အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မတ်ပဲဈေးနှုန်းပြန်တက်လာ

မတ်ပဲဈေးနှုန်းပြန်တက်လာ

Green Way
Green Way • Greenovator • 13/06/2019

ယခုရက်ပိုင်းအတွင်း မတ်ပဲဈေးနှုန်းများမှာ အနည်းငယ်ပြန်တက်လာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ဝယ်လိုအား ပြန်လိုက်လာတဲ့အတွက် မတ်ပဲဈေးနှုန်းများ အနည်းငယ်ပြန်တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ  အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

“ ဒီရက်ပိုင်းအတွင်းမှာ ရောင်းလိုအားထက် ဝယ်လိုအားကတက်လာတော့ ပဲဈေးနှုန်းက အနည်းငယ် ပြန်တက်လာတယ်။ အရင်ရက်ပိုင်းက ပဲဈေးနှုန်းတွေက မပြောင်းလဲဘူး တည်ငြိမ်နေတယ်။ အခုဒီရက်မှာမှ နည်းနည်းလေး ပြန်တက်လာတယ်’

မတ်ပဲဈေးနှုန်းများမှာ ယခင်တစ်ပတ်က တစ်တန်ကို ၈၅၀၀၀၀ ကျပ်ရှိရာမှ ၈၆၀၀၀၀ ကျပ် တက်လာကြောင်း အဆိုပါအသင်းမှသိရပါတယ်။ 

မြန်မာ့ပဲများကို အိန္ဒိယနိုင်ငံကို အဓိကထားတင်ပို့နေပြီး ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကိုလည်း တင်ပို့နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။