အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဈေးကွက်မျှော်ကိုး၍ ငရုတ်စိုက်သော်လည်း နည်းစနစ်မကျွမ်းကျင်၊ ဝယ်လက်မရှိပါက အရှုံးပေါ်နိုင်

ဈေးကွက်မျှော်ကိုး၍ ငရုတ်စိုက်သော်လည်း နည်းစနစ်မကျွမ်းကျင်၊ ဝယ်လက်မရှိပါက အရှုံးပေါ်နိုင်

    ငရုတ်သီးစျေးကွက်ကောင်းကို မျှော်ကိုး၍ စိုက်ပျိုးလာကြသော်လည်း ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် မရရှိခြင်း၊ စိုက်ပျိုးနည်းစနစ် မကျွမ်းကျင်ခြင်း၊ ဝယ်လက်များနှင့် မချိတ်ဆက်တတ်ခြင်း စသည့် အားနည်းချက်များကြောင့် အရှုံးပေါ်တတ်သည်ကို သတိပြုရန်လိုအပ်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ဆိုသည်။

ငရုတ်ပင်က ရွှေသီး၊ ငွေသီးတွေ သီးမှာမဟုတ်ပါဘူး။ ငရုတ်သီးပဲ သီးမှာပါ။ သီးတဲ့ငရုတ်သီးကလည်း ထောင်းစားလို့မကုန်ပါဘူး။ ဝယ်မယ့်ဝယ်လက်ရှိမှ စိုက်ပါ။ ကျွန်တော်တို့နယ်ဘက်မှာက စိုက်ပျိုးကြ၊ ရောင်းဝယ်ကြနဲ့ စျေးကွက်ကရှိပြီးသားပါ။ အခင်းထဲ ငရုတ်ကောက်တုန်း ပွဲစားက လာဝယ်နေပြီ။ ငရုတ်အစိုဆို မနက်ပိုင်းကောက် ညနေရောင်း၊ စျေးကလည်း အခြောက်ထက်ပိုကိုက်ပါတယ်။ တစ်ခါတလေ ပွဲစားနှစ်ဦးသုံးဦးလုဝယ်ရင် ပေါက်စျေးထက်တောင် ပိုရသေးတာ။ ပွဲစားမရောင်းချင်ရင် ပွဲရုံတွေပို့ပေါ့။ ဒီလိုမျိုး ဈေးကွက်သေချာရင်တော့ စိုက်ပျိုးသင့်တာပေါ့ ခင်ဗျာ။

ဟု မန္တလေးတိုင်းဒေသကြီး၊ ကျောက််ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာမှ ငရုတ်သီးစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူ ကိုမြင့်ထွန်းဦးက ပြောသည်။

    ငရုတ်သီးသည် ပြည်တွင်းစားသုံးမှုသာမကဘဲ ပြည်ပဈေးကွက်ရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ ပြည်တွင်းရှိ ကုန်သည်ပွဲစားများ၊ ပွဲရုံများသို့ ရောင်းချနိုင်သည့်အပြင်၊ ဈေးကွက်လမ်းပွင့်သည့် အချိန်အခါများက တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ ငရုတ်သီးအစိမ်း/အမှည့်အစို/ငရုတ်ခြောက် (၃)မျိုးလုံး တင်ပို့ရောင်းချကြောင်း သိရသည်။ 

ပြောရရင် ဝယ်လက်ပေါတယ်။ ဒါ့ကြောင့် အများစုစိုက်ကြတာ။ ငရုတ်အစိုမဝယ်ရင်လည်း ငရုတ်ခြောက်အနေနဲ့ ရောင်းနေရတာပဲ။ အဓိကက ကိုယ်စိုက်ပျိုးမယ့်သီးနှံနဲ့ ကိုယ့်ဒေသ ရေမြေရာသီဥတု၊ စျေးကွက်အခြေအနေတွေကို သေချာလေ့လာပြီးမှစိုက်ပါ။ နောက်တစ်ခုက နည်းစနစ်ပိုင်း ကျွမ်းကျင်မှုမရှိရင်လည်း မစိုက်ပါနဲ့။ အရှုံးပေါ်တတ်ပါတယ်။

ဟု ကိုမြင့်ထွန်းဦးက ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် ငရုတ်သီးစိုက်ပျိုးရေးကို ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး (မြစ်သား၊ ကျောက်ဆည်၊ မန္တလေး)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့် ဒေသများ၌ အဓိကစိုက်ပျိုးထုတ်လုပ်နေသည်။

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။