အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တရုတ်ကိုတင်ပို့သည့် ဖရဲစျေးနှုန်းများ မြှင့်တက်လာ

တရုတ်ကိုတင်ပို့သည့် ဖရဲစျေးနှုန်းများ မြှင့်တက်လာ

Green Way
Green Way • Greenovator • 04/10/2019

တရုတ်ကိုတင်ပို့သည့်ဖရဲစျေးနှုန်းများမြှင့်တက်လာ

မူဆယ်မှတရုတ်နိုင်ငံကို တင်ပို့နေသည့် မြန်မာ့ဖရဲများမှာ အခုလဆန်းပိုင်းအတွင်းစျေးနှုန်းများပြန် တက်လာတာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ ဖရဲများမှာ ဝယ်လိုအားလိုက်လာတဲ့အတွက် စျေးနှုန်းများမြင့်တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဖရဲ ၊ သခွားစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ ဥက္ကဌဦးနိုင်ဝင်းကပြောပါတယ်။

“ အရင်လတွေက သူတို့ဆီမှာကလည်း အသီးကပေါ်နေတော့ အဝယ်မလိုက်ဘူး။တရုတ်ပြည်မှာပြီးခဲ့ တဲ့ရက်က ပါးစပြုလာပြီ။ အဲဒီအတွက်အဝယ်ပြန်လိုက်လာတော့ စျေးနှုန်းလေးတွေပြန်တက်လာတာပါ။ ဒီအောက်တိုဘာလလအလယ်လောက်ကျ တဖြည်းဖြည်းနဲ့တော့စျေးကောင်းလာမှာပါ”

မြန်မာ့ဖရဲတစ်တန်ကို ယွမ်၁၅၀၀မှ ၂၃၀၀ယွမ်ထိစျေးနှုန်းရရှိလာပြီး ယွမ် ၅၀၀ မြှင့်တက်လာကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ဖရဲကိုတရုတ်ကို အဓိကထားတင်ပို့နေပြီး နောက်လအတွင်းမှာအခြားပြည်ပနိုင်ငံများကိုလည်း တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။