ဘာနဲ့ ပတ်သတ်တဲ့ အဖွဲ့အစည်းတွေကိုလည်း အသင်းဝင်အဖြစ်နဲ့ ဝင်ရောက်နိုင်ရေး ကြိုးစားဆောင်ရွက်နေပါတယ်။ ရော်ဘာလုပ်ငန်းစဉ်တွေမှာ တောင်သူတစ်ဦးချင်းစီ လုပ်နေမယ်ဆိုရင် အရည်အသွေးတွေက မတူညီနိုင်ဘူး၊ ရော်ဘာအရည်အသွေးတူညီနိုင်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင် သို့မဟုတ် စက်ရုံတစ်ခုကနေ ဦးဆောင်ဦးရွက် ပြုပြီးတော့ ဆောင်ရွက်တဲ့ လုပ်ငန်းမျိုးကို တွန်းအားပေးပြီး ဆောင်ရွက်သွားမှာပါ။" ဟု ပြောသည်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ကမ္ဘာ့အဆင်မီစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် အစိုးရ အဖွဲ့အစည်းများသာ ဝင်ရောက်ခွင့်ရှိသည့် ANRPC သဘာဝ ရော်ဘာထုတ်လုပ်သည့် နိုင်ငံများအသင်းသို့ ဝင်ရောက်နိုင်ရန်လည်း ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
Worldexports.com ၏ ဖော်ပြချက်စာရင်းများအရ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ရော်ဘာတင်ပို့မှု၏ ၉၅ ဒသမ ၄ ရာခိုင်နူန်းကို တင်ပို့နိုင်ခဲ့သည့် ၁၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှားနှင့် အိုင်ဗရီကို့စ် နိုင်ငံများအောက်တွင် ဆဌမမြောက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။ ကမ္ဘာ့သဘာဝရော်ဘာတင်ပို့ရောင်းချနိုင်မှု၏ ၈၀ ရာခိုင်နူန်းသည် အာရှနိုင်ငံမှ ဖြစ်ပြီး အာဖရိကနိုင်ငံများမှ ၈ ဒသမ ၅ ရာခိုင်နူန်းနှင့် ဥရောပနိုင်ငံများမှ ၄ ဒသမ ၇ ရာခိုင်နူန်း အသီးသီး တင်ပို့လျက်ရှိကြောင်းသိရသည်။
မြန်မာ့အလင်း
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026