အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြင်သစ်နိုင်ငံ စိုက်ပျိုးရေး တက္ကသိုလ်မှ နောက်ဆုံးပေါ်နည်းပညာများ ပို့ချပေးမည်

ပြင်သစ်နိုင်ငံ စိုက်ပျိုးရေး တက္ကသိုလ်မှ နောက်ဆုံးပေါ်နည်းပညာများ ပို့ချပေးမည်

Green Way
Green Way • Greenovator • 18/05/2015

နေပြည်တော် မေ ၁၇၊

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ပြင်သစ်နိုင်ငံ မောင့်ပယ်လီယာမြို့ရှိ (Montpellier) စိုက်ပျိုးရေး တက္ကသိုလ် (Sup Agro University) နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မေ ၁၄ ရက်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

“အခုလို လက်မှတ် ရေးထိုးတဲ့ အတွက် စိုက်ပျိုးရေးတက္ကသိုလ်က ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူ အချင်းချင်း စိုက်ပျိုးရေး နည်းပညာတွေ ဖလှယ်နိုင်မယ်။ သုတေသန လုပ်ငန်းတွေမှာ နည်းပညာတွေ အချင်းချင်း ဖလှယ်ကြမယ်။ ပြင်သစ်နိုင်ငံ စိုက်ပျိုးရေး တက္ကသိုလ်က ဆရာတွေက ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ကို လာရောက်ပြီး သင်တန်းတွေ လာရောက် ပို့ချပေးမယ်။ ဒီက ဆရာဆရာမများနဲ့ ကျောင်းသားကျောင်းသူတွေ ကလည်း ပြင်သစ်နိုင်ငံမှ စိုက်ပျိုးရေး နည်းပညာတွေကို သင်ယူခွင့်ရနိုင်မှာ ဖြစ်တဲ့အတွက် အလွန်ကို ကောင်းမွန်တဲ့ လုပ်ငန်းဖြစ်ပါတယ်” ဟု ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးကြွယ်က ပြောသည်။

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ပြင်သစ်နိုင်ငံတို့သည် ပထမဆုံးအကြိမ် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ခြင်းဖြစ်ကြောင်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် သည် သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဂျာမနီ၊ အမေရိကန် စသည့် နိုင်ငံများနှင့် လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ ယခုအချိန်ထိ နိုင်ငံတကာနှင့် စိုက်ပျိုးရေးနှင့် ပတ်သတ်၍ လက်မှတ်ရေးထိုးနိုင်ခဲ့သည်မှာ ၁၆ ခု ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်း - ဇူလိုင်မိုး (မြန်မာ့အလင်း)

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။