ပြည်တွင်းပြည်ပ ပြောင်းဆံဈေးများ မြင့်တက်လာ
ပြည်တွင်းပြောင်းဆံဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာပြီး ရန်ကုန်အရောက် ဂိုဒေါင်အရောက်ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံး ၁,၈၅၀ ကျပ်အထိ ရှိလာကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။
လက်ရှိတွင် ပြည်ပပြောင်းဈေးနှုန်း မြင့်တက်လာသည့်အပြင် ဝယ်လိုအားလည်း ကောင်းမွန်နေခြင်းကြောင့် ပြည်တွင်းပြောင်းဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
"ပြောင်းက ဒီရက်ပိုင်း အဝယ်လိုက်နေပါတယ်။ FOB ဈေးတွေလည်း တက်လာတော့ ပြည်တွင်းဈေးက လိုက်တက်လာတဲ့ သဘောပါပဲ" ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်တွင် ပြောင်းဆံတစ်ပိဿာလျှင် ၁,၈၃၀ ကျပ်မှ ၁,၈၅၀ ကျပ်အထိ ဈေးပေါက်နေပြီး FOB ဈေးမှာလည်း ပြောင်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၇၀ မှ ၂၈၀ အတွင်း ရှိလာသည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက်က ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပြောင်းဆံတစ်ပိဿာလျှင် ၁,၇၈၀ ကျပ်မှ ၁,၈၀၀ ကျပ်သာ ရှိခဲ့ပြီး FOB ဈေးမှာလည်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၆၅ မှ ၂၇၅ အတွင်းသာ ရှိခဲ့ခြင်းဖြစ်သည်။
ဧပြီ ၂၄ ရက်က ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပြောင်းဆံတစ်ပိဿာလျှင် ၁,၆၈၀ ကျပ်မှ ၁,၇၀၀ ကျပ်သာ ရှိခဲ့ပြီး FOB ဈေးမှာလည်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၆၀ မှ ၂၇၀ အတွင်းသာ ရှိခဲ့သည်။ ထို့ကြောင့် ဧပြီလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သည့် ပြောင်းဆံဈေးကွက်နှင့် မေလပထမပတ် ဈေးတန်းကို နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၅၀ ကျပ်ခန့် မြင့်တက်လာပြီး FOB ဈေးမှာလည်း တစ်တန်လျှင် ၁၀ ဒေါ်လာခန့် မြင့်တက်လာကြောင်း သိရသည်။

"ပြောင်းဈေး တက်လာပေမဲ့ တောင်သူအများစုလက်ထဲမှာ ပြောင်းလက်ကျန် သိပ်မရှိတော့ပါဘူး။ အခုကာလ ကုန်ကျစရိတ်တွေနဲ့ဆိုရင် အခုဖြစ်နေတဲ့ဈေးက တကယ်တမ်း တက်တယ်လို့ ပြောလို့မရပါဘူး" ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
ပြောင်းဆံကို ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် အခြားဒေသအချို့တွင် စိုက်ပျိုးကြခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြောင်းအထွက်နှုန်း လျော့ကျခဲ့ခြင်းကြောင့် တောင်သူလက်ထဲတွင် ပြောင်းလက်ကျန် ပမာဏနည်းသွားပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ပြောင်းစိုက်ပျိုးမှု ကုန်ကျစရိတ်များ မြင့်တက်လာသည့်အတွက် ပြောင်းဆံတစ်ပိဿာလျှင် ၂,၀၀၀ ကျပ်ခန့် ရရှိမှသာ တွက်ခြေကိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ ပြောင်းဆံတင်ပို့မှုကို ရေကြောင်းမှတစ်ဆင့် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နေသကဲ့သို့ တာချီလိတ်နယ်စပ်မှတစ်ဆင့်လည်း တင်ပို့မှုများ ရှိနေကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
ပြောင်းဈေးကွက်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026