ယခုနှစ်မိုးစပါးရာသီတွင် မြေခံဓာတ်မြေသြဇာများ ရောင်းအားကျဆင်းနေရခြင်း အကြောင်းရင်း
စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာများ ရောင်းအားကျဆင်းနေကြောင်းကို စိုက်ပျိုးရေးဆေးကုမ္ပဏီ အရောင်းဝန်ထမ်းများထံမှ သိရသည်။
ရောင်းအားအဓိကကျဆင်းတာက မြေဆီအရောင်း target ကျတာ။ မြေဆီအရောင်း target ဆိုတာက စပါးမစိုက်ခင် မြေခံအနေနဲ့ထည့်တဲ့ ဓာတ်မြေသြဇာတွေ၊ စိုက်ပြီးအာဟာရအနေနဲ့ကျွေးတဲ့ဓာတ်မြေသြဇာတွေရဲ့ တစ်ရာသီအတွင်း မျှော်မှန်းထားတဲ့ရောင်းအားကိုပြောတာ။ ဆေးကတော့ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊ ရောဂါသတ်ဆေးတွေပေါ့။ ဆေးအရောင်း target ကတော့ အရင်နှစ်တွေနီးပါးပါပဲ။ ပုံမှန်ထက် နည်းနည်းပဲအရောင်းကျတာ။ ဒါပေမယ့် အကိုတို့ မြေဆီအရောင်း target ကျတော့ အရင်နှစ်တွေထက်ကို ၄၀ ရာခိုင်နှုန်းလောက်ထိ သိသိသာသာ ကျသွားတာ။ အကိုတို့တင်မဟုတ်ဘူး တခြားစိုက်ပျိုးရေးဆေးကုမ္ပဏီတွေရောပဲ။ မြေဆီအရောင်း target အတော်လေးကျ ဆင်းသွားကြတာ။
ဟု စိုက်ပျိုးရေးသုံးဆေး၊ ဓာတ်မြေသြဇာကုမ္ပဏီတစ်ခုမှ ပဲခူးတိုင်းအရှေ့ပိုင်း၊ ရေတာရှည်မြို့နယ်ကွင်းကို တာဝန်ယူရသော ဧရိယာမန်နေဂျာတစ်ဦးမှ ပြောကြားသည်။
မြေဆီအရောင်း target ကျဆင်းလာရခြင်းမှာ တောင်သူများ အခြောက်ကြဲစနစ်ဖြင့် မိုးစပါးလုပ်ကိုင်ခဲ့ရ၍ အများစုမွာ မြေခံများ ထည့်သွင်းမသုံးတော့ခြင်းကြောင့် ဖြစ်ပါတယ်။ မိုးကိုမှီခိုလုပ်ကိုင်ရသော ယခုနှစ်မိုးစပါးရာသီတွင် မိုးဦးခေါင်ခြင်းကြောင့် တောင်သူများ အခြောက်ကြဲစနစ်ဖြင့်သာ လုပ်ကိုင်ခဲ့ရသည်။
ဒါ့ကြောင့် ဓာတ်မြေသြဇာများ ရောင်းအားကျဆင်းလာရခြင်း အကြောင်းရင်းကို ၎င်းဒေသမှတောင်သူတစ်ဦးအား မေးမြန်းကြည့်ခဲ့ပါတယ်။
မိုးစပါးမှာ မိုးဦးကခေါင်လိုက်တော့ ဦးလေးတို့တောင်သူအတော်များများ အခြောက်ကြဲလိုက်ရတယ်။ အခြောက်ကြဲဆိုတော့ ထယ်ထိုးထွန်မွှေလုပ်ပြီး စပါးအခြောက်ကိုကြဲလိုက်ပြီး ပြန်ဖုံးထားလိုက်တာ။ မြေခံမထည့်တော့ဘူး။ နောက် မိုးရွာလို့ စပါးပင်ပေါက်လာမှ အပေါ်ကပဲ ဓာတ်မြေသြဇာကျွေးကြတာကို။ ဒါပေမယ့် နောက်မိုးကလည်းရွာလာပေမယ့် ရေမတင်ဘူးလေ (ရေအလုံအလောက် မရရှိခြင်း)။ မြေသြဇာကျွေးဖို့ ရေမတင်တော့ ကျွေးလိုက်တဲ့မြေသြဇာ ဆုံးရှုံးမှာကြောက်တာနဲ့ ဦးဆို အခုထိ အခြေအနေကြည့်နေရတုန်း။ စပါးပင်က မြေသြဇာလိုနေပြီ ဒါပေမယ့် မိုးရေလေးများထပ်ရဦးမလားဆိုပြီး စောင့်နေတာ။ အဲ့တော့ ဦးလိုပဲ အခြားတောင်သူတွေလည်း မြေသြဇာဖိုးကို မရင်းရဲကြဘူး။ ကျွေးဖြစ်ရင်တောင် အရင်နှစ်တွေလောက် မသုံးတော့ဘူး။ ဒီနှစ်က စပါးအထွက်မသေချာတော့ဘူးလေ။
ဟု တောင်သူ ဦးကျော်စွာဝင်းမှ ပြောသည်။
ယခုနောက်ပိုင်းနှစ်များတွင် စပါးစိုက်တောင်သူများ ရာသီဥတုဖောက်ပြန်မှုများ၊ ပိုးမွှားအန္တရာယ်များ၊ ဈေးကွက်ပျက်ခြင်းများကြောင့် အမြတ်နည်းလာ၍ တချို့ဆုံးရှုံးမှုများလာကြသည်။ ဒါ့ကြောင့် စိုက်ပျိုးစရိတ်နှင့် သွင်းအားစုကုန်ကျစရိတ်များ မကာမိတော့ပဲ တဖြည်းဖြည်းကြွေးမြည်များတင်လာကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မန်းမြင့်ဝင်း
လွန်ခဲ့သော ၆ နှစ် ကပိုတွေများတယ်ဒီနစ်နီလမ်းပေးကြညပါအုံး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from သိင်္ဂီလှိုင်
အားလုံး
သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
29/10/2021
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020