ရွှေဘိုပေါ်ဆန်းဆန် ဈေးအနည်းငယ်မြင့်တက်သော်လည်း အခြားပေါ်ဆန်းဆန်သစ်များက ဈေးကျလာ
မြန်မာနိုင်ငံသားများ ကြိုက်နှစ်သက်သည့် ဆန်ချောအမျိုးအစားဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်က ဈေးအနည်းငယ်မြင့်တက်သော်လည်း အခြားပေါ်ဆန်းအမျိုးအစား ဆန်သစ်များက ဈေးကျလာသည်။
နို၀င်ဘာလနောက်ဆုံး ရက်သတ္တပတ် ရန်ကုန်ဆန်စပါးကုန်စည်ဒိုင်တွင် အမျိုးအစားအလိုက် ရွှေဘိုပေါ်ဆန်းလက္ကားဈေး တစ်အိတ်လျှင် အနည်းဆုံး ကျပ် ၁၈၀,၀၀၀ မှ ၁၉၀,၀၀၀ အကြား မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ဈေးသတ်မှတ်သည်။
ဒီဇင်ဘာလဆန်းတွင် အမျိုးအစားအလိုက် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၈၅,၀၀၀မှ ၁၉၅,၀၀၀ သို့ဈေးမြင့်သွားသည်။ ရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်းက တစ်အိတ်လျှင် ကျပ်၅,၀၀၀ဈေးမြင့်တက် သည်။
"ရွှေဘိုက ဆန်သစ်ပေါ်ဖို့လိုသေးတာရယ် သယ်ယူစရိတ်တွေများတာရယ်ကြောင့် ဈေးနည်းနည်းပြောင်းသွားတာပါ"ဟု ဆန်ကုန်သည်တစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ရွှေဘိုပေါ်ဆန်းကို စစ်ကိုင်းတိုင်းရှိမြို့နယ် ၇ မြို့နယ်တွင် အဓိကစိုက်ပျိုးထုတ်လုပ်ပြီး မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချနေသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းက ဈေးအမြင့်ဆုံးဖြစ်ပြီး ပြည်တွင်းစားသုံးသူများ၏ အနှစ်သက်မှုအမြင့်ဆုံး ဆန်အမျိုးအစားဖြစ်သည်။
ထို့အပြင် ရန်ကုန်ဈေးကွက်တွင် ရောင်းချနေသည့် ဧရာ၀တီပေါ်ဆန်း ဆန်ဟောင်းများက ဈေးငြိမ်နေပြီး ဆန်သစ်များက ဈေးအနည်းငယ်လျော့ကျလာသည်။
ရန်ကုန်ဆန်ကုန်စည်ဒိုင် လက္ကားဈေးကွက်တွင်ဧရာ၀တီပေါ်ဆန်းအမျိုးအစားဖြစ်သည့် ကြားပျံနယ်စုံ(အဟောင်း) ကတစ်အိတ်လျှင် ကျပ်၁၄၀,၀၀၀ မှ ၁၅၀,၀၀၀၊ ဖျာပုံ (ကြားပျံ) တစ်အိတ်လျှင် ကျပ်၁၄၅,၀၀၀ မှ ၁၆၂,၀၀၀ ဈေးသတ်မှတ်သည်။
ပေါ်ဆန်းဆန်ဟောင်းများဈေးငြိမ်နေသော်လည်း ပေါ်ဆန်းဆန်အသစ်များဖြစ်သည့် နယ်စုံပေါ်ဆန်းကတစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀ မှ ၁၂၀,၀၀၀ ဈေးသတ် မှတ်ရာမှ ကျပ် ၁၀၃,၀၀၀ မှ ၁၁၃,၀၀၀သို့ဈေးကျပြီး၊ ကြားပျံနယ်စုံအသစ်က ကျပ် ၁၂၂,၀၀၀မှ ၁၂၅,၀၀၀ ဈေးသတ်မှတ်ရာမှ ကျပ် ၁၂၀,၀၀၀မှ ၁၂၅,၀၀၀သို့ဈေးလျော့ချသတ်မှတ်သည်။
ဆန်ကြမ်းအမျိုးအစားတွင် ခွံနီ(ရှယ်) တစ်မျိုးမှအပ ကျန်ဆန်များက ဈေးငြိမ်နေသည်။ ဆန်ကြမ်း ခွံနီ (ရှယ်)ကတစ်အိတ်လျှင် ကျပ် ၈၀,၀၀၀မှ ၉၅,၀၀၀ ဈေးသတ်မှတ်ရာမှ ၈၅,၀၀၀မှ ၉၅,၀၀၀သို့ဈေးပြောင်းလဲသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
စပါးဈေးကွက် အချိတ်အဆက်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026