အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပင်မျိုးသစ်အမည်စာရင်းများ ထွက်ရှိလာ

အပင်မျိုးသစ်အမည်စာရင်းများ ထွက်ရှိလာ

Green Way
Green Way • Greenovator • 09/08/2019

အပင်မျိုးသစ် ကာကွယ်ခွင့်လျှောက်ထားလာတဲ့ အပင်မျိုးသစ်များ ထွက်ရှိလာပြီး ကြေငြာချက် ထုတ်ပြန်ထားကြောင်း စိုက်ပျိူးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

အပင်မျိုးမွေးမြူသူများရဲ့ ခွင့်ပြုချက်မရှိဘဲ မသုံးမိစေရန်အတွက် မျိုးသစ်များရဲ့ကြေငြာချက်ကို ထုတ်ပြန်တာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးက ပြောပါတယ်။

“အပင်မျိူးသစ် အကာအကွယ်ပေးရေးဥပဒေမှ ာမျိူးအသစ်ကိုကာကွယ်ပေးပြီး မျိုးထုတ်လုပ်ထားတဲ့ မျိုးမွေးမြူသူကလွဲလို့ ခွင့်ပြုချက်မရဘဲမသုံးရအောင် ကြေငြာချက် ထုတ်ပြန်ပေးထားတယ်။ ဖော်ပြတဲ့မျိုးတွေကို မှတ်ပုံတင်ပေးပါလို့ လျှောက်ထားတာပါ။ အဲဒီမျိုးသစ်တွေကို ခွင့်ပြုချက်ရရှိရင်တော့ မှတ်ပုံတင်ပြီး ကာကွယ်ပေးထားတာပါ”

အပင်မျိုးသစ်များမှာ မတ်ပဲရေဆင်း- ၇ ၊ ထောပတ်သီး(တစ်မိုးအောက်ဘေဘီ ၊ KG 207 ၊ အမ္မရာ) ၊ စပါးသီးနှံ (DEYOU-8 ၊ DEYOU-12 ၊ DEYOU-16 ၊ ပြောင်းသီးနှံ ( JG 404 ၊ 505 ၊ 808၊ 909၊ 1111 ၊ 1212 ၊ 1313 ၊ NAMGANG တို့ဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါမျိုးသစ်များကို ကြေညာပြီး ရက်ပေါင်း(၃၀)အတွင်း တစ်စုံတစ်ရာကန့်ကွက်လိုပါက အပင်မျိုးသစ် အကာအ ကွယ်ပေးရေးဌာနစု ၊ စီမံခန့်ခွဲရေးနှင့် ငွေစာရင်းဌာနခွဲ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆက်သွယ်အကြောင်းကြားနိုင်ပြီး ဖုန်းနံပါတ် ၀၆၇- ၃၄၁၆၅၀၈ ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။