တစ်ပတ်စာဈေးကွက်သုံးသပ်ချက်
မတ်ပဲ
မတ်ပဲက အခုတစ်ပတ်မှာ စျေးပြန်ကျလာတာတွေ့ရပါတယ်။တနင်္လာ နေ့ နဲ့ အင်္ဂါနေ့ မှာ တက်စျေးငြိမ်ပြီး ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့ အတွင်းမှာ ၆၀၀၀၀ လောက် ကျသွားတာဖြစ်ပါတယ်။ FOB စျေးထပ်တက်လာပေမယ့် ပြည်တွင်း မတ်ပဲစျေးက ကျဆင်းသွားတာပါ။ဝယ်လိုအားနည်းတဲ့အတွက်စျေးကျတာလို့သိရပါတယ်။ FOB စျေးက အမေရိကန်ဒေါ်လာ ၇၃၀ မှ ၇၄၀ အထိရှိလာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့ မှာ ၂၉၅၉၀၀၀ ၊ အင်္ဂါနေ့မှာ ၂၉၄၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၂၇၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၉၂၂၀၀၀၊ သောကြာနေ့မှာ ၂၉၁၈၀၀၀ ရှိပါတယ်။
အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၄၃၀၀၀ မှ ၂၉၇၅၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ တစ်တန်ကို ၆၀၀၀၀ ကျပ်လောက်စျေးကျလာတာဖြစ်ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ယခုတစ်ပတ်မှာလည်း စျေးဆက်တိုက်ထပ်ကျပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀ လောက် စျေးကျလာတာဖြစ်ပါတယ်။ FOB စျေးမကျဘဲ ပြည်တွင်းပဲစဥ်းငုံစျေးကွက်ပြုတ်ကျလာနေတာဖြစ်ပါတယ်။
ပြည်ပအဝယ်နည်းတဲ့အခြေအနေ၊ ပဲခွဲစက်အဝယ်နည်းတာကြောင့် စျေးကွက်ကျနေတာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၄၉၈၀၀၀၊ အင်္ဂါေန့ မှာ ၂၄၄၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၄၅၂၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၄၅၁၀၀၀ ၊ သောကြာနေ့မှာ ၂၄၄၀၀၀၀ စျေးသာရှိပါတယ်။
အရင်တစ်ပတ်တုန်းက တနင်္လာနေ့ကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၅၀၀၀၀၀ မှ ၂၅၂၅၀၀၀ ကျပ်ရှိခဲ့ ပါတယ်။ ဒါကြောင့် တစ်တန်ကို ၆၀၀၀၀ လောက်ထပ်ကျလာပါတယ်။

ပဲပုတ်
အခုတစ်ပတ်မှာတော့ ပဲပုတ် (ရှမ်း )က စျေးကျရိပ်ပြပြီး ပဲပုတ်(ဗမာ)က စျေးငြိမ်နေပါတယ်။
ပဲပုတ် (ဗမာ) မိုးပဲအသစ်မဝင်သေးပေမယ့်လည်း အဝေးတင်ပို့ရမှုနည်းပြီး လက်ကျန်ပဲများခြင်း၊ လုပ်ငန်းသမားသာပုံမှန်ဝယ်ယူမှု ရှိခြင်းကြောင့် စျေးငြိမ်နေပါတယ်။ ပဲပုတ်(ရှမ်း)ကတော့ မိုးပဲအသစ်မဝင်ပေမယ့်လည်း ဆီစက်သမားသာအဝယ်အေးတာကြောင့် စျေးကျသွားပါတယ်။
မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုတ် ဗမာက ၃၇၀၀၀၀ ကျပ်ရှိပြီး ပဲပုတ် ( ရှမ်း) က ၂၆၀၀၀၀ ကျပ်နဲ့ အရင်အပတ်ကထက် ၁၀၀၀၀ မှ ၁၇၀၀၀ ကျပ်ကျသွားပါတယ်။
ကုလားပဲ
ပြည်တွင်းစားသုံးမှု အများဆုံး ပဲဖြစ်တဲ့ ကုလားပဲကတော့ အခုတစ်ပတ်မှာ စျေးပြန်ကျသွား ပါတယ်။ ကုလားပဲက ပြည်ပတင်ပို့မှု နည်းပြီး ပြည်တွင်းအဓိကစားသုံးတဲ့ ပဲမျိုးဖြစ်လို့ စားသုံးမှုနည်းပြီး ပဲခွဲစက်တွေအဝယ်အေးပါက စျေးကျဆင်းတတ်ပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်းဝင် တစ်အိတ်ကို ၂၅၀၀၀၀ မှ ၂၅၂၀၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ်ကျကာ ၊ ကုလားပဲ (V7) က ၂၃၆၀၀၀ မှ ၂၃၇၀၀၀ ကျပ်ရှိပြီး ၁၀၀၀၀ ကျပ်ကျပါတယ်။ ကုလားပဲ (929) က ၂၄၃၀၀၀ ကျပ်ရှိလို့ ၁၀၀၀ ကျပ်ကျ ပြီး ကုလားပဲထိုင်ဝမ်က ၂၃၀၀၀၀ မှ ၂၃၅၀၀၀ ကျပ်ရှိလို့ ၅၀၀၀ မှ ၈၀၀၀ ကျပ်အတွင်းစျေးကျ ပါတယ်။
ပြောင်း
ပြောင်းဆံကတော့ အခုတစ်ပတ်မှာ စျေးထပ်မကျတော့ဘဲ အရင်အပတ်မှာဖြစ်ပေါ်ခဲ့တဲ့အကျစျေးတန်းမှာပဲ ရပ်နေပါတယ်။ ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြောင်းစျေးကွက် အတက်ဘက်ရောက်ဖို့ ခက်ခဲတယ်လို့သိရပါတယ်။လက်ရှိမှာစျေးကျနေပေမယ့် ပြောင်းဆံကို ပြည်တွင်းအစာစပ်စက်ရုံတွေနဲ့ ကုန်သည်တွေကတော့ ပြောင်းဆံအခြောက်အသန့်တွေကိုပုံမှန်ဝယ်ယူမှုရှိနေပါတယ်။
မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း) ကတော့ ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ်ရှိ ပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းတစ်ပိဿာကို ၁၅၆၀ ကျပ်မှ ၁၅၈၀ ကျပ်စျေးရှိပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
နိုင်ငံတကာသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026