အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မွန်ပြည်နယ် သထုံမြို့ရှိ ကျွဲကောစိုက်တောင်သူများမှာ ရာသီဥတုဆိုးရွားမှုကြောင့် ကျွဲကောသီးများ အပျက်စီးများသဖြင့်အခက်အခဲနှင့်ကြုံတွေ့နေရ

Green Way
Green Way • Greenovator • 27/09/2018

မွန်ပြည်နယ်၊ သထုံမြို့ရှိ ကျွဲကောစိုက်တောင်သူများမှာ မွန်ပြည်နယ်၊ သထုံမြို့ရှိ ကျွဲကောစိုက်တောင်သူများမှာ ၂၀၁၈ ခုနှစ် မိုးရာသီတွင် ရာသီဥတုဆိုးရွားမှုကြောင့် ကျွဲကောသီးများ အပျက်စီးများသဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သထုံမြို့ရှိ ကျွဲကောစိုက် တောင်သူ များထံမှ သိရှိရသည်။
မိုးသက်လေပြင်းများကြောင့် အသီးကင်းများကြွေခြင်း၊ အမြစ်ပုတ်ပြီးအပင်သေခြင်းများရှိလာသဖြင့် ယခုနှစ် ကျွဲ ကောရာသီတွင် တောင်သူများအကျိုးအမြတ်ရရှိမှု နည်းပါးနိုင်ကြောင်း နောင်ဘိုကျေးရွာမှ ကျွဲကောစိုက်တောင် သူ ဦးညွှန့်မောင်က ပြောသည်။
“ဒီနှစ်စောစောပိုင်းက အသီးတော်တော်သီးတယ်။ ဒီမိုးတွင်း ရာသီဥတုကဖောက်တော့ ကြွေကုန်ရော။ မနှစ်က ထက်တစ်ဝက်လောက်လျော့သွားတယ်။ နောက်ပြီးမြေသြဇာစားတဲ့အမြစ်တွေကလည်း မသန်တော့ဘူး။ အမြစ် ပုတ်တဲ့ပုံစံဖြစ်လာပြီး အကိုင်းတွေလည်း ခြောက်တာတွေဖြစ်လာတယ်။ အပင်တောင်သေတယ်။ အစောပိုင်း တုန်းကအသီးများတော့ မှန်းထားတာတော်တော်အဆင်ပြေမယ်ပေါ့။ အခုတော့ ကြွေကုန်တာနဲ့တင် ကုန်ကျစ ရိတ်ပြန်ရဖို့ကို မနည်းပြန်လုပ်ယူရမယ်။ ဒီနှစ်အကျိုးအမြတ်ရဖို့ကမလွယ်ဘူး။ ကျွဲကောစိုက်လာတဲ့သက်တမ်း တစ်လျှောက်အဆိုးဆုံးပဲ။”ဟု ဦးညွှန့်မောင်ကပြောသည်။
ကျွဲကောသီးအပျက်စီးများသဖြင့် တောင်သူများအနေဖြင့် စျေးကောင်းရန်မျှော်လင့်နေရပြီး ကျွဲကောသီးစျေး ကောင်းရမှာသာ ဆုံးရှုံးမှုများအတွက် ပြန်လည်ကုစားနိုင်မည်ဖြစ်ကြောင်း ကျွဲကောစိုက်တောင်သူတို့က ဆိုသည်။
သထုံမြို့နယ်ရှိ ကျွဲကောခြံများတွင် ရာသီဥတုကောင်းမွန်ပြီး မြေသြဇာနှင ့်ရေနိုင်ပါက ကျွဲကောပင်တစ်ပင်လျှင် အသီး ၅၀ မှ ၇၀ ဝန်းကျင်အထိထွက်ပြီး ကျွဲကောသီးတစ်လုံးလျှင် အကြီး ၁၅၀၀ ကျပ်၊ အလတ် ၁၀၀၀ ကျပ်၊ အသေး ၅၀၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။
“ဒီနှစ်က မြတ်ဖို့နေနေသာသာ မရှုံးရင်ကံကောင်းပဲ။ မြေသြဇာဖိုး၊ လူငှားခ၊ အခြားအထွေထွေကုန်ကျစရိတ်တွေ ရှိတယ်။ အသီးကင်းစထွက်ကာစက တစ်ပင်မှာ ၇၀၊ ၈၀ လောက်သီးတာတွေ့တယ်။ မိုးလည်းကောင်းကောင်းမိ သွားတာနဲ့ တစ်ဝက်တောင်မကျန်ချင်တော့ဘူး။ တောင်သူတွေကတော့ တစ်နှစ်မှာ တစ်ခုမဟုတ်တစ်ခု အဖျက် နဲ့ကြုံနေရတာပဲ။”ဟု သထုံမြို့မှ ကျွဲကောစိုက်တောင်သူ ဦးထွန်းစိန်က ပြောသည်။
သထုံဒေသထွက်ကျွဲကောသီးများသည် တစ်နှစ်လျှင်နှစ်သီးထွက်ရှိပြီး မိုးကာလဖြစ်သည့် ဝါခေါင်လများတွင် အသီးစတင်ခူးဆွတ်ရောင်းချရကာ ရာသီဥတုမှန်ကန်ပါက မိုးကာလအသီးအထွက်နှုန်းသည် နွေဘက်တွင် အထွက်နှုန်းများပြီး စျေးကောင်းရကြောင်း သိရသည်။
သထုံမြို့နယ်တွင် ကျွဲကောစိုက်တောင်သူ ၁၀၀ ဝန်းကျင်ရှိပြီး ဒေသထွက်ကျွဲကောသီးများကို ဒေသတွင်းစား သုံးမှုအပြင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချရ ကြောင်း သိရသည်။

ရတနာပုံသတင်းစာမှရသည်။

ရတနာပုံသတင်းစာမှ

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။