ကြက်သွန်ဖြူဈေး ၁၁၀၀၀ ပေါက်လို့ ဈေးကွက်ထဲဝယ်လိုအားနည်း (သီးနှံဈေးကွက်သုံးသပ်ချက်)
ပဲစဥ်းငုံနီ
စံချိန်တင် မြင့်တက်လာခဲ့တဲ့ ပဲစင်းငုံနီက ဈေးပြန်ကျဆင်းလာပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာပါ ဈေးကျဆင်းနေတာဖြစ်လို့ ပဲခွဲစက် ဝယ်ယူမှု နည်းတယ်လို့ သိရပါတယ်။ လက်ရှိဈေးကွက်အတွင်းမှာတော့ အေးတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာလည်း အထွက်နှုန်းလျော့ကျမှုကြောင့် ပဲဈေးက အတက်ဈေးနဲ့ ရှိနိုင်သေးကြောင်း ခန့်မှန်းမှုတွေရှိပါတယ်။
အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီတစ်တန်ကို ရူပီး ၁၁၄၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၁၀၀ ရူပီး ဈေးကျဆင်းပါတယ်။
ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၆၄၀၀၀၀ ကျပ်၊ တနင်္လာနေ့ မှာတော့ တစ်တန်ကို ၄၅၉၀၀၀၀၊ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၆၂၅၀၀၀၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို ၄၅၈၅၀၀၀ ကျပ်ရှိပြီး ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၄၅၃၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၁၁၀၀၀၀ ကျပ်ဈေး ကျဆင်းသွားတာဖြစ်ပါတယ်။
ကုလားပဲ
ပြီးခဲ့တဲ့အပတ်က အနည်းငယ်ပြန်မြင့်လာတဲ့ ကုလားပဲက ပွဲတော်ရက်အပြီး အဝယ်အေးသွားလို့ ဈေးတွေလည်း ပြန်ကျဆင်းလာပါတယ်။လက်ရှိမှာတော့ ပုံမှန် ဝယ်လက်လောက်သာရှိပြီး အရောင်းအဝယ်အေးတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၁၆၅ မှ ၄၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်၊ ကုလားပဲလုံးဖြူကြီး ကတစ်ပိဿာကို ၄၄၁၅ မှ ၄၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ် ဈေးပြန်ကျဆင်းပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၆၅၀ မှ ၆၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းပါတယ်။
မန္တလေးဈေးကွက်မှာတော့ကုလားပဲလုံး v2 က တစ်အိတ်ကို ၂၅၃၀၀၀ မှ ၂၅၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ ကုလားပဲ 929 က တစ်အိတ်ကို ၂၄၃၀၀၀ မှ ၂၄၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၃၄၀၀၀ မှ ၂၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ် အသီးသီးဈေးပြန်ကျဆင်းပါတယ်။
စားတော်ပဲ
စားတော်ပဲ က ဒီတစ်ပတ်မှာ ဈေးအနည်းငယ် ပြန်မြင့်တက်လာပါတယ်။ ပြည်တွင်းပဲအဝင်ကတော့ပုံမှန်ရှိနေပြီး ပြည်ပအဝင် အနည်းငယ် နည်းတဲ့အတွက် ပြည်ပ ကနေဒါ စားတော်ပဲ ဈေးမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ စားတော်ပဲ အစားထိုး ဝယ်ယူစားသုံးတာတွေရှိနေတာတွေကြောင့် အရောင်းအဝယ်ကတော့ အေးတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ စားတော်ပဲ တစ်ပိဿာကို ၄၅၀၀ မှ ၅၈၃၅ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်ပိဿာကို ၁၆၅ ကျပ်ဈေး တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ စားတော်ပဲ (ကနေဒါ/ကျွန်း)တို့က တစ်အိတ်ကို ၂၅၀၀၀၀ မှ ၃၅၀၀၀၀ က ကြား ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၀၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ဈေးကွက်ထဲ ပုံမှန် အဝင်ရှိနေပေမယ့် ဝယ်လိုအားနည်းလို့ ဈေးကျဆင်း သွားတယ်လို့ သိရပါတယ်။
လက်လီ ဈေးကွက်အတွင်းမှာလည်း ပုံမှန် ၂ ၀ကျပ် သားဝယ်ယူသူက ၁၀ ကျပ်သားလောက်သာ ပြောင်းလဲ ဝယ်ယူနေတာတွေကြောင့် အရောင်းအဝယ် မကောင်းဘူးလို့ ကုန်စုံဆိုင်တွေ ကနေ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၅၀၀ မှ ၁၁၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၉၈၀၀ မှ ၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ကျော်ကျော်
လွန်ခဲ့သော ၂ နှစ် ကစျေးကျတယ်လိုတာပြောတာ ကျနော် ဝယ်တာ ၁ပိသာ ၁၂၀၀၀ပေးရတယ်
Kotunyin
လွန်ခဲ့သော ၂ နှစ် ကကုလားပဲ
ဦးကျော်ကျော်မြင့်
လွန်ခဲ့သော ၂ နှစ် ကဘွ
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026